ဆူလောင် ပူအိုက်
အမှိုက်သရိုက်
လေပွေတိုက်
ဥသြ အူ
တံလျှပ်ထူ
ရွက်ဝါရာသီ နေရာယူ
.............
လွမ်းတာ.... နွေ...။
ဘဝကို အရိုင်းပန်းပွင့်လေးလို ဖြတ်သန်းကြည့်စေလို။ လွတ်လပ်စွာ လှပစွာ ရိုးစင်းစွာ ... 'နေ့ ရက်တခုချင်းစီတိုင်း ပျော်ရွှင်စွာ'
Sunday, April 25, 2010
Sunday, April 11, 2010
April Angel
ဧပရယ် နတ်သမီးရယ်
ဒီရာသီရောက်တိုင်း
ငါတို့ ကို ဘယ်လိုများ ညှို့ ယူဖမ်းစားသလဲ။
အဝါရောင် အဆင် နင့် ချပ်ဝတ်တန်ဆာမှာ
ခရမ်းရောင် ပျဉ်းမ ဝတ်မှုံတွေလဲ ရောထွေးပါရဲ့။
အနီရောင် စိန်ပန်းပွင့်လွှာတွေလဲ ရောထွေးပါရဲ့။
ပြာလွင်နုနု ကောင်းကင် နဲ့  တိမ်ဖြူမျှင်
ဟိုသည် တစ ရောယှက်။
နင့်ရဲ့ သံစဉ်ကြိုးတစ်လျှောက်
ငါတို့ အားလုံး မြူးကြွ ကခုန်
နင်ဖြန်းတဲ့ရေစင် မှာ ငါတို့ နှလုံးသားတွေ စွတ်စို အေးမြ
မေတ္တာတရားတွေ ပိုပြီးရှင်သန် ပြန့် ဝေစေ
ချစ်ခင်ငြိမ်းချမ်းစေ
နွေးထွေး လင်းလက်စေ
နှစ်သစ် အတာရေ။
ဒီရာသီရောက်တိုင်း
ငါတို့ ကို ဘယ်လိုများ ညှို့ ယူဖမ်းစားသလဲ။
အဝါရောင် အဆင် နင့် ချပ်ဝတ်တန်ဆာမှာ
ခရမ်းရောင် ပျဉ်းမ ဝတ်မှုံတွေလဲ ရောထွေးပါရဲ့။
အနီရောင် စိန်ပန်းပွင့်လွှာတွေလဲ ရောထွေးပါရဲ့။
ပြာလွင်နုနု ကောင်းကင် နဲ့  တိမ်ဖြူမျှင်
ဟိုသည် တစ ရောယှက်။
နင့်ရဲ့ သံစဉ်ကြိုးတစ်လျှောက်
ငါတို့ အားလုံး မြူးကြွ ကခုန်
နင်ဖြန်းတဲ့ရေစင် မှာ ငါတို့ နှလုံးသားတွေ စွတ်စို အေးမြ
မေတ္တာတရားတွေ ပိုပြီးရှင်သန် ပြန့် ဝေစေ
ချစ်ခင်ငြိမ်းချမ်းစေ
နွေးထွေး လင်းလက်စေ
နှစ်သစ် အတာရေ။
Subscribe to:
Comments (Atom)