မွန်းယိမ်းနေက သူ့ ပါးပြင်ထက်
ထောင့်ချိုး ၆၀ဒီကရီ လောက်မှ လင်းဖြာကျနေ
အလေးကြီး ပုခုံးမှာ ပိုးထားတယ်
စိတ်တွေက လွင့်ပါး ကြည် ပျံ့ 
ကိုယ်တို့  ငြင်းခုံတယ်
ညီညွတ်တယ်
အပြန်အလှန်စောင့်ရှောက်ကြတယ်
စကားမပြောပဲ တဖက်လှည့် အိပ်တယ်
မနက်ခင်းမှာ ကိုယ့်ဖိနပ်ထဲ ပိုးသတ်ဆေး ထည့်ပေးထားတတ်တယ်
လမ်းမကြီး ခြားပြီး ပလက်ဖောင်း တဖက်စီက အော်ဟစ် စကားများတယ်
လှေကားအတက်မှာ သူ့ ကျောက အလေး ထက် ကိုယ့်ပုခုံးက အိတ်က လေး နေသလား မ တင်ပေးတယ်
ရိုးရိုးစင်းစင်း ထူးဆန်းတာတွေ မြည်းစမ်းကြတယ်
တယောက် မြင် တာ တယောက် တွေ့ စေဘို့  ခဏ ခဏ တံတောင်နဲ့  တွတ်တယ်
လူထူထူထဲ တိုးဘို့  တယောက် လက် တယောက် ဆွဲဆုပ်ထားကြတယ်
တယောက်ကို တယောက် ခလုတ်တိုက်တယ်
တယောက်ကို တယောက် ဆွဲထူတယ်
အပြန်အလှန်
နွေးထွေးလို နွေးထွေးငြား သိုင်းဖက်ထားတယ်
အေးမြလို အေးမြငြား အရိပ်ကာပေးတယ်
လူတွေကို
ခွေးတွေ ကြောင်တွေ ငှက်တွေကို
မြစ်တွေချောင်းတွေ တောင်တန်းတွေ ပန်းခင်းတွေကို အတူကြည့်တယ်
ရထားမှားစီးတယ် bus တစီးလွတ်သွားတယ် အရှေ့ အနောက်မှားလျှောက်တယ် မိုးမိတယ် ပိုက်ဆံအိတ်ပျောက်တယ် အခန်းသော့ ရှာမရ
လေယာဉ်ချိန်မှီတယ် ကံကောင်းထောက်မပြီး အငှားကား ဈေးချိုတယ် နေသာတယ် နှင်းပွင့်လေးတွေ လက်နဲ့  တို့ ကြည့်တယ် ဧည့်ကြိုက သဘောကောင်းတယ်
ဒီလိုနဲ့  ဆက်လျှောက်ကြတယ် ဆက်လျှောက်ကြမယ် ခရီးအတူ ဆက်သွားရဦးမယ်
to my best travel partner
2 comments:
တွဲလက်တွေမြဲပြီး ဒီအတိုင်းဆက်လျှောက်နိုင်ပါစေ။
မတွေ့တာကြာခဲ့ပြီနော်
Post a Comment