Tuesday, February 8, 2011

မပီဝိုးဝါးအလွမ်း

သတိရနေမှာ မသေချာလဲ ကွယ်ရာတစ်ထောင့်က
လွမ်းနေမယ်
နင့်အပြုံးနဲ့ 
ဖူးပွင့်ခဲ့မနက်ခင်းတွေ
နေရောင်အောက်မှာ
တောက်ပခဲ့ဘူးတာ
အလွမ်းလက်ဆောင် တစ်ခု
နင်ရယ်မောသံနဲ့ 
သက်ဝင်ခဲ့တဲ့
ငါ့အိပ်မက်တွေ
အခုတော့ အိပ်ပျက်ညရှည်
အသွင်ပြောင်းပြီ
ငါတဆောင်းဝင်ရာမှာ
နင်တနွေပြောင်း
နင်နေထွက်ရာမှာ
ငါနေဝင်
ဖြတ်ခနဲတွေ့
ရိပ်ကနဲ ဆုံဆည်း
ဆုံမှတ်စီ ပျံသန်းခဲ့ကြတဲ့
ငါတို့ မျက်နှာချင်းဆိုင် အစက်ကလေးတစ်စုံ
အခုတော့
ပို၍ ပို၍ဝေးရာ....

PS: ဘယ်သူနဲ့ ဝေးမှန်းလဲ မသိ.. ဘာကို လွမ်းတာလဲ မသေချာတာနဲ့ 

No comments: