ဒီလိုနဲ့  တနေ့ နေ့ တော့ ကျွန်မ ရှင့်ကို မေ့ လိုက်မိဦးမယ်။
အရာရာ စိမ်းစိုလတ်ဆတ်ဆဲ ဒီတခဏ
ရှင် ကျွန်မ ကို ချစ်တဲ့အကြောင်း ထပ်ပြောပါ။
ကျွန်မ အကြိုက်ဆုံး ရှင့်အပြုံးကို ထပ်မြင်ပါရစေဦး။
လွတ်လပ်တဲ့ ခွင့်လွှတ်တဲ့ ကြည်လင်တဲ့ အပြုံးမျိုးလေ။
ဦးနှောက်က မေ့သွားပေမဲ့ နှလုံးသားက မမေ့နိုင်တဲ့ အပြုံးမျိုး။
တခါလောက် ကျွန်မကို ပွေ့ ဖက်ပါ။
နှလုံးသားက မမေ့နိုင်မဲ့ နွေးထွေးမှုမျိုး။
ဦးနှောက်က မေ့သွားခဲ့ရင်တောင် နှလုံးသားက မှတ်မိနားလည်နိုင်တဲ့ နီးကပ်မှုမျိုး။
.....................................................................................................
အရာရာ စိမ်းစိုလတ်ဆတ်ဆဲ ဒီတခဏ
ရှင် ကျွန်မ ကို ချစ်တဲ့အကြောင်း ထပ်ပြောပါ။
ကျွန်မ အကြိုက်ဆုံး ရှင့်အပြုံးကို ထပ်မြင်ပါရစေဦး။
လွတ်လပ်တဲ့ ခွင့်လွှတ်တဲ့ ကြည်လင်တဲ့ အပြုံးမျိုးလေ။
ဦးနှောက်က မေ့သွားပေမဲ့ နှလုံးသားက မမေ့နိုင်တဲ့ အပြုံးမျိုး။
တခါလောက် ကျွန်မကို ပွေ့ ဖက်ပါ။
နှလုံးသားက မမေ့နိုင်မဲ့ နွေးထွေးမှုမျိုး။
ဦးနှောက်က မေ့သွားခဲ့ရင်တောင် နှလုံးသားက မှတ်မိနားလည်နိုင်တဲ့ နီးကပ်မှုမျိုး။
.....................................................................................................
CT scan မှ ထွက်လာသည့် အဖြူ အနက် ကော်ပြားကို ကြည့်နေသည့် ဆရာဝန်ရဲ့ ဗလာ မျက်နှာ။ ပျော်ရွှင်မှု စိတ်မကောင်းမှု ဘာမှမရှိတဲ့ ဗလာမျက်နှာ။ ပြီးတော့ သောက်ရမဲ့ ဆေးများ။ ဆောင်ရန် ရှောင်ရန်များ။ သူမ စိတ်ရှုပ်ထွေးစွာ မေးပြီးသား မေးခွန်းတချို့  ထပ်ခါထပ်ခါမေးခဲ့သည်။
"ဆရာပြောတဲ့အတိုင်းဆို ဒီဆေးတွေက ကျွန်မ အာရုံကြော ရောင်တဲ့ရောဂါ သက်သာဘို့  ကျွန်မ မတွေးနိုင် အောင် သူတို့ လုပ်တော့မှာပေါ့နော် ဆရာ။"
ဆရာဝန်က ခေါင်းညိတ်ရင်း ထပ်ပြောသည်။
ဆရာဝန်က ခေါင်းညိတ်ရင်း ထပ်ပြောသည်။
"ဟုတ်တယ် ဒီဆေးသောက်နေစဉ် အတွင်း သူတို့ က မင်းကို ထိုင်းမှိုင်းစေမယ်။ သဘောက အရမ်းပင်ပန်း အလုပ်များ ဖိအားများနေတဲ့ မင်းရဲ့ အာရုံကြောတွေကို အနားပေးစေချင်လို့ ပါ။ တတ်နိုင်သလောက် ဘာမှ မတွေးပါနဲ့ ။ ဆေးရဲ့ အာနိသင်ကို ခုခံပြီး တွေးမယ် စဉ်းစားမယ် ဆိုရင် ဘာမှ သိပ်ထိရောက်မယ် မဟုတ်ဘူး။"
"ကျွန်မ အလုပ်နဲ့  အဆင်ပြေပါ့မလား ဆရာ။"
"ပြောရမှာ စိတ်မကောင်းပါဘူး မာယာ ။ ဒီအသက်မွေးဝမ်းကြောင်း ပညာက မင်းရောဂါနဲ့  မလိုက်ဖက်ပါဘူး။ တခြားပေါ့ပေါ့ပါးပါး အလုပ်မျိုးက ပိုအဆင်ပြေမှာပါ။ စိတ်ပင်ပန်းမှုပြေစေမဲ့ ပန်းချီဆွဲတာ... ဂစ်တာတီးတာမျိုး တယောထိုးတာမျိုးလို ဖြစ်ဖြစ် အနုပညာ တခုခုကို လုပ်တာလဲ စိတ်အာရုံကို တည်ငြိမ်လန်းဆန်းစေတယ်.. အဲဒါမျိုး လုပ်ဘို့ လဲ တိုက်တွန်းချင်တယ်.. "
ဆရာဝန် ဆက်ပြောတဲ့ နှစ်သိမ့်စကားတချို့ သည် သူမ နားသို့  ဝင်တလှည့် မဝင်တလှည့်။
နောက်တော့ သူမသည် မြူထူထူ ကြား လမ်းလျှောက်နေသူလို ငြိမ်ငြိမ်သက်သက် ။ တိတ်ဆိတ်သော ခန္တာ ဗလောင်ဆူစိတ်တို့ နှင့် လေးလံစွာ ဆေးရုံ ရုံးခန်းများရှေ့ မှ ဖြတ်ထွက်လာခဲ့သည်။
"ကျွန်မ အလုပ်နဲ့  အဆင်ပြေပါ့မလား ဆရာ။"
"ပြောရမှာ စိတ်မကောင်းပါဘူး မာယာ ။ ဒီအသက်မွေးဝမ်းကြောင်း ပညာက မင်းရောဂါနဲ့  မလိုက်ဖက်ပါဘူး။ တခြားပေါ့ပေါ့ပါးပါး အလုပ်မျိုးက ပိုအဆင်ပြေမှာပါ။ စိတ်ပင်ပန်းမှုပြေစေမဲ့ ပန်းချီဆွဲတာ... ဂစ်တာတီးတာမျိုး တယောထိုးတာမျိုးလို ဖြစ်ဖြစ် အနုပညာ တခုခုကို လုပ်တာလဲ စိတ်အာရုံကို တည်ငြိမ်လန်းဆန်းစေတယ်.. အဲဒါမျိုး လုပ်ဘို့ လဲ တိုက်တွန်းချင်တယ်.. "
ဆရာဝန် ဆက်ပြောတဲ့ နှစ်သိမ့်စကားတချို့ သည် သူမ နားသို့  ဝင်တလှည့် မဝင်တလှည့်။
နောက်တော့ သူမသည် မြူထူထူ ကြား လမ်းလျှောက်နေသူလို ငြိမ်ငြိမ်သက်သက် ။ တိတ်ဆိတ်သော ခန္တာ ဗလောင်ဆူစိတ်တို့ နှင့် လေးလံစွာ ဆေးရုံ ရုံးခန်းများရှေ့ မှ ဖြတ်ထွက်လာခဲ့သည်။
အဲဒီ ထိုင်းမှိုင်းလေးလံခြင်းနောက်မှာ သူမ ဘယ်အရာတွေ ဘယ်လောက်အခြေအနေ အထိ ဆိုးရွားစွာ ကျော်ဖြတ်ရလေမလဲ။ ကြည့်သာကြည့်နေမိ သေချာ နားမလည်သည့် ဓါတ်မှန်ပြားကို နောက်ဆုံး တခေါက်ကြည့်ပြီး အမှိုက်ပုံးသို့  ပစ်ထည့်လိုက်သည်။ ချွေးစီးပြန်နေသည့် သူမလက်တွေကို ဆေးရုံ သန့် စင်ခန်း တခု အတွင်း ဝင်ဆေးရင်း သန့် စင်ခန်း မှန်မျက်နှာပြင်မှာပေါ်နေသည့် သူမ အရိပ်ကို ကြာရှည်စွာ စိုက်ကြည့်နေမိသည်။ ခေတ်ရဲ့ မိန်းမပျိုတစ်ယောက်။ လို - တ - ရ ဘဝ မဟုတ်ခဲ့ပေမဲ့ သူမရယူချင်သည်များကို သူမ လက်ဖဝါး ခြေဖဝါး မှ ရနိုင်သည့် အခြေအနေ။ သူမကြိုးစား ပြုံးကြည့်သည်။
မျက်နှာပြင်ပေါ်က အတွန့် အကွေးတွေက အပြုံးမှ ဟုတ်လေရဲ့လား မသေချာ။ ကံတရားက ဒီလို ကြည်စယ်မယ်လို့  သူမ မတွေးဘူးမိ။ သူမကျောပေါ်မှာ ဒဏ်ရာတချို့ ရှိခဲ့စေဦးတော့ မက်မော တွယ်ဖက်ထားချင်စရာ ဘဝဆိုသည့် ရေအိုင်ကြည်လေးရဲ့ အေးမြမှုက သူမပင်ပန်းသမျှကို အမောပြေစေခဲ့သည်။
Software Engineer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းသော သူမကိုမှ ဦးနှောက်မသုံးရဘူးရယ်တဲ့။ ပြီးခဲ့သော ၂ နှစ်ကျော်လောက် ကတည်းက စပြီး နေ့ တိုင်းနီးပါး ခေါင်းကိုက် ၊ ခေါင်းမူး ဖြစ်နေတတ်သည်။ အဲဒီ အခြေအနေက စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ အိပ်မရသော ခေါင်းကိုက်သည့် ညတချို့ ကို အလုပ်ထဲနှစ်ရင်း တွေးရင်း ရေးရင်း သူမ ပေတေခဲ့သည်။ နေ့ မနား ညမနား နှင့် အလုပ်ထဲမှာ သူမ အောင်မြင်ခဲ့တာ မထူးဆန်း သလို ဒီရောဂါ ပိုဆိုးလာခဲ့တာလဲ မထူးဆန်းဟု ဆိုရမည်။ ဒါပေမဲ့ မပျောက်မချင်း အချိန်ယူ ဒီလောကကို ကျောခိုင်း နားဘို့ ကတော့ သူမတော်တော်စဉ်းစားရသည်။ စီးပွါးရေးလဲ မလုပ်တတ်။ သူမမှာ တတ်တာ ဒီတခုသာရှိသည်။
သိပ်များမကြာတင်မီ ပိုဆိုးလာသော ဒဏ်ရာနှင့် မေမေ့ တိုက်တွန်းချက်ကြောင့် နောက်တခါ ဆေးခန်း ပြန်ပြချိန်တွင် သူမ ခေါင်းထဲတွင် အကြိတ်တခု ရှိနေတာ သေချာသွားသည်...
သူမ ခင်တွယ်လှသော သူမ၏ ဒုတိယ အိမ်သဖွယ်ဖြစ်သော အလုပ်မှ ထွက်စာတင်သည်။ ၅နှစ်ကျော်မျှ တာဝန်ယူထားသမျှ တစ်လခွဲ ဆိုသောအချိန်အတွင်း လွှဲပြောင်းဘို့ က သိပ်တော့ ကတိုက်ကရိုက် နိုင်လွန်းလှသည်။ ဝန်ထမ်း အသစ်တချို့ နှင့် project လွှဲပြောင်းယူသူ များအား သင်တန်းပေးခြင်း။ အပြီးသတ် meeting တွေ discussion တွေ။ အို... အချိန်တွေ မြန်လှချည့်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
နေရောင်ခြည်ဖျော့ဖျော့က အဝါရောင်ခန်းစီးစ ရှည်ကို ဖြတ်ပြီး သူမ မျက်နှာပေါ် ကန့် လန့် ဖြတ် စီးဆင်းနေသည်။ အမြင်အာရုံ စုစည်းစဉ် စိုးရိမ်တကြီး စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံက စီးမိုး၍..။
အမေ...
သူမ အပြုံးတွေ မပီပြင်လင့်ကစား တွန့် ကွေးနေတဲ့ မေမေ့  မျက်မှောင် နှစ်စ က ပြေပြစ်သွားသည်။
"သမီး ဘယ်လိုလဲ နေကောင်းလား"
အိပ်ယာကို သပ်ရပ်အောင်ပြင် ပြူတင်းပေါက်တံခါးကို ကျယ်ကျယ်ဆွဲဖွင့် အဝါရောင် နှင်းဆီရိုင်းတွေ ထိုးထားသည့် ပန်းအိုးလေးကို နေရာချရင်း တဆက်တည်း မေမေက ပြောသည်.. "ဒီနေ့  August လ ၉ ရက် ၂၀၁၂ .. ကြာသာပတေး နေ့  သမီးရဲ့... သမီးလေး ခေါင်းကိုက်လို့  အမေ့အိမ်ပြန်ရောက်နေတာ ၁ နှစ်ကျော်ရှိပြီ.. မနှစ်က ဒီအချိန် ငါ့သမီး ခေါင်းကို ခွဲစိတ် ကုသခဲ့တယ်... ကံကောင်းတယ် သမီး... သမီး ခေါင်းထဲက အကြိတ် တခု ကြောင့် အာရုံကြောတွေ ရောင်နေခဲ့တယ်.. အဲဒီအကြိတ်ကို အခု ထုတ်ပြီးသွားပြီ။ ကင်ဆာအဆင့်ထိ မရောက်လိုက်ဘူးပေါ့ သမီးရယ်"
သူမ ကရုတစိုက် နားထောင်နေသည်... မေမေက သူမ ပုခုံးတွေကို ပွေ့ ဖက်ရင်း...
" ဒါပေမဲ့ operation အပြီးမှာ သမီးလေးက အကုန်လုံးကို မမှတ်မိနိုင်တော့ဘူး။ သမီးရဲ့ မှတ်မိနိုင်တဲ့ မှတ်ဥာဏ်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ ရပ်နေပြီး..သမီးရဲ့ နေ့ တိုင်း အိပ်ယာထ မနက်တိုင်းမှာ သမီးဟာ ၂၀၁၁ လောက် က အချိန်တခုမှာပဲ ရှိနေမယ်လို့  ထင်နေလိမ့်မယ်"
သူမ ဇဝေဇဝါ အံ့အားသင့်စွာ မော့ကြည့်သည်။
"ဒါဆို သမီးအလုပ်ရော မေမေ။ ပြီးတော့ မေမေ အရမ်းပင်ပန်းမှာပေါ့"
သူမ မျက်ရည်တွေကျလာသည်။ မေမေက မျက်ရည်တွေ သုတ်ပေးရင်း ဖြည်းငြင်းစွာ ဆက်ပြောသည်။
" ငါ့သမီးလေး နေ့ တိုင်းနီးပါး ငိုရတာ ပင်ပန်းတယ်။ ငါ့သမီး မေမေ နဲ့  ရှိနေတာကိုက ကံကောင်းလှပြီလေ။ မဟုတ်ရင် ၁ နှစ် ၂ နှစ်နေမှ လေး ငါးရက် တွေ့ ရတဲ့ သမီး။ မပင်ပန်းပါဘူး သမီးရယ်။ ကံကောင်းရင် အားလုံးပြန်မှတ်မိနိုင်တာလဲ ရှိတာပဲ။ အားမလျှော့ဘို့ ပဲ လိုတာ"
" အို....မေမေ.. ကျွန်မကို ဒီအကြောင်းတွေ နေ့ တိုင်း ပြောပြရတာလားဟင်" မျက်ရည်တွေကြားက မေးတော့... မေမေက ပြုံးရင်း ခေါင်းညိတ်ပြလေသည်။
ဒီလိုနှင့်သူမသည်နေ့ တိုင်းသော နေ့ သစ်များတွင် နေထိုင်ခဲ့သည်။ တခါတလေ ၁ နာရီမျှ အချိန်ယူပြီးနောက် ရီရီမောမောဖြစ်ကာ လက်ရှိအခြေအနေကို လက်ခံလိုက်နိုင်သော်လည်း တခါတရံများစွာမှာ သူမ တိုင်ပင်ပြသ နေကျ ဆေးရုံရှိ ဆရာဝန်ဆီသို့  မေမေက လိုက်ပို့ တတ်ရသည်။ ဆရာဝန်က သူမကို တွေ့ တော့ ပြုံးကာ ရယ်ကာ သူမ နာမည်ကို တရင်းတနှီး ခေါ်၍ နှုတ်ဆက်သည်။
" ငါ့သမီး ရှင်မာယာ တစ်ယောက် ရောက်လာပြန်ရော... ကဲ..လာပါဗျာ ... စကားပြောရအောင်"..
နောက်.. သူမထက် ပိုအခြေအနေဆိုးသော လူနာ တချို့ ၏ ရောဂါ ရာဇဝင်များကို ပြောပြပြီး သူမ၏ အခြေအနေမှာ တိုးတက်နေပြီး အကောင်းဆုံး ဖြစ်နေကြောင်း အားပေးလေ့ရှိသည်။
" မာယာ့အခြေအနေက တည အိပ်ရာဝင်ပြီး နောက်တနေ့ မနက်မှာ ကွန်ပြူတာကို format ချလိုက်သလို memory အသစ်နဲ့  ပြန်ဖြစ်သွားတတ်သလိုမျိုးပေါ့ သမီးရယ်။ သမီးလိုပဲတခြား ဘဝတူတွေရှိတယ်သမီးရဲ့။ တစ်ယောက်ဆိုရင်ကွယ် သူ့  ရဲ့ မှတ်ဥာဏ်က စက္ကန့်  ၃၀ - တမိနစ်အထိ ပဲ မှတ်မိတယ်။ စက္ကန့်  ၃၀ ရဲ့နောက်မှာ သူဟာ အရာရာ အသစ်ပြန်ဖြစ်သွားပြန်ရော သမီးရဲ့"
ဆရာဝန်ကြီးနဲ့ အတူ လူနာတချို့ ကို လိုက်ကြည့် နှုတ်ဆက်မည်။ သူမလိုပင် ဘဝရဲ့ မှတ်ဥာဏ်တစိတ်တပိုင်းပျောက်ဆုံးနေသောသူတချို့  နှင့် တဘဝလုံးနီးပါးပျောက်ဆုံးနေသော သူတချို့ နှင့် စကားလက်ဆုံပြောမည်။ ထို့ နောက်မှာ အိမ်ပြန်လာကြမည်။ မေမေ နဲ့  အတူ ညနေစာ ကူချက်မည် ။ညနေ နေကျချိန်မှာ တောင်အစွန်းက ကွေ့ ဝိုက် ထွက်လာတဲ့ မြစ်လက်တက်လေး၏ ကမ်းနဖူးမှာ ထိုင်ရင်း မနက်ဖြန်မှာ နောက်တခေါက်ထပ်မေ့သွားမည့် ကိုယ့်အကြောင်းကိုယ်စဉ်းစားမည်။ ပြီးတော့ မနက်ဖြန်မနက်မှာ ဖတ်ဖြစ်ရင် ဖတ်ဖြစ်မဲ့ ဒိုင်ယာရီလေး ရေးမည်။ ဆိတ်ဖလူးပွင့်လေးတွေ ကောက်၊ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ လျောင်းတော်မူ ရုပ်ပွါးတော်ရှေ့ တွင် လှူပြီး ငြိမ်ငြိမ်ဆိတ်ဆိတ် တွေးမည်။
တက္ကသိုလ်မှ အငြိမ်းစားဆရာမ တစ်ဦးဖြစ်သူ မေမေသည် အလုပ်များတစ်ဦးဖြစ်သည်။ သူမတို့ အိမ်အနီးမှ ဘုန်းတော်ကြီးကျောင်းတွင် မှီခိုနေထိုင်သူ ကလေးများအတွက် အချိန်ပိုင်း ပညာဒါန စာပြပေးပြီး ညနေပိုင်းတွင် သားဖြစ်သူ၊ သူမ၏ အကို ပန်းထိမ်ဆိုင်အတွက် ကူညီပေးပြီး မြေးကူထိမ်းတတ်သည်။ နှစ်နှစ် အရွယ် သူမ၏ တူလေးကို သူမ မမှတ်မိတတ်။ သူမကို အလွန်ခင်တွယ်သော ကလေးကို သူမ ပြုံး၍သာ ငေးကြည့်တတ်သည်။
တခါတလေများမှာလဲ မေမေ အလုပ်များသည့်အခါ သူမ ဘာသာ နိုးထ လာတတ်ပြီး လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က အချိန်ပြန်ရောက်ကာ တယောက်တည်း တွေးတတ်သည်။ ခေါင်းကိုက်ဘယ်လို များ ပျောက်နေပါလိမ့် ဆိုတာမျိုး..။ အလုပ်တွေ ပစ်ထားခဲ့ပြီး အားလပ်ရက် အိမ်ပြန်လာသလို ဝါဂွမ်းကဲ့သို့  လွင့်မျောကာ သူမ အခန်း အပေါ်ထပ်မှ လှမ်းစီးမြင်နေရသည့် မြစ်ငယ်လေးကို တမွန်းလွဲအောင်ထိုင်ကြည့်မည်။ Magazine အဟောင်းတွေသာရှိသည့် သူမ မေမေ၏ စာအုပ်စင်ကလဲ သူမကို ခုနှစ် သက္ကရာဇ်များနှင့် ပတ်သတ်၍ အနှောင့်အယှက် မပေးတတ်ချေ။
ဆယ်စုနှစ်ကြာတောင် မပြောင်းလဲတတ်သည့် သူမ နေသည့် မြို့ ကလေးကလဲ မနက်ဖြန်သည် သည်နေ့ လိုပင် သိပ်မထူးခြားသော အကြောင်းများနှင့် လည်ပတ်နေတတ်သောကြောင့် သူမအတွက် ခုနှစ် သက္ကရာဇ်များသည် ပြသနာတခု မဟုတ်တော့ပေ။ မေမေက တချို့ သော နေ့ ရက်များကို ဘာသိဘာသာ သူမကို လွှတ်ထားတတ်လာသည်။ သူမ အကြောင်း သိနေသော မြို့ ကလေးကလဲ သူမနှင့် ဆုံစဉ်ခဏ အလိုက်တသင့် ရှိပေးရင်း နေ့ ရက်များဖြတ်သန်းခဲ့သည်။
အရာအားလုံး သည် သူနှင့် မဆုံခင်အထိ လိုက်လျောတပြေ ရှိခဲ့ခြင်းဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
