လူတွေကပြောကြတယ်။
ပျော့နွဲ့ လွန်းတဲ့ မိန်းမတဲ့လေ
ကိုယ့်ဇာတ်လမ်းနဲ့ ကိုယ်
အကြမ်းမင်းသမီး ဖြစ်ခဲ့ဘူးပါ့။
တချို့ ကဆိုတယ်
အသဲနှလုံးမရှိတဲ့ မိန်းမတဲ့
အရာရာ ပျက်ပြုန်းလို့ 
ကြေကွဲရတာရော ဘယ်သူသိနိုင်မှာတဲ့လဲ။
ငါဟာ ပျော်ရွှင်သူတဲ့
အကြိမ်ကြိမ်ပြိုလဲတဲ့
အရှုံးတွေကြားက
မဆန့် ရင်ကာပြုံးမိတာ
ငါသာ အသိဆုံးပါ။
ငါဟာ အတ္တကြီးသူတဲ့
ရှိသမျှ မာန သိက္ခာတွေ
ချုံးချုံးကျ မသွားခင်
အရေးတကြီး ကာကွယ်ခဲ့ရတာပါ။
လောကကြီးရဲ့ အမြင်ဟာ
ဘယ်လောက်တောင်
ရယ်စရာကောင်းလိုက်လေလဲ။
ငါ့ကိုယ်ပေါ်က ငါကို ခွါချရင်တောင်မှ
ငါ့ကို ငါလို့ မြင်နေဦးမဲ့ လောက။
စိတ်ပျက်တယ်။
1 comment:
ရန်မဖြစ်ပါနဲ့ဟယ် ..
ပထမဦးဆုံးအကြိမ်လာလည်သွားတယ် .. Reader ထဲထည့်လိုက်ပြီ။ ဆက်ချီတက်။
Post a Comment