Sunday, March 23, 2014

ကန့် လန့် ကာအကျမှာ ငိုခြင်း ရယ်ခြင်းတွေရပ်
နောက်စာတမျက်နှာအတွက် ပြင်ကြ ဆင်ကြရ။

တသသလွမ်းနေမယ်လို့ တော့ဖြင့် မသေချာ
ကြုံဆုံတဲ့အခါတော့ မှတ်မှတ်ရရ ရှိပေလိမ့်
ချစ်ခဲ့တာ တခမ်းတနား ရှိခဲ့ပေငြားကွယ်။

စကားလုံးတွေအစား
အပြုံးတွေပဲ ဖူးပွင့်စေဘို့  သင်ကြားခဲ့ခြင်းမှာ
အရော်အစားတွေ ဘယ်လောက်များသလဲ
နှလုံးသားချင်းတူသူသာ သိလေမည်။