ဒီဇင်ဘာက တရာသီစာအတွက် အနားကွပ်လို့ 
ခရစ်စမတ် အထိအတွေ့ ကလေထုထဲမှာ အပြည့်
ဒီအီကွေတာ ဒေသလေးထဲထိ။
အခန်းတွင်း အပူချိန် ဆယ့်ကိုး - စီ (19 C)
အပြင်က မိုးရေချိန် သုံး-လေး လက်မနဲ့ 
ဝေ့ဝဲတဲ့ ဆောင်းရနံ့ အောက်
သက်တန့် ဖြာလိုက် နေသာလိုက်။
မေရှင်သီချင်းလေး ခပ်တိုးတိုးညည်းမိ
ကတိစကားလဲ မထားသာ
သူ သတိရနေမလားလဲ မသေချာ။
2 comments:
တစ်နှစ်စာ အနားကွပ်တဲ့ ဒီဇင်ဘာပေါ့နော်
ဒီဇင်ဘာနဲ့ပတ်သက်ရင်အားလုံးကိုကြိုက်တယ်
Post a Comment