မတည့်စာ
ဘ၀များစွာက ရင်ကွဲကျိန်စာဟာ
အခုများမှ ခါးသက်သင့်ခဲ့စေသလား။
ကံကြမ္မာဆိုးမိုးက ငါထင်ထားတာထက်
ပိုသည်းခဲ့တာကိုး။
ဆန့် ကျင်ဘက် နိမိတ်တွေ ငါ့အရိပ်မှာ
လာမချိတ်နဲ့။
ရင်နာတယ်။
တစ်ယောက်အတွက် အတိတ်
တစ်ယောက်အတွက်ကတော့ အရိပ်လို။
ဒီလိုပဲလေ
မတည့်စာ စားမိတော့ --------------။
(2003 အသဲကွဲတဲ့မိုးတစ်နေ့  အမှတ်တရ)
3 comments:
ဟာဟ. ကောင်းတယ်. မတည့်စာတွေသွားစားတာကို..
ရေးထားတာလေးကောင်းတယ်
ဘ၀များစွာက
ဆုတောင်းမှားခဲ့တဲ့
ရင်ကွဲကျိန်စာဟာ
အခုများမှ
ပေးဆပ်စေတာလား။
ငါထင်တာထက်
ကံကြမ္မာဆိုးက
နှလုံးသားကို
ပိုအဆိပ်သင့်စေတာလား။
မတူညီတဲ့
ဆန့်ကျင်ဖက်အရိပ်
ငါ့၇ဲ့ရင်ကို
တင်ကျန်စေတာလား။
တစ်ယောက်အတွက်က
အတိတ်ဖြစ်စေသလို
တစ်ယောက်အတွက်က
အရိပ်လိုဖြစ်စေခဲ့တာလား။
နှလုံးသားရဲ့
ချစ်ခြင်းကျိန်စာဟာ
ခုများမှ
သက်ရောက်စေခဲ့တာလား။
အဖြေမသိသေးတဲ့
ပုဒ်စာတစ်ခုရဲ့
ကျိန်စာဟာ
ခုများမှစခဲ့လေသလား။
လည်လည်လာသွားပါတယ်...
ပထမဦးဆုံး အသည်းကွဲကဗျာလားမသိဖူး...
ဖတ်ရှုခံစားသွားပါတယ်ရှင်
Post a Comment