အရင်က
ဝေးခဲ့တာ ၁၇၉ မိုင်။
ကျောင်းတံခါးကြီးပိတ်တော့
ငါ့ကိုကျောခိုင်းစေတဲ့
နွေရာသီတိုင်းကို မုန်းတယ်။
နောက်တော့ ဝေးခဲ့ကြ မိုင်ပေါင်းထောင်ချီ
အလွမ်းရာသီကို
ငါဘယ်လိုဖြတ်သန်းရပါ့။
နင်နဲ့ ငါ့ကို ရေမြေခြားစေတဲ့
ဘ၀ပေး ၀န်တာတွေကို မုန်းတယ်။
အခုတော့
တူနှစ်ကိုယ် တမြေတည်း
ဒီတခါဝေးစေတာ
ရထားတစင်းလဲ မဟုတ်
ကံကြမာလည်းမဟုတ်
အရောင်ပြောင်းတတ်တဲ့
လူတွေကိုမုန်းတယ်။
3 comments:
မြင်စဉ်ခဏ
အနိုင်းမဲ့မေတ္တာ
ရင်ကဖြစ်တဲ့အချစ်
ဘ၀ကိုပေးအပ်လို့
ပုံအပ်ကာချစ်ခဲ့တယ်။
ရင်ခွင်ထဲ
ထွေးပိုက်ကာ
ထားစဉ်ခဏ
အရမ်းချစ်တယ်လို့
သူပြောခဲ့တယ်။
အချစ်ကြီးချစ်ခဲ့လို့
ပေးဆပ်ခဲ့ရတာကိုယ်ပါ။
ခိုဝင်နားစဉ်ခဏ
စိတ်အတွေးပြန်လည်
မဖြစ်နိုင်တဲ့အတိတ်
မှန်းဆလို့တမ်းတကာ
လက်တွေ့ဘဝ
အချစ်ကြီးချစ်လို့
ပုံအပ်သူကိုမှ
လှည့်စားရက်တယ်နော်။
သူမချစ်မှန်းသိပေမဲ့
ခံရခက်တဲ့ဝေဒနာ
ရင်မှာထွေးပိုက်လို့
ဟန်ဆောင်ကာပြုံးရင်း
သူအလိုလိုက်
အကြိုက်ဆောင်ခဲ့ရတယ်။
အချစ်ဆိုတာ
ပေးဆပ်ခြင်းလား။
ကံကြမ္မာပဲ
ယိုးမယ်ဖွဲ့ရမှာလား။
အတိတ်ကိုမေ့ထားလို့
လက်ရှိအကြင်နာရိပ်
မှေးအိပ်ကာခိုဝင်နား
ချွေးသိပ်စေချင်တယ။်
လက်ချင်းတွဲလို့
အေးချမ်းတဲ့ဘဝ
တည်ဆောက်ချင်တယ်။
လှမ်းခဲ့ပါတော့
ကမ်းလင့်နေမယ်
ချစ်ရသူရယ်။
အမြဲရင်မှာ
စဉ်းစားခဲ့တာ
မင်းအတွက်ပဲ.
လှောင်ရီအပြုံး
ထေ့ငေါ့စကား
အမြဲတမ်းပဲ
မင်းပေးခဲ့လဲ
မြတ်နိုးဆဲပါ..
ရင်နှင့်အမျှ
ချစ်ရသူမို့
မင်းအတွက်ပဲ
ပေးဆပ်မိခဲ့
ဘ၀နဲ့၇င်း
ချစ်ခြင်းများစွာ
ပေးဆပ်ခဲ့လဲ
ရခဲ့တာက
ကြေကွဲခြင်းနဲ့
ရင်ထဲအမြဲ
ပူပင်ခြင်းပဲ
ရက်စက်လိုက်တာ
ချစ်ရသူရယ်...
ဘ၀များစွာက
ဆုတောင်းမှားခဲ့တဲ့
ရင်ကွဲကျိန်စာဟာ
အခုများမှ
ပေးဆပ်စေတာလား။
ငါထင်တာထက်
ကံကြမ္မာဆိုးက
နှလုံးသားကို
ပိုအဆိပ်သင့်စေတာလား။
မတူညီတဲ့
ဆန့်ကျင်ဖက်အရိပ်
ငါ့၇ဲ့ရင်ကို
တင်ကျန်စေတာလား။
တစ်ယောက်အတွက်က
အတိတ်ဖြစ်စေသလို
တစ်ယောက်အတွက်က
အရိပ်လို
ဖြစ်စေခဲ့တာလား။
နှလုံးသားရဲ့
ချစ်ခြင်းကျိန်စာဟာ
ခုများမှ
သက်ရောက်စေခဲ့တာလား။
အဖြေမသိသေးတဲ့
ပုဒ်စာတစ်ခုရဲ့
ကျိန်စာဟာ
ခုများမှစခဲ့လေသလား။
Post a Comment