Monday, August 8, 2016

ဟန်မဆောင်တတ်သူ လူယဉ်ကျေး နယ်ပယ်ကို ခရီးဆန့် ချင်ခဲ့
အသားလို၍ အရိုးတောင်းခြင်းမရှိ
ဝန်တိုမှုတွေ မြှုပ်နှံထားတဲ့ တရှိန်ရှိန်အပြုံးတွေမရှိ
တဖွဖွကြင်နာဟန်ဆောင်တဲ့ ဓါးရိုးတွေမရှိ
အဖြောင့်အတိုင်းပြော အမှန်အတိုင်းပြုံးတတ်တဲ့ မျက်လုံးတွေ
ယဉ်ကျေးတဲ့ နုညံ့တဲ့ စကားတိုးတိုးမှာ မေတ္တာတရား စိမ့်ဝင်
ပုခုံးစွန်းပေါ် ခပ်ဖွဖွ အားပေးထိခတ်မှုမှာ
လက်ဖဝါးတွေသာ ကြမ်းချင်းကြမ်းမယ်
စိတ်တွေက မကြမ်းတမ်း....
လျှောက်ခဲ့တဲ့ လမ်းတွေ မတူဘူး
အနိမ့်အမြင့် အမြင်မျိုးစုံဝန်းရံ
တခါတရံလဲ အံတင်းတင်းကြိတ် မာန်တင်းတတ်တယ်။
ရံဖန်ခါလဲ ရင်ကိုဖွင့်၍ ရယ်မောတတ်တယ်။
ဟန်မဆောင်တတ် ယဉ်ကျေးတဲ့ လူ့ အသိုင်းအဝိုင်း ဆီ...

No comments: