ဝေးရမှာသိတယ်
တနေ့ နေ့ အတူဆုံရယောင်
တလှည့်စီ လှည့်စားကြရင်း
ပုံပြင်လှလှလေးတွေ သီတတ်ကြ....
အိပ်မက်က ခမ်းနားသလောက်
လက်တွေ့ ကခြားနားဆဲ
ကြယ်ကလေးတွေ နေရာအနှံ့ 
ပြန့် ကျဲလင်းလက်
ငါ့ရင်ထဲက ကြယ်ကလေးနင်
ကမ္ဘာကုန်သရွေ့ ထွန်းလက်လိမ့်မယ်
ငါ့ကောင်းကင်ထက်က မီးအိမ်ငယ်
မငြိမ်းပါစေနဲ့ ဦး...
ဒီအလင်းဖျော့ဖျော့လေးကပဲ
ငါ့ကိုယ်ငါလဲ ထွန်းလင်းစေရဲ့
ငါ့လမ်းငါလဲ မြင်စေရဲ့
အနွေးဓါတ်နဲ့ လဲ ငါ့အသက်ဆက်စေရဲ့
ဒီလိုပဲ
အဝေးကြီးဝေးရင်း
ထပ်ဝေးရမှာသိလဲ......