Saturday, January 21, 2012

နွေ..လွမ်း

တဆောင်းပြောင်းဘို့ ရွယ်
ရော်ဝါရွက်တို့  ကြွေချိန်နီးပြီ။
အေးရှရှ အခန်းတွင်း
ရာသီဥတု အတုတစ်ခုအောက်က
ပူလောင်တောက်ပတဲ့နွေကို လွမ်းနေ။
ငယ်သူငယ်ချင်းမ နွေ့ ကိုလွမ်းနေ။
နှစ် ၂၀ ကျော်စီက
ခြောက်ခြားတိတ်ဆိတ်တဲ့
နွေအိပ်မက် တခုကို  မှတ်မိနေ။
အသဲခွဲခဲ့တဲ့
နွေကျောင်းပိတ်ရက်ရှည် တခုစီ
ဝေ့ဝဲနေ။
နွေနေ့ လည်ခင်းက
ပုစဉ်းရင်ကွဲအော်သံကို ကြားမိနေ။
နှစ်သစ်ကူး တေးသွားနဲ့ 
သိပ်လှတဲ့ နွေ။

ဒီတခါတော့ နင့်စီအရောက်ပြန်လာခဲ့ဦးမယ် ...နွေ။

1 comment:

Aye nyein nyein swe said...

ချစ်​စရာကဗျာ​လေး