Monday, October 25, 2010
ကြိုး
နင်နဲ့ ငါ ရင်မှာ တစစီချည်မိတဲ့ကြိုး
မေတ္တာ အကြင်နာ ပျော်ရွှင်မှု မျှဝေမှု ကြေကွဲမှု လွန်းပေါင်း1500 စာတင်တဲ့ကြိုး
အဲဒီကြိုးရဲ့ခိုင်မြဲရာအတိုင်း
နင်ဆွဲခေါ်ရာ ငါနောက်ကပါတတ်သလို
ငါလဲကျတဲ့အခါ နင်ပါလဲကျတတ်
ဒုက္ခခြောက်စွန်းတဘက် ကျတဲ့အခါ
အဲဒီကြိုးနဲ့ ပဲ တပြန်တလှည့်စီ ဆွဲတင်ပေးခဲ့
ငါတို့ ချည်ထားရာ ကြိုးတစ်လျှောက်
ရယ်မောသံ ချွေး သွေး နဲ့ 
ဘဝရဲ့ ရဿစုံ ဟီးလေးခို ကပ်ငြိရင်း..
သံသရာဆက်ဆက်သာ
ဒီကြိုးထုံးကို မဖြည်
နင်နဲ့ သာ ခရီးဆုံးထိ
အတူလျှောက်ချင်....
2 comments:
မိုးယံ said...
လျှောက်သာလျှောက် ရဲရဲလျှောက် လမ်းတော့မမှားစေနဲ့
မှားလဲ ပြန်လှည့် အမှန်ပြန်လျှောက်ပေါ့။ ဟုတ်တယ်ဟုတ်
ငြိမ်းချမ်းပါစေ
အဖြူရောင်နတ်သမီး said...
မပြည်သော ကြိုးလေးနဲ့ သက်ဆုံးတိုင် ဘဝလမ်းကို လျှောပ်လှမ်းနိုင်ပါစေ သူငယ်ချင်းရေ...