Thursday, February 16, 2017

LEAN Management System (7 wastes Introduction)

LEAN Management System (7 wastes Introduction)
ကျမတို့  အင်ဂျင်နီယာ လောကမှာ Soft power / Hard power အပိုင်းကို တခုချင်းစီ ခွဲခြားမယ်ဆိုရင် အများစုက hard power skill မှာ ထူးချွန်တာများပါတယ်။ မြန်မာအသိုင်းအဝိုင်းတင်မက တော်တော်များများမှာ ကြုံရတာပါ။ Quality concept ပိုင်းမှာ မြန်မာနိုင်ငံကသူများအတွက်ကတော့ ပြည်တွင်းက လုပ်ငန်းတော်တော်များများမှာ အခြေအနေမပေးတာရယ် အရည်အသွေးထက် အရေအတွက်ကို ဇောင်းပေးတဲ့ ခေတ်အခြေအနေကို ဖြတ်သန်းခဲ့ရတာ ဖြစ်တဲ့အတွက် ဒီလစ်ဟာချက်တွေ ဖြစ်လာခဲ့ရတာပါ။ အဲဒါကြောင့် ကိုယ်သင်ခဲ့တဲ့ လေ့လာနေတဲ့ အပိုင်းလေးကို သိသလောက် ဖြည့်စွက် ချင်တာပါ။
အင်ဂျင်နီယာ တယောက် ဒီလောကထဲမှာ ဆက်လက်ရှင်သန်နေဘို့  ဆိုရင် အချိန်တွေ ကြာလာတာနဲ့ အမျှ သူဟာ စီနီယာ တယောက်ဖြစ်လာမယ်။ အဲဒီအခါ နည်းပညာပိုင်းတင်မက လူတွေကို စနစ်တွေကို စီမံကိုင်တွယ် ထိန်းကျောင်းရတဲ့ တာဝန်တွေပါ အလိုအလျှောက် ယူလာရပါတယ်။ နောက်ဆုံး ကိုယ်ပိုင်လုပ်ငန်းလေး လုပ်ရင်တောင် စနစ်ကျတဲ့ စီမံခန့် ခွဲမှုလေး ဖြစ်ဘို့  ကာစတန်မာရဲ့ လိုအပ်ချက်ကို နားလည်စေဘို့  စတာတွေ လိုအပ်လာပါတယ်။ (ဒီလိုတွေ ပြောနေလို့  ဆရာမကြီးလုပ်တယ်မထင်ပါနဲ့ နော်) .... ကျမ အနေနဲ့  လောလောဆယ် ထုတ်လုပ်ရေး လုပ်ငန်း တခုက QC/QA Engineer အနေနဲ့  အလုပ်လုပ်နေတဲ့အတွက် ကျမသင်ခဲ့ရတဲ့ စာတွေ ဖြတ်သန်းခဲ့ရတဲ့ အလုပ်အတွေ့ အကြုံပေါ်က ရခဲ့တဲ့ knowledge တွေကို အများ သူငါ အသုံးပြုလိုက ရစေခြင်း ငှာ ဝေမျှလိုပါတယ်။
စင်ကာပူ ပင်နီဆူလာ ပလာဇာ ၄ လွှာမှာ ရှိတဲ့ ပညာဒါန မှာလဲ QMS system introduction ကို တနင်္ဂနွေ ညနေ ၃နာရီခွဲမှ ၅နာရီအတွင်း knowledge sharing program တခုအဖြစ် ပါဝင်အားဖြည့်ပေးနေပါတယ်။
ဒီနေ့  share လိုတဲ့ အကြောင်းအရာကတော့ management လောကမှာ ပေါ်ပြူလာဖြစ်နေတဲ့ Lean management အကြောင်း မျှဝေလိုပါတယ်။ Lean management ဆိုတာ waste တွေကို နည်းနိုင်သမျှ အနည်းဆုံး ဖြစ်အောင် စီမံခန့် ခွဲတဲ့ စနစ်တခုပါ။ LEAN ရဲ့ အခြေခံ management အတွေးအခေါ် တော်တော်များများဟာ TPS (Toyota production system) ခေါ် တိုယိုတာ မော်တော်ကား ထုတ်လုပ်ရေး စနစ်က မွေးစားထားတာပါ။ LEAN ရဲ့ ဖခင်ကြီးလို့  ဆိုရမဲ့ မစ်စတာ တိုင်ချီအိုနို (Taiichi Ohno) နဲ့  တိုယိုတာ လုပ်ငန်းရှင် အိဂျိ တိုယိုတာ (Eiji Toyoda) တို့ မှ ၁၉၅၀ တဝိုက်မှာ စတင်ခဲ့ပြီး ဂျပန် စက်မှုလောကမှာ ကျယ်ပြန့် လာခဲ့ပါတယ်။ TPS ရဲ့ စည်းမျဉ်းတွေ ဖြစ်တဲ့ Continuous improvement ( Kaizen) ... TPS ရဲ့ ပန်းတိုင်ဖြစ်တဲ့ Waste တွေကို ဖြေရှင်း ဖြတ်ထုတ်တဲ့ နည်းလမ်း TPS ရဲ့ အခြေခံ အတွေးအခေါ်ဖြစ်တဲ့ Just-in-time (လိုအပ်ချိန် တခုတည်းမှာပဲ ပြင်ဆင် service ပေး ရောင်းချတဲ့ ပုံစံမျိုး ) နဲ့  Jidoka (လူတယောက်ကို တချိန်တည်းမှာ တခုသာ လုပ်ခိုင်းစေပြီး အမှားနည်းအောင် ထိန်းချုပ်တဲ့ ပုံစံ ဥပမာ - ပီဇာ ပြင်ဆင်တဲ့ kitchen line မှာ တယောက်က ဂျုံမှုန့် စပ်တယ်ဆို တာဝန်ကျတဲ့တချိန်လုံး ဂျုံမှုန့် စပ်တာ တမျိုးတည်း လုပ်တာမျိုး ...
ဒီစနစ်ဟာ အရေအတွက် သောင်းချီ သိန်းချီထုတ်တဲ့ အလုပ်ရုံတွေမှာ တော်ရုံအမှားတွေကို တားစီးနိုင်ခဲ့ပါတယ်။ နောက်တော့ ခေတ်စနစ်နဲ့  လျော်ညီအောင် ဂျပန်တခုထဲတင်မဟုတ် တကမ္ဘာလုံး အံဝင်ခွင်ကျ ဖြစ်မဲ့ စနစ်ကို ပြုပြင် ပြောင်းလဲရင်း 1990 တဝိုက်မှာ LEAN system ရယ်လို့  လူကြိုက်များလာခဲ့ပါတယ်။ LEAN ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ Waste တွေ ဖြတ်ထုတ်တဲ့ နည်းနာ နိသယတွေ အကြောင်း ပြောချင်ပါတယ်။ ကျမတို့  နေစဉ် လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင်ဘဝဖြတ်သန်းတာရာမှာပဲ ဖြစ်ဖြစ် အဟန့် အတားဖြစ်စေတာအရာ မှန်သမျှ ကို Waste လို့  ဆိုကြပါစို့ ။
management စကားနဲ့  သရုပ်ခွဲကြည့်ရင် Value added job (ကာစတမ်မာက ပိုက်ဆံပေးထားတဲ့အလုပ် ဥပမာ - ပီဇာ မှာလိုသူက သူမှာတဲ့ ပီဇာ အရွယ်အစား အမျိုးအစားအတွက် ပိုက်ဆံပေး ဝယ်ယူတာ) နဲ့  Non Value added job ဆိုတာက ဝယ်ယူသူက အဲဒါတွေ လုပ်ဘို့  ပိုက်ဆံပေးထားတာ မဟုတ်တဲ့ အလုပ်ပါတဲ့။
Non value added activities ကို ထပ် ခွဲခြမ်း စိတ်ဖြာတော့ ဝယ်ယူသူ က သူဝယ်လိုတဲ့ service/ ပစ္စည်းအတွက် ပိုက်ဆံမပေးထားသော်လည်း မဖြစ်မနေ လုပ်ရတဲ့အလုပ် ဥပမာ - စားသုံးသူက ပီဇာကို လုပ်တဲ့ မီးဖိုကို အပူချိန် ၁၂၀ ဒီဂ၇ီ မှာ ချိန်ညှိဘို့  ပိုက်ဆံပေးတာမှာ မဟုတ်ပေမဲ့ ရောင်းချသူက လုပ်ဆောင်ရတဲ့ activity တွေ... နောက်ဆုံးတခုက စားသုံးသူကလဲ အဲဒီအတွက် ပိုက်ဆံမပေး ကိုယ့်လုပ်ငန်းအတွက်လဲ waste ဖြစ်သွားတာမျိုး ဥပမာ - ပီဇာလုပ်တဲ့ မီးဖို အပူချိန် မထိန်းနိုင်လို့  တူးသွားတာမျိုး အသုံးပြုတဲ့ ပစ္စည်းတွေ ရက်လွန်လို့  လွှင့်ပစ်ရတာမျိုး ဟာ ကိုယ့်ရဲ့ profit ထဲက ပါသွားတဲ့အပြင် အလုပ်မှာ အနှောင့်အယှက်ဖြစ် မတွင်ကျယ်စေတာမျိုးပေါ့။ Lean က အဲဒီ waste တွေကို တားဆီး ထုတ်နှုတ်ပစ်တဲ့ management system ပါ။
အဟန့် အတားဖြစ်စေတဲ့ အရာတွေ (Waste) ကို ခွဲခြမ်းစိတ်ဖြာလိုက်တော့ T.I.M.W.O.O.D ဆိုပြီး အတိုကောက်မှတ်လို့ ရပါတယ်။
T : Transport
I : Inventory
M : Movement
W : Waiting & Delay
O : Over production
O : Over processing
D : Defect
တင်းမ်ဝုရဲ့ တခုချင်းစီ အကြောင်းကို နောက်နေ့ တွေမှာ ဆက်ပါမယ်။ လုပ်ငန်းခွင်ထဲတင် မက ကိုယ်ပိုင်ဘဝတွေ အထိပါ အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။ စိတ်ပါဝင်စားတယ် ဆိုရင်ဖြင့် မေးခွန်းများ feed back များကို ကြိုဆိုပါတယ်။ တယောက်တည်း ပြောနေရတာမျိုးထက် အပြန်အလှန်ဆွေးနွေးတာ တိုင်ပင်တာ မေးခွန်းမေးတာမျိုးက ပိုအသက်ဝင် အကျိုးရှိပါတယ်။
Quality is an investment in the future
Dec 06 - 2016 posted at Pyay GTI group facebook

No comments: