Saturday, December 20, 2008

နေ့ ညတာရှည်
နာကြင်မှုနဲ့  ဖြတ်သန်း
ဘယ်နေရာကြည့် ကြည့်  မမေ့နိုင်တာ မင်းအရိပ်
ဘယ်အချိန်မှ ငါနောက်ပြန်လှည့်မလဲ
ငါကိုယ်တိုင်လဲ မသိနိုင်။
ခရီးဆက်နေဆဲ----------
တံခါးခေါက်သံကြားတယ်။
ဘယ်သူများလဲ?
အပြင်မှာ ဘယ်သူမှ ရပ်မနေဘူး။
အရိပ်အယောင် နဲ့  အမှန်တရား
ငါမခွဲခြားနိုင်တော့ဘူး။
ခွင့် မတောင်းပဲ မင်းသွားနိုင်တယ်
သွားခဲ့ တယ်။
သင်ခန်းစာ အသစ်တွေနဲ့ 
နားလည်အောင် ငါကြိုးစားရင်း
မင်းယုံရဲ့ လား။
ငါအဆင်ပြေနေပါပြီ။
တကယ်ချစ်ခဲ့ ပေမဲ့ 
ငါ့ နှလုံးသားနာကြင်ဆဲပေမဲ့
မင်းမရှိတာကလွဲလို့ 
ငါ အရာရာ အဆင်ပြေနေပါပြီ။

2 comments:

Khayae Nyo said...

သူသိပါစေ
ရင်ထဲကသစ္စာ
ဖြူစင်တဲ့မေတ္တာနဲ့
ကိုယ်ပေးခဲ့တာ
မင်းအတွက်ရည်စူး
အရောင်ကင်းတဲ့
အချစ်စစ်ပါ။
ဂုဏ်ရွှေငွေ
ပကာသန
မက်မောကာ
တွယ်တာခဲ့ရင်တော့
မင်းရဲ့သဘော
အလွမ်းတောမှာ
ထားရစ်ခဲ့လဲ
နေရစ်နေမှာပါ၊
ဆန္ဒစွဲကင်းတဲ့
ကိုယ်ရဲ့ပေးဆပ်မှု
အဆုံးစွန်ပေးဆပ်မှု
လှောင်ရယ်ကာ
ဖယ်ခွာသွားလဲ
၇င်ထဲက
ငိုကြွေးခြင်းနဲ့
အိပ်မရတဲ့
ညများစွာထဲ
ကိုယ်တယောက်တည်း
လွမ်းနေမှာပါ
နားလည်ပါစေ
ချစ်ရသူရယ်။

ရှင်သန်မှု said...

နှစ်လွှာပေါင်းမှ
တရွက်ဖြစ်တဲ့
စွယ်တော်ရွက်လို
ရင်ကဖြစ်တဲ့
နှလုံးသားရဲ့
ချစ်ခြင်းမေတ္တာ
အိပ်မက်တခု
လက်တွေ့ပြုလို့
သက်ထက်ဆုံးတိုင်
လက်ချင်းယှက်လို့
မခွဲခွာဖူး
နှစ်ယောက်ဘဝ
အေးတူပူမျှ
တည်ဆောက်ကြမယ်
လက်ကမ်းကြိုတယ်
လှမ်းလာခဲ့တော့
ချစ်ရသူရယ်။