Saturday, December 20, 2008

နေ့ ညတာရှည်
နာကြင်မှုနဲ့  ဖြတ်သန်း
ဘယ်နေရာကြည့် ကြည့်  မမေ့နိုင်တာ မင်းအရိပ်
ဘယ်အချိန်မှ ငါနောက်ပြန်လှည့်မလဲ
ငါကိုယ်တိုင်လဲ မသိနိုင်။
ခရီးဆက်နေဆဲ----------
တံခါးခေါက်သံကြားတယ်။
ဘယ်သူများလဲ?
အပြင်မှာ ဘယ်သူမှ ရပ်မနေဘူး။
အရိပ်အယောင် နဲ့  အမှန်တရား
ငါမခွဲခြားနိုင်တော့ဘူး။
ခွင့် မတောင်းပဲ မင်းသွားနိုင်တယ်
သွားခဲ့ တယ်။
သင်ခန်းစာ အသစ်တွေနဲ့ 
နားလည်အောင် ငါကြိုးစားရင်း
မင်းယုံရဲ့ လား။
ငါအဆင်ပြေနေပါပြီ။
တကယ်ချစ်ခဲ့ ပေမဲ့ 
ငါ့ နှလုံးသားနာကြင်ဆဲပေမဲ့
မင်းမရှိတာကလွဲလို့ 
ငါ အရာရာ အဆင်ပြေနေပါပြီ။

Wednesday, October 8, 2008

မတည့်စာ

ဘ၀များစွာက ရင်ကွဲကျိန်စာဟာ
အခုများမှ ခါးသက်သင့်ခဲ့စေသလား။

ကံကြမ္မာဆိုးမိုးက ငါထင်ထားတာထက်
ပိုသည်းခဲ့တာကိုး။

ဆန့် ကျင်ဘက် နိမိတ်တွေ ငါ့အရိပ်မှာ
လာမချိတ်နဲ့။
ရင်နာတယ်။

တစ်ယောက်အတွက် အတိတ်
တစ်ယောက်အတွက်ကတော့ အရိပ်လို။

ဒီလိုပဲလေ
မတည့်စာ စားမိတော့ --------------။

(2003 အသဲကွဲတဲ့မိုးတစ်နေ့  အမှတ်တရ)