မရေရာ မသေချာသေးခင်
ဘာကိုမှ ပြောမထွက်ချင်ဘူး
ငါတစ်ယောက်တည်းတော့ တိတ်တဆိတ် အတွေးနယ်ချဲ့။
တမ်းတတဲ့စိတ်နဲ့ မပျော်ပိုက်
စိတ်အမှိုက်သရိုက်တွေပေပွ
သူတပါး မသိအောင်တော့
အပြုံးနဲ့  ကာရံထား။
မစွပ်စွဲရက်တဲ့စကားလုံးတချို့ အတွက်
မျက်ရည်နဲ့ သာ ငါရူးသွပ်
မငိုတတ်ဘို့  အကြိမ်ကြိမ်ရွတ်ဆို သတိပေးရင်းက......
အလုံးစုံ ပျောက်ဆုံး မှုန်ဝါး ကွဲကျ အက်ရှ
ဒီနာကျင်မှုက ငါ့ကိုမြှုပ်နှံခဲ့သည့်တိုင်
ချစ်နေသေးမိတာ နင်သိစေချင်သည်။
- FB မှ Chinese သူငယ်ချင်း တစ်ယောက်ရဲ့ wall တွင် share ထားသော post ကို google translate မှ ဖတ်ကြည့်မိရင်း ခံစားချက် တူသောကြောင့် ဘာသာပြန် ဖြစ်ပါသည်။
2 comments:
မရေရာ မသေချာသေးခင်
ဘာကိုမှ ပြောမထွက်ချင်ဘူး----
အဲတာဟုတ်ပါတယ် တစ်ကယ်သေချာပြီဆိုရင်တော့----
ပြောကိုပြောရမယ်နော်
ပြောဖို့မေ့သွားတာလေ ၁၄-၂-၂၀၁၂ နေ့ချစ်သူများနေ့ဖြစ်သလိုဂျက်ရဲ့
ဘလော့ သက် တစ်နှစ်ပြည့်လဲဖြစ်ပါတယ်
ဘလော့မှာစာတွေစစရေးချင်း ဒုတိယမြောက်လာရောက်အားပေးကွန်မက်ရေးတာကတော့ ရိုးမအရိုင်းပန်း (၀င်းမင်း)
ဆိုပြီးတော့လေ အဲတာလေးတွေထဲ့ထားတယ်
Post a Comment