Sunday, March 21, 2010

မိုးမစဲခင်

အပြင်မှာ အမှောင်နဲ့ 
မိုးကလဲ သည်းဆဲ
တရေးပြန်အိပ်လိုက်ဦးစို့ ရယ်
ဒဏ်ရာတွေလဲ ကြိတ်မှိတ်သာ
မြိုချလိုက်ပါ။
ကောင်းကင်တခွင်လုံး စင်စင်လင်းဘို့ 
အချိန်ကိုသာ စောင့်ကြရုံပေါ့။
ကြယ်တွေ တမှိတ်မှိတ်လက်လာရင်တောင်
တို့ ခရီးဆက်ဘို့ လုံလောက်ပါပြီ။
အချစ် သစ္စာ သံယောဇဉ်တွေ
စည်းစိမ် ဂုဏ်ပုဒ် ဓနတွေ
အပေါ်ယံငြိမ်းချမ်း သာယာမှုတွေ
ခဏတာ တဘဝစာ လောင်မြိုက်
အရှည်သဖြင့်စဉ်းစားရင် ရယ်စရာမျှသာ
ကဲ...ပါ
မိုးမတိတ်ခင်တော့
တရေးခဏအိပ်လိုက်ဦး
ရောင်နီလာရင် ရှေ့ ဆက်ဘို့ ။

No comments: