ခန္တာကိုယ် အပူရှိန်က ရှိသင့်တာထက် ပိုမိုသာလွန်နေပြီး နှုတ်ခမ်းတွေ
ခြောက်ကွဲနေတယ်။ မျက်နှာကျက်ဟာ ပူစီဖောင်း အကြီးကြီး တခုလို လုံးဝန်းကာ
အလွန်တရာ နှေးကွေးစွာ သို့ သော် အဆမတန် လေးလံသော အရာမှန်း သိသာစေကာ သူမ
မျက်နှာဆီ နီးကပ် ပိကျ လာခဲ့တယ်..။ မျက်လုံးတွေ တအားမှိတ်လိုက်ပြီး
မျက်နှာချင်း မဆိုင်ရဲစွာ မျက်နှာကို တဘက်လှည့်လိုက်တယ်။ လေနွေးနွေးက
မျက်နှာဆီ တိုက်ခတ်လာတယ်။ သူမ ဆံပင်တွေ လွင့်မျောနေတာပါလား။
အခိုး အငွေ့ တွေ ကြားထဲ သူမ လမ်းလျှောက်နေတယ်..။ သူမ ဘေးမှာ
အမျိုးအမည်ပေါင်း များစွာသော့ အရာတွေက
စီးမြောလို့ ။ တစုံတခုကို အသာအယာ ဖမ်းဆုပ်လိုက်တော့ ဓါတ်ပုံ
မှန်ဘောင်လေးတခု.. ပြုံးပျော်နေတဲ့ မိသားစု တခုပုံ... ဒါ ဘာတွေလဲ...
သူမဘေးကို တိတ်ဆိတ်စွာ လာရပ်သူ တဦးက ဓါတ်ပုံလေးကို လှမ်းယူကာ ဖြေတယ်။ ဒါ ငါငယ်ငယ်က စိတ်ကူးခဲ့တဲ့ မျှော်လင့်ချက်တွေပေါ့။
ဒါပေမဲ့ ဘယ်တော့မှ လက်တွေ့ ဖြစ်မလာနိုင်တော့တဲ့ ကိစ္စတခုဆိုပါတော့။ အို... သူမ ဆွံ
့အစွာ အညှို့ ခံရသူလို ဆက်လက် စီးမျောနေပြန်တယ်။ အနိမ့်အမြင့်မရှိ။ တသမတ်တည်း။
ဖြေးငြင်းစွာ ဝေ့လည်လာတဲ့ lego အတုံးလေးတခုကို လှမ်းဖမ်းဆုပ် လိုက်တယ်။
လက်ဖဝါးတွေ ဖြန့် ကြည့်တော့ သစ်သား အိမ်ခေါင်မိုး အပိုင်းအစ လေးတခု။ ပြီးတော့
ဝေါကနဲ ပြိုကျ လွင့်စင် သွားတဲ့ အသံနဲ့  ငိုသံတချို့  ရယ်သံတချို့ ... သူမ
ပို နားစိုက်ထောင်လိုက်မိတော့... ဒါတွေဟာ သူမ ကိုယ်တိုင်ပါလား။
ညီမငယ်လေးရဲ့ တောက်ပ ကြည်စင်သော မျက်ဝန်းများနဲ့  စိတ်ရှည် သပ်ရပ်သော လက်ဝဝ
ကစ်ကစ်ကလေးတွေ။ lego တပိုင်းချင်းစီ ကောက်ယူပြီး မင်းသမီးလေး နေသော
ရဲတိုက် ဆောက်လိုက်... ဘဲကြီး နှစ်ကောင်အတွက် ရေကန်တွေ မြက်ခင်းတွေပါသော
အိမ်တလုံးဆောက်လိုက်နှင့်။ သူမ သည် ညီမငယ် တည်ဆောက်သော အရာဝတ္တုတိုင်းကို
စိတ်တိုင်းမကျခဲ့။ ထို model များကို သူမ လက်နှင့် ရှုပ်ဖွ ဖျက်စီးကာ
အိမ်တလုံး သူမ စိတ်တိုင်းကျ ထပ်ဆောက်ဘို့  ကြိုးစားခဲ့သည်ချည်း။ သူမ
လက်နှင့် ရှုပ်ဖွ နေစဉ်မှာပင် ညီမငယ်လေး၏ အံ့ဘနန်း စိတ်ကူးများကို
ကရုပြုတတ်မိပြီး ထိုကရုပြုမိသော အချိန်သည် စက္ကန့် အနည်းငယ်စာ နောက်ကျနေကာ
model ကို ဖျက်စီးပြစ်လိုက်ပြီးပြီပင်။ ညီမငယ်က သူ့  အိမ်ကလေး
ပျက်စီးသွားလို့  အော်ငိုတဲ့အခါ သူမ က အော်ဟစ်ငိုယိုနေသော ညီမငယ်၏
ချစ်စရာဟန်ပန်ကို ကြည့်ကာ အော်ဟစ် ရယ်မောမည်...။
တနေ့ မှာ ညီမငယ်က
သူတစ်ယောက်တည်း သတ်သတ် ကစားလို့ ရမည့် lego တဆက်စာ ဝယ်ပေးရန် သူမမှ တဆင့်
မိဘများကို တောင်းဆိုခဲ့တယ်။ မမ ဝယ်ပေးမယ်မှာပေါ့လို့  ခပ်ပေါ့ပေါ့ ကတိတခု ပေးလိုက်တော့ ဒါဆို
ကြိမ်ပြ ဟုဆိုကာ သူမလက်ထဲ ထည့်လာသည်က ခေါင်မိုး အပိုင်းအစ သစ်သား lego
တုံးလေး။ သူမက lego တုံးလေးကို လက်က ဆုပ်ကိုင်ရင်း
ဘယ်ဘက် နှလုံးသားနေရာမှာ ကြက်ခြေခတ်ပြတော့ ကျေနပ်သွားတဲ့ ညီမငယ် မျက်နှာ က
သူမ အသိထဲ တဖန် သစ်လွင် လတ်ဆတ်လာတယ်။ ဘဝတသက်တာလုံး သူမ၏ ညီမငယ်ကို
နားလည်ဘို့  မကြိုးစားခဲ့ စိတ်မရှည်ခဲ့တာ သူမ ပြန်တွေးရင်း... မကြောက်တတ်သော
သူမသည် ညီမငယ်၏ သူရဲကောင်း ဖြစ်သော်လည်း... သူမ ၏ မျက်ဝန်းအကြည့်တွင်
ညီမငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတတ်တာ... မျက်မှောင်ကြုံ့ 
နှုတ်ခမ်းတင်းတင်းစေ့ထားတတ်သော သူမရှေ့ တွင် အလွဲလွဲအချော်ချော်
စကားပြောတာ.. ဘာသာစကားခြင်း တူသော်လည်း အဓိပ္ပါယ် လွဲမှား နားလည်ခြင်းအတွက်
ဒေါသကြီးရတာ....
သက်ပြင်းတချက် ရှူထုတ်ရင်း သူမ ဘေးကို လှည့်ကြည့်တဲ့အခါ သူမလိုပဲ လူတချို့ ကို တွေ့ ရပါရဲ့။ လွင့်မျောနေတဲ့ အပိုင်းအဆတချို့ ဟာရော သူတို့ မှတ်ဥာဏ်တွေကို နှိုးဆွစေသလား နာကျင်စေသလား သူမ မခန့် မှန်းနိုင်ပါ၊
သူမ အိပ်ယာမှ တိတ်တိတ်ဆိတ်ဆိတ်ပဲ နိုးလာခဲ့တယ်... ပထမ ဆုံး သူမ လုပ်တဲ့ အလုပ်က စိတ်ဆိုး မာန်ဆိုး ပစ်ထားတာ ကြာပြီ ဖြစ်တဲ့ ညီမငယ် ဆီ ဖုန်းဆက်တာ...
"ဟဲလို မမ လား.."
" အေး ... new year လက်ဆောင်အနေနဲ့  နင့်ကို lego တဆက် ဝယ်ပေးမယ် ဆိုတာ ပြောမလို့ "
" သမီးက မမ မေ့နေပြီထင်တာ " ရီသံ စွက်နေတဲ့ ညီမငယ် အသံမှာ ပျော်ရွှင်မှုက စီးဝင်လို့  ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူမ အလုပ် စားပွဲပေါ်မှာ တယောက်ကို တယောက်လက်ဆွဲ နှုတ်ဆက်နေသော lego ရုပ်ကလေး နှစ်ခုရှိသည်။ တခုက ဓါတ်ငွေ့ ကာ ဝတ်စုံ ဝတ်ထားသော စစ်သားလေး ဖြစ်ပြီး နောက်တခု က ဂြိုဟ်သားလေး ဖြစ်သည်။ PORTL ဆိုတဲ့ စာလုံးလေးများရေးထားသည်။ တစုံတယောက်က ဒီအရုပ်ကလေးတွေမှာ ဘာလို့  PORTL ဆိုတာရေးထားတာလဲ လို့  မေးလာခဲ့ရင်ဖြင့်...
ဒီအရုပ်ကလေး နှစ်ခုဟာ communication ကို အခြေခံတယ်။ သူတို့ ဟာ အခြေခံချင်း လုံးလုံးမတူကြဘူး... တယောက်က ကာကွယ်လိုစိတ် အပြည့်ရှိပြီး တစ်ယောက်က စူးစမ်းတတ်တယ်။ သူတို့ ဟာ သဘာဝချင်းမတူကြ ယဉ်ကျေးမှုခြင်းလဲ တူချင်မှ တူမယ် တီထွင် ဆန်းသစ်ပုံခြင်းလဲ အလွန်တရာ ကွာခြားလိမ့်မယ်... သူတို့ နှစ်ယောက် လက်ချင်းထိပြီး နှုတ်ဆက်ဘို့  နှလုံးသားခြင်း တူညီဘို့ အတွက် P.O.R.T.L ဆိုတဲ့ အချက်က အရမ်းအရေးပါတယ်..
P .. Patience ( စိတ်ရှည်ဘို့ )
O .. Open Minded ( ကြည်လင် သန့် ရှင်းတဲ့ စိတ်တံခါးတွေ ဖွင့်ထားဘို့ )
R .. Respect ( အပြန်အလှန် လေးစားဘို့  ) ( သူတို့ စာ တစ်ယောက်ကို တစ်ယောက်က မသိမသာ ဦးညွှတ်နေတယ်... သင့်မှာ တစ်ယောက်ကို တစ်ယောက် လေးစားသမှု မရှိပဲ အထိုက် အလျှောက် ပျောင်းနွဲ့  တဲ့ ခံစားချက် (flexible) ဆိုတာ မဖြစ်ပဲ လက်ချင်းထိဘို့ ရာ မဖြစ်နိုင်ဘူး)
T.. Team work ( ပူးပေါင်းလုပ်ဆောင်ချင်စိတ် မရှိပဲလဲ လက်ဆွဲ နှုတ်ဆက်ခြင်းဟာ ရာနှုံးပြည့် မပြီးမြောက်ဘူး)
L.. Listen ( တပါးသူရဲ့ စိတ် နှလုံးကို နားမစွင့်ပဲ ကိုယ်အသံသာ ကိုယ်နားထောင်တဲ့ တကိုယ်ကောင်း စိတ်မျိုးနဲ့ လဲ communication ကို ပြည့်စုံစေမှာ မဟုတ်ဘူး)
စိတ်ရဲ့ ကြိုးဟာ ချိတ်ဆက် ရစ်ပတ်နေသလို မပြတ်တောက်စေဘို့  ဒီလို အခြေခံ ဥပဒေသလေးတွေကို လိုက်နာရမှာပါ... သူမ သူငယ်ချင်း ပြောဘူးသလိုပေါ့...
without communication, there is no relationship.
without respect, there is no love.
without trust, there is no reason to continue.

No comments:
Post a Comment