အခုတလော သူငယ်ချင်းတွေမှာ DSLR တွေများလာတာ တွေ့ ရတယ်။
ကဒီဘီ ၊ အကိုကြီး ငါးကြော် စသည်ဖြင့်ပေါ့လေ။ အကိုကြီးများ သိပြီးသား
ဖြစ်ကောင်းဖြစ်မယ်။အခုတလော ISO အတွက် work instruction တွေ ရေးရင်းက
ကိုယ့်မိတ်ဆွေ အပေါင်းအသင်းများအတွက် အသုံးဝင်မယ် ထင်မိတာလေးစဉ်းစားမိရင်း
မသိသေးသော သူငယ်ချင်းများ လက်တည့်စမ်း lens man ဝါသနာအိုးများ အတွက် သိထား
မှတ်ထားတာလေး ဝေမျှလိုက်ပါတယ်။ဒီ instruction များဟာ ကျွန်မတို့  အလုပ်ထဲက
အချို့ သော optics များ microscope lens များ camera zoom lens များကို
သန့် ရှင်းရာမှာ အသုံးပြုပါတယ်။
Lens supplier တွေ သုံးလေ့သုံးထ ရှိတဲ့ cleaning solution တခုရှိပါတယ်။ methanol ထက် ပိုပြီး ခြောက်သွေ့ လွယ်တဲ့ solution ပါ။ ကိုယ်ဘာသာ စပ်လို့ ရပါတယ်။ Ether 70% + Denatured Alcohol 30% ကိုအချိုးအတိုင်း စပ်လိုက်ရင် ရပါပြီ။ Lens tissue ကတော့ camera အရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရပါတယ်။ Lens tissue မှာ အချောတဘက် အကြမ်းတဘက်ရှိပါတယ်။ fungus (မှို) ဆေးတာကလွဲလို့  အချော နုတဲ့ဘက်ကို သုံးတာများပါတယ်။

cleaning solution နဲ့  tissue မှာ စွတ်တဲ့အခါ ပုလင်းထဲ တည့်ပြီး ထိပြီး မစွတ်ရပါဘူး။ ပုလင်းကို နဲနဲ မြှင့်ထားရင်း tissue ပေါ် နဲနဲစီ လောင်းချပေးရင်း စွတ်စိုစေရပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်မတို့ လက်မှာ tissue မှာ အလွယ်တကူ မမြင်နိုင်တဲ့ ဖုန်တွေ အမှုန်တွေ ရှိနေတဲ့ အခါ solution ပုလင်းထဲ အမှုန်တွေ ရောက်နိုင်ပြီး ညစ်ပတ်သွားစေနိုင်ပါတယ်။ ဆေးရည်ကို အပေါ်မှ ကျစေခြင်းဖြင့် လက်မှ tissue မှ ဖုန် အမှုန် ဝင်ခြင်းမှ ကာကွယ်စေနိုင်ပါတယ်။
tissue နဲ့  မသုတ်ခင်မှာ blower လေးနဲ့  အမှုန်တွေ အရင် မှုတ်ထုတ်လိုက်ဘို့  မမေ့ပါနဲ့ ဦး။
အဲဒီနောက်
lens ကို သန့် ရှင်းရေးလုပ်တဲ့အခါ tissue နဲ့  နာရီလက်တံအတိုင်း လှည့်ပြီး
သုတ်ချင်ရင်သုတ် ဒါမှမဟုတ် နာရီလက်တံ ပြောင်းပြန်လှည့်ပြီး
သုတ်ချင်လဲသုတ်။ အရေးကြီးတာက clockwise တခါ anticlockwise တခါ အပြန်ပြန်
အလှန်လှန် မသုတ်ဘို့ ပါ။ အကယ်၍သာ ဖုန်မှုန့် လေးတွေ သဲမှုန့် လေးတွေသာ tissue
မှာ ရှိနေမယ်ဆိုရင် အဲဒီလို ပွတ်တိုက်တာနဲ့  coating ကို
ပွတ်ဆွဲသလိုဖြစ်ပြီး အဖြစ်ရာ အစင်းရာတွေ ဖြစ်လာစေနိုင်ပါတယ်။ ကျွန်မတွေ
့ဘူးတဲ့ service သမားတွေကတော့ lens သန့် ရှင်းရေး လုပ်ရာမှာ ခရုပတ် ပုံစံ
သန့် ရှင်းပါတယ်။ lens tissue တွေကလဲ ဈေးကြီးပါတယ်။ tissue တရွက်ကို
နောက်ထပ် တဝက်စီလောက် ညှပ်ပြီး သုံးရင် အနေတော် အခေါက်ကလေးတွေ
ခေါက်နိုင်ပြီး သန့် ရှင်းရေး လုပ်ရာမှာလဲလွယ် အလေအလွင့်လဲ နည်းမှာပါ။
ဈေးကြီးတဲ့ camera lens တွေအတွက် preventive maintenance လေးတခုအဖြစ်
လက်ဆောင်လေးပါ။ အော် .. fungus တွေ ရှိနေခဲ့ရင် လောလောဆယ် ဘာ cleaning
solution မှ လဲ အနားမှာ အလွယ်မရှိရင် ဆပ်ပြာရည်နဲ့  လဲ ဆေးလို့ ရတယ်။
အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ camera ရွှံ့ တောထဲ ကျသွားတာတို့  ဘာတို့ ပေါ့။
XD ... နောက်ပြီး lens ကို အလွယ်တကူ လက်နဲ့ သုတ်ပြီး သန့် ရှင်း
တဲ့အကျင့်၊ ပါးစပ်နဲ့ မှုတ်ပြီး အမှုန်တွေ သန့် ရှင်းတဲ့ အကျင့်တို့ ကိုတော့
တင်းတင်းကျပ်ကျပ်ရှောင်ပါနော်။
ခင်မင်စွာနဲ့ 
grace
ဒါ့ပုံတွေကို တချို့  google မှရှာပြီး တချို့ ကိုယ်ဘာသာ ရိုက်သည်။... :)..
ကျောင်းဆိုဒ်မှာ ရေးမိတဲ့ စာတစ်ပုဒ်။
Lens supplier တွေ သုံးလေ့သုံးထ ရှိတဲ့ cleaning solution တခုရှိပါတယ်။ methanol ထက် ပိုပြီး ခြောက်သွေ့ လွယ်တဲ့ solution ပါ။ ကိုယ်ဘာသာ စပ်လို့ ရပါတယ်။ Ether 70% + Denatured Alcohol 30% ကိုအချိုးအတိုင်း စပ်လိုက်ရင် ရပါပြီ။ Lens tissue ကတော့ camera အရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရပါတယ်။ Lens tissue မှာ အချောတဘက် အကြမ်းတဘက်ရှိပါတယ်။ fungus (မှို) ဆေးတာကလွဲလို့  အချော နုတဲ့ဘက်ကို သုံးတာများပါတယ်။
cleaning solution နဲ့  tissue မှာ စွတ်တဲ့အခါ ပုလင်းထဲ တည့်ပြီး ထိပြီး မစွတ်ရပါဘူး။ ပုလင်းကို နဲနဲ မြှင့်ထားရင်း tissue ပေါ် နဲနဲစီ လောင်းချပေးရင်း စွတ်စိုစေရပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်မတို့ လက်မှာ tissue မှာ အလွယ်တကူ မမြင်နိုင်တဲ့ ဖုန်တွေ အမှုန်တွေ ရှိနေတဲ့ အခါ solution ပုလင်းထဲ အမှုန်တွေ ရောက်နိုင်ပြီး ညစ်ပတ်သွားစေနိုင်ပါတယ်။ ဆေးရည်ကို အပေါ်မှ ကျစေခြင်းဖြင့် လက်မှ tissue မှ ဖုန် အမှုန် ဝင်ခြင်းမှ ကာကွယ်စေနိုင်ပါတယ်။
ခင်မင်စွာနဲ့ 
grace
ဒါ့ပုံတွေကို တချို့  google မှရှာပြီး တချို့ ကိုယ်ဘာသာ ရိုက်သည်။... :)..
ကျောင်းဆိုဒ်မှာ ရေးမိတဲ့ စာတစ်ပုဒ်။
No comments:
Post a Comment