Saturday, October 22, 2011

စောင့်နေခဲ့တယ်
မနေ့ စီက လာခဲ့ရာလမ်းအတိုင်း
တညနေတောင် စောင်းပြန်ပေါ့
မျက်ရည်တစ မျက်လွှာချလို့ 
တနေ့  အိမ်ပြန်နောက်ကျခဲ့ပြန်သည်။
အလွတ်ရနေတဲ့
နင့် တယ်လီဖုန်း နံပါတ်ကို ငါမခေါ်တော့
ချစ်တယ်ဆိုတဲ့ စာတိုလေးတွေ ငါမပို့ တော့
နင့်ကိုသတိတရ စာရှည်တွေ ....
နင့်အမည်လိပ်စာကို ငါ့အမြင်အာရုံနဲ့ ရှိုက်နမ်းရင်း
သက်ပြင်းတဝက်နဲ့  draft တတ်ပြီ
နင့်ခြေလှမ်းတွေ ထွေပြားမှာ စိုးရိမ်မိသည်........။
အဝေးက နင့်အနမ်း အသံ ဟန်ပန်
အလွမ်းတွေနဲ့ စနစ်တကျ ထုတ်ပိုးလို့ 
အသေအချာသိမ်းထားခဲ့ပြီ။
အထီးတကျန်လက်စ
ငါသာရှိပါစေတော့....။

1 comment:

စံပယ်ချို said...

ချစ်တတ်တဲ့သူတွေက ချစ်သူလာရာလမ်းကို
အမြဲစောင့်မျော်တတ်တယ်နော်