Sunday, November 27, 2011
ပြူတင်းတံခါး အစစ် နဲ့  အတု
ဒီနေ့  အလုပ်များတဲ့ ကြာသပတေးနေ့ ။ ဟုတ်တယ်။ အညိုရောင် ပြူတင်းတံခါး အပြင်ဘက်မှာ လင်းနေတဲ့ နေရောင်က စက်ရုံ အလုပ်ရုံနဲ့  လူနေအိမ် အမိုးတွေပေါ် အရိပ်တချို့ ကျပြီး လှနေတာ မှတ်မှတ်ရရ တွေ့ လိုက်မိရဲ့။ ပြင်ပ အမြင်လွှာတွေ ရုတ်ချိုး ခေါက်သိမ်းလိုက်.....
မနက်၉နာရီ အတိအကျမှာ ကျွန်မအလုပ်စားပွဲပေါ်က ၂၂ လက်မ အနက်ရောင် ပြူတင်းတံခါးက ပွင့်ကျလာတယ်။ ကျွန်မရဲ့ ခွေးခြောက်ကောင် အနက် အညိုရောင်လဲ့လဲ့ ကျွန်မ အသဲတုန် အူတုန်ရဆုံး တစ်ကောင်က နှစ်နှစ် ခြိုက်ခြိုက်အိပ်နေတယ်။ " အိပ်မက်လှလှ မက်နေလား အချစ်"။ သူ့ ကို အပြုံးနဲ့  နှုတ်ဆက်ရင်း စာတိုက်ပုံးကို ဖွင့်ကြည့်လိုက်တယ်။ အဝါရောင် စာတိုက်ပုံးက အလုပ်အတွက်။ ကိုယ်ပိုင်စာတိုက်ပုံးလေးကတော့ အခွံက အဖြူရောင် အတွင်းနံရံတွေက စိတ်ကြိုက် အစိမ်းရောင် စိုစို သုတ်ထားတယ်။ အလုပ်စာပုံးထဲမှာ စာတချို့ ။ ကမ္ဘာတခြမ်းက ကျွန်မတို့ ရဲ့ လုပ်ဘော်ကိုင်ဖတ်တချို့ ဆီက နဲ့  မနက် ၁နာရီ ၂နာရီထိ အလုပ်လုပ်ထားသော မန်နေဂျာ တချို့ စီက စာတွေ။ အရေးကြီးမယ်ထင်တဲ့ စာတွေကို သေသေချာချာဖတ်ရင်း ကျွန်မ ပြန်ရေးဘို့ လိုတဲ့ စာပြန်နဲ့  မနက်ခင်းလေးက တိတ်တဆိတ် သက်ဝင်နေပါတယ်။ ကျွန်မ ကိုယ်ပိုင် စာတိုက်ပုံးလေးထဲမှာတော့ သူငယ်ချင်းတွေဆီက ရယ်စရာ မောစရာ မှတ်စရာတွေ ဝေမျှထားတဲ့ စာတွေက ခပ်များများ။ သတိတရ ရှိမှုအတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ ရေ။ 
ကော်ဖီပူပူတခွက် အနားယူထားပြီး ကျွန်မရဲ့ တခြားအလုပ်တွေ မစ ခင် အမှိုက်ပုံးစီ အကြည့် ရောက်သွားတယ်။ အား... အမှိုက်သွန်ဦးမှ။ အမှိုက် မပစ်ခင် တကယ်စွန့် ပစ်သင့်ရဲ့လားလို့  နောက်တခေါက် အမှိုက်ပုံးထဲ ပြန်စစ်ပါတယ်။ အရင်တပါတ်က စာရင်း အဟောင်းတွေ။ စာတိုပေစ တဝက်တပျက်တွေ ။..... ပြီးတော့ ပြီးတော့ စိတ်နာနာနဲ့  ပစ်လိုက်မိတဲ့ သူ့ ဓါတ်ပုံ။ အမှိုက်ပုံးထဲက ပြန်ကောက်ပြီး သူ့ နေရာသူ ပြန်သိမ်းရမလား။ ဒါမှမဟုတ် စိတ်ပြေတဲ့ထိ စောင့်ဘို့  အမှိုက်ပုံးထဲမှာပဲထားရင်း ကိုယ့်ဘာသာ လှည့်စားရမလား။ အို.. ပစ်လိုက်တော့မယ်။ သံယောဇဉ်ကြိုး မရှည်မိစေနဲ့ ။ ထွက်သက်တဝက်ကို ခဏရပ်ထားရင်း ကဲ...ပစ်တယ်ကွာ။ ရှင်းသွားရော။ ဘာကြာလဲနော်။ ၁စက္ကန့် တောင် မရှိဘူး။ နောက်ထပ် ဘာရှင်းစရာ ရှိသေးလဲ။ ကျွန်မက အလုပ်မစ ခင် စီရီ ရှင်းလင်းနေမှ ကြိုက်တာမျိုးလေ။
ဒါနဲ့  ဒီတပါတ် ဘယ်သီချင်းက အပေါက်ဆုံးလဲ။ Google.... ကန့် လန့် ကာတချပ်ကို မ ရင်း ကြည့်လိုက်မိတယ်။ ဟုတ်ပြီ။ တဆက်တည်း You Tube ကနေ ယူလိုက်တယ်။ သိပ်မိုက်တာပဲ။
မနက် ၁၀ နာရီခွဲမှာ ရှိတဲ့ meeting တခုအတွက် ကြိုတင် သတိပေးမှုကို ခုန်ပေါက် ဆူညံလာပြီ။ ပြူတင်းတခါးကို လိုက်ကာအချမှာ နောက်ထပ် ခွေးပေါက်လေး တစ်ကောင်က မှုန်ကုပ်ကုပ် ကြည့်လို့ ။ သူ့ ခေါင်းပေါ်မှာတော့ ရေနွေးအိတ်တခု ကပ်ချည်ပေးထားတယ်။ သူက အမြဲခေါင်းကိုက်တတ်လို့ လေ ။  "ဘေဘီ နင်ခေါင်းကိုက်တော့မှာပေါ့။ ညက သောက်တာများသွားတယ်..ဟုတ်"။
အစည်းအဝေးပြီးတော့ နဲနဲ ငြီးစီစီဖြစ်နေတယ်။ စားပွဲစီ အပြေးလျှောက်လာရင်း တခုခုကို သတိရလိုက်တယ် ... ဝိုး ဝိုး...ငါ့ပန်းပင်လေးတွေတော့ သွားပြီထင်တယ်။ တစ်ယောက်ယောက်က ကိုက်ထားပုံရတဲ့ ပန်းသီးပုံစံ တံဆိပ်ပါတဲ့ ပြူတင်းတံခါးအဖြူကို ဖွင့်ရင်း ကြည့်လိုက် မိတယ်။ ငြိုးလုငြိုးခင် ပန်းခင်းကလေးကို ရေမြန်မြန်လောင်း။ မြေသြဇာ နဲနဲထပ်တည့်။ ကျွန်မက တော်သေးတယ်။ တခြားသူငယ်ချင်းတွေဆို အထည်ဆိုင်အပြင်းပြေ ဖွင့်တာနဲ့ ။ မြို့ တည်ဆောက်ရတာနဲ့ ။ စစ်တိုက်ရတာနဲ့ ။ ဟင်းချက်ပြီး စားသောက်ဆိုင်ဖွင့်ရတာနဲ့ ။ ရတနာတူးရတာနဲ့ ။ တခါတလေ မားဖီးယားတွေနဲ့  ဆက်သွယ်ပြီး သူခိုး ဓါးပြတောင် လုပ်ကြသေးတာ။ ကျွန်မမှာလဲ အရင်က မြို့ တမြို့ ။ စိုက်ခင်းတခင်း။ စားသောက်ဆိုင် နဲ့  ဖက်ရှင်ဆိုင် တစ်ဆိုင် ရှိခဲ့ဘူးပါရဲ့။ အခုတော့ အားလုံး စွန့် လွှတ်လိုက်ပြီ။ အေးအေး ဆေးဆေး ပန်းအိုးလေး သုံးလေး အိုးနဲ့  အပင်လေးတွေပဲ စိုက်နေတော့တယ်။ မိတ်ဆွေ သူငယ်ချင်းတွေ သတိတရရှိရင်လဲ ပန်းစည်းလေးတွေ ပို့ လို့ ရတာကိုး နော်။ 
တနေ့ တနေ့  ကျွန်မ သိပ်အလုပ်ရှုပ်တယ်။ ကိုယ်တခုထဲမှာ life ဘယ်နှခုများရှိနေသလဲ။ Virtual life နဲ့  Real life.. အရောရော အထွေးထွေး။ Virtual life မှာ မြောပါ နစ်ဝင်ရသလို Real life မှာလဲ လှုပ်လှုပ်ရှားရှား ။ ပြူတင်းတခါး အတုတခုကို ဖွင့်ရင် ကမ္ဘာကြီး လောကကြီးရဲ့ အဖြစ်သနစ် မှန်တာ မှားတာ အစစ် အတု ဟုတ်တာ မဟုတ်တာ အကုန်မြင်ရသလို။ တကဲ့ ပြူတင်းတခါးဖွင့်တဲ့အခါမှာလဲ ဝင်လာတဲ့ နေရောင် အလင်းရောင် အသန့် ရှင်း အလတ်ဆတ်ကြီး မဟုတ်တောင် စိတ်ကိုကြည်လင်စေတဲ့ လေသန့် ။ နေရောင်မှာ ဝဲလှည့်ပျံနေတဲ့ အမှုန်ငယ်လေးတွေ။ တခါတရံ သစ်ပင်စိမ်းစိမ်းနဲ့  လိပ်ပြာလေးတွေ ။ တခါတရံ ကလေးငိုသံ။ ကတောက်ကဆ အငြင်းပွါးသံ။ တူထုသံ... သဘာဝကျတဲ့ ပါတ်ဝန်းကျင် အသံတွေ...။ ပြူတင်းတံခါး အားလုံးဟာ နှစ်လိုစရာတွေချည်းပါပဲ။ 
ကျွန်မရဲ့ ပြူတင်းတံခါးအတုတဘက်မှာ ခွေးလေးခြောက်ကောင် ကြောင်ပေါက်ကလေး နဲ့  ငှက်ကလေးတွေ ရှိသလို တံခါး အစစ်တဘက်မှာလဲ မိသားစု မိတ်ဆွေ သူငယ်ချင်း နဲ့  ကျေနပ်နှစ်သက်စရာ ကောင်းတဲ့ အလုပ်တခု ရရှိထားနေပါတယ်။ ဒါပေမဲ့ အဲဒီတံခါးတွေ အကူးအပြောင်းဟာ စက္ကန့် ပိုင်းမျှသာ ကြာတတ်တာမျိုးပါ။
နေရာအတော်များများမှာလဲ virtual life နဲ့  real life ဟာ အရောရော အလိမ်လိမ်။ virtual ကနေ လူနေမှု ဘဝထဲဆင်းသွားတဲ့ ထုတ်ကုန်ပစ္စည်းတွေ လူ့ အသုံးအဆောင်တွေ နေအိမ်တိုက်တာတွေ။ တခါတလေတော့လဲ virtual life ကနေ real life ကို ခပ်ပါးပါး ပြန်လှီးတဲ့ အညာအဆင်လေးတွေကလဲ အနည်းဆုံးတော့ ပြုံးစရာ။ ကြော်ငြာလောကမှာ အများဆုံးတွေ့ နိုင်တဲ့ "သင် ဒီလို ပိန်သွယ်လှချင်ပါသလား ဒီဒိန်ချဉ်ကို သောက်ပါ " ဒါမှမဟုတ် " ဒီလိုလှပတဲ့ ပစ်မျိုးမှည့်မထင် အသားအရေကို ပိုင်ဆိုင်ချင်ရင် ဒီ cream ကိုသုံးပါ" ဆိုတဲ့ ကြော်ငြာဆိုင်းဘုတ်တွေမျိုးတွေ။ ရုပ်သံ ကြော်ငြာတွေ..။
သူငယ်ချင်းရော ... မင်းရဲ့ real life ထဲမှာ virtual image ရဲ့ ရိုက်ခတ်မှု ဘယ်လောက်များများ ရရှိဘူးပြီလဲ??
Wednesday, November 2, 2011
DSLR များအတွက် Lens သန့် ရှင်းနည်း အထောက်အကူ
အခုတလော သူငယ်ချင်းတွေမှာ DSLR တွေများလာတာ တွေ့ ရတယ်။ ကဒီဘီ ၊ အကိုကြီး ငါးကြော် စသည်ဖြင့်ပေါ့လေ။ အကိုကြီးများ သိပြီးသား ဖြစ်ကောင်းဖြစ်မယ်။အခုတလော ISO အတွက် work instruction တွေ ရေးရင်းက ကိုယ့်မိတ်ဆွေ အပေါင်းအသင်းများအတွက် အသုံးဝင်မယ် ထင်မိတာလေးစဉ်းစားမိရင်း  မသိသေးသော သူငယ်ချင်းများ လက်တည့်စမ်း lens man ဝါသနာအိုးများ အတွက် သိထား မှတ်ထားတာလေး ဝေမျှလိုက်ပါတယ်။ဒီ instruction များဟာ ကျွန်မတို့  အလုပ်ထဲက အချို့ သော optics များ  microscope lens များ camera zoom lens များကို သန့် ရှင်းရာမှာ အသုံးပြုပါတယ်။
Lens supplier တွေ သုံးလေ့သုံးထ ရှိတဲ့ cleaning solution တခုရှိပါတယ်။ methanol ထက် ပိုပြီး ခြောက်သွေ့ လွယ်တဲ့ solution ပါ။ ကိုယ်ဘာသာ စပ်လို့ ရပါတယ်။ Ether 70% + Denatured Alcohol 30% ကိုအချိုးအတိုင်း စပ်လိုက်ရင် ရပါပြီ။ Lens tissue ကတော့ camera အရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရပါတယ်။ Lens tissue မှာ အချောတဘက် အကြမ်းတဘက်ရှိပါတယ်။ fungus (မှို) ဆေးတာကလွဲလို့  အချော နုတဲ့ဘက်ကို သုံးတာများပါတယ်။
cleaning solution နဲ့  tissue မှာ စွတ်တဲ့အခါ ပုလင်းထဲ တည့်ပြီး ထိပြီး မစွတ်ရပါဘူး။ ပုလင်းကို နဲနဲ မြှင့်ထားရင်း tissue ပေါ် နဲနဲစီ လောင်းချပေးရင်း စွတ်စိုစေရပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်မတို့ လက်မှာ tissue မှာ အလွယ်တကူ မမြင်နိုင်တဲ့ ဖုန်တွေ အမှုန်တွေ ရှိနေတဲ့ အခါ solution ပုလင်းထဲ အမှုန်တွေ ရောက်နိုင်ပြီး ညစ်ပတ်သွားစေနိုင်ပါတယ်။ ဆေးရည်ကို အပေါ်မှ ကျစေခြင်းဖြင့် လက်မှ tissue မှ ဖုန် အမှုန် ဝင်ခြင်းမှ ကာကွယ်စေနိုင်ပါတယ်။
tissue နဲ့  မသုတ်ခင်မှာ blower လေးနဲ့  အမှုန်တွေ အရင် မှုတ်ထုတ်လိုက်ဘို့  မမေ့ပါနဲ့ ဦး။
ခင်မင်စွာနဲ့ 
grace
ဒါ့ပုံတွေကို တချို့  google မှရှာပြီး တချို့ ကိုယ်ဘာသာ ရိုက်သည်။... :)..
ကျောင်းဆိုဒ်မှာ ရေးမိတဲ့ စာတစ်ပုဒ်။