Sunday, May 2, 2010

GTI PYAY

အရှေ့ ဘက်ကမ်းခြေတနေရာ
အနီးအဝေးဆီက
နှလုံးသားတွေပေါင်းစုံ
ဘဝမှတ်တိုင်တွေရဲ့
မြစ်ဖျားခံရာ နေရာ အမှတ်တရ အဖြစ်
တချို့ ကလဲ စိတ်လက်ကိုယ်ဆုံ
တချို့ ကလဲ စိတ်သာစေ ကိုယ်မလာဖြစ်
ဘယ်လို အကြောင်းရင်းမျိုး
ဆုံဆည်း မဆုံဆည်းသည်ဖြစ်စေ
ဒီနေရာမှနေ
ပျော်ရွှင်မှုကိုတော့ မျှဝေခံစားနိုင်မှာပါ။
ဒီနေ့  ငါတို့  တူညီတဲ့ နှလုံးသားတစ်စုံစီ
တူညီဝတ်စုံကိုယ်စီ
တူညီအပြုံးကိုယ်စီ
ချစ်ခင်လှိုက်လှဲမှုကိုယ်စီနဲ့ 
လွန်မြောက်ခဲ့ပြီးတဲ့ ကျောင်းတော်စီသို့ 
တခဏတော့ ပြန်ရောက်ခဲ့ကြသည်
ခရီးတွေ ဝေးကွာ
သင်ရိုးတွေ လိုက်လျောညီ ကိုယ်စီ ပြောင်းလဲခဲ့ပေမဲ့
ငါတို့ ရင်ထဲမှာ"သင်" အမြဲရှိပါသည်
GTI PYAY

1 comment:

အဖြူရောင်နတ်သမီး said...

“ငါတို့ရင်ထဲမှာ သင် အမြဲရှိပါသည်”...တဲ့...

-----------------------------------------------
ကျောင်းတော်ကြီးအမှတ်တရ ကဗျာလေးလာခံစားသွားတယ်သူငယ်ချင်းရေ...