လရောင်က
ကြမ်းပြင်ပေါ်လင်းဖြာ
ဘုရားကျောင်းနံရံထက်က
ဒီအလင်းနဲ့
တိတ်တဆိတ် က ခုန်နေမဲ့ ကျောက်သားနတ်သမီးများ
သလင်း
စားပွဲပေါ်က မီးတောက်ငယ် ယိမ်းတနွဲ့ မှာ ငါ့အရိပ်ပါ စည်းချက်လိုက်နာ
မြို
့ငယ်လေးရဲ့ သံစဉ်တွေ တောက်ပတဲ့ည
စိတ်ဝိဉာဏ်
အေးတိတ်တဲ့ည
ကြယ်ကလေးတွေဆီက
စကားသံတောင် ပျပျလေး ကြားလိုက်ရ
အမှတ်မထင်
ရိုစီတာရဲ့
နှင်းဆီပွင့်တွေကို လွမ်းသွား
လိပ်ပြာလမ်းရဲ့
ပိုးစုန်းကြူးလေးတွေ လွမ်းသွား
တောင်ခြေစီက
မြစ်ဧရာကို လွမ်းသွား
မိုင်ပေါင်း
လေးထောင်ကျော် နဲ့  လပြည့်ပေါင်း နှစ်ရာကျော် အဝေးက မြို့ ကလေးကို
လွမ်းသွား။
တချိန်က
အေးမြတဲ့
ကျောက်ကြမ်းခင်းထက် ဖဝါးမြှုပ်ရင်း တိတ်တဆိတ် မျှော်ငေးခဲ့ရမည့် လမ်းပြ တံခွန်များ
ညဥ့်ကြက်
တွန်သံများ
ဟောဟို
ကျွန်းတောဆီမှ ရုတ်တရက် အသော့နှင်လာပြီး ပွေ့ဖက်လိုက်လေမလား မြစ်ဧရာရဲ့
လှိုင်းငယ်တဖြတ်လို ယိုင်ခတ် ပန်းလျရ...
ဒီလိုနဲ
့
ခရီးဆက်ချင်သည်ဖြစ်စေ
မဆက်ချင်သည်ဖြစ်စေ
ရထားကတော့
ခုတ်မောင်းဆဲပဲ
လွမ်းနေကြောင်းကို
သိစေချင်တာ
သက္ကရာဇ်များအဆက်ဆက်တိုင်အောင်။

No comments:
Post a Comment