အသက်တွေကြီးလာတာ သဘောကျတယ်
မျက်ဝန်းအောက်က
အနားရစ်တချို့ ကို
နှစ်အတော်ကြာအောင် ဖျောက်ထားနိုင်မှာ သေချာပေမဲ့
ထည်ဝါတည်ငြိမ်တဲ့အကြည့်မျိုး
ငယ်စဉ်မှာ မရယူနိုင်ဘူးလေ
ဒီလိုပဲ
အိနြေ္ဒရတဲ့အပြုံး
ရင့်ကျက်တဲ့စိတ်ဓါတ်
ငြင်သာတဲ့ရွေ့ လျားမှု
အလှည့်အငဲ့တချက်စီတိုင်းတောင်
ပြည့်စုံတောက်ပလို့ 
တခါတရံလဲ ကျောက်စိုင်/သားလို အေးစက်မာကြော
တခါတရံလဲ စိန်ကောင်းတပွင့်လို တဖြတ်ချင်းလက်
တခါတရံလဲ ပျော့ပြောင်းယိမ်းနွဲ့ တဲ့ တိမ်ဆိုင်လို
အသိဥာဏ်နဲ့  ချစ်ခြင်းမေတ္တာရောယှက်
တခုခြင်းဖြတ်ခဲ့တဲ့ မိုင်တိုင်တွေရဲ့ သင်ကြားမှု
အသက်တွေကြီးလာတာ သဘောကျတယ်......။
3 comments:
သူငယ်ချင်း ဝင်းမင်းကတော့ လုပ်ပြီ...
အသက်ကြီးလာတာကိုပဲ သဘောကျသတဲ့...
နတ်သမီးကတော့ ဒီအသက်အရွယ်ကနေ ရှေ့မဆက်ပဲ ရပ်နေစေချင်တာပါပဲ..
အလှပျက်မှာစိုးလို့..း)
35 ကျော်လာရင်တော့ အသက်ကို ရပ်ပစ်ချင်တော့တာပါပဲ ရိုးမအရိုင်းပန်းရေ...။
စကားပြေလေးတွေလဲ လုပ်ပါဗျို့ ..
Post a Comment