Wednesday, June 15, 2011

Game

လူထူထပ်ရာ ရပ်ရင်း
ငါတစ်ယောက်ထဲ အထီးကျန်မိခဲ့
အချစ် တခုရဘို့  ဘာနဲ့ ဘယ်လို ချိန်ဆက်
ဝယ်ရမလဲ။
လူတွေက အစမ်းသပ်မခံနိုင်ကြတာလဲ ခက်တယ်။
ချစ်တယ်ဆိုတဲ့သူတွေ
အတ္တပိုကြီးတတ်ကြတယ်။
ငွေ နဲ့  ရမ္မက်
မေတ္တာတရားထက် အထားပိုခံတယ်။
အပြုံးစစ်စစ်လို မျက်နှာဖုံးတွေကလဲ
တခါသုံး ပစ္စည်းတွေလို ဖောဖောသီသီ။

ရယ်သံတွေမှာ ပဲ့တင်ထပ်နေတဲ့ အက်သံ
မိုးရေစက်တို့ အောက်က မျက်ရည်
ဟန်မဆောင်နိုင်တဲ့ ငါ့အတွက်
အကာအကွယ် တခုတော့လိုမယ်...
သြော် ဒီမှာ
ငါယူလာခဲ့တာ အစစ်အမှန်
နင်နာကြင်ထိခိုက်မိမှာစိုးတာနဲ့ 
ငါပြန်သိမ်းထားခဲ့တယ်....
တခါတရံ အမှန်စစ်စစ်တွေက
ခါးသီးရက်စက်တတ်တယ်....

အချစ်ဟာ ကစားပွဲသာဆိုရင်
နှစ်ဘက်လုံးရှုံး
နှစ်ဘက်လုံးနိုင်တတ်တဲ့ပွဲ....

ငါတို့ မအောင်မြင်ခဲ့တာတော့ သေချာတယ်။

No comments: