ဘဝကို အရိုင်းပန်းပွင့်လေးလို ဖြတ်သန်းကြည့်စေလို။ လွတ်လပ်စွာ လှပစွာ ရိုးစင်းစွာ ... 'နေ့ ရက်တခုချင်းစီတိုင်း ပျော်ရွှင်စွာ'
Saturday, December 24, 2011
ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်
ဘာလုပ်မယ်လို့ မှ မစဉ်းစားရသေးခင် ပိတ်ရက်က ရောက်လာပြီ။ ထုံးစံအတိုင်း တညလုံးရုပ်ရှင်ကြည့်လိုက် စာဖတ်လိုက် နောက်တနေ့ နေ့ လည် ၁နာရီလောက်မှ အိပ်ယာထ.... ဒီဇင်ဘာက ကိုယ့်အတွက် ဘာမှ သိပ်မထူးခြားပါလား။ အပြင်မှာ မီးရောင်တွေ တလက်လက်... နှင်းဖြူတွေ မရှိတဲ့ ဒီမြို့ လေးမှာ မိုးစက်ဖြူတွေက အစားထိုး စွေလို့ ။ အထင်ကရ လမ်းမတွေ တစ်လျှောက် ခရစ်စမတ် သီချင်းသံက ပြန့် ကြဲ ဖြန့် ခင်းရင်း။ ပြူတင်းပေါက်ကတဆင့် မိုးထင်းနေတဲ့ လောကကြီးကို ငေးကြည့်မိတယ်။ ဒီအထီးကျန်မှုကို ကိုယ်ရှာဖွေခဲ့တာပါ။ ဒီပျင်းရိ ငြီးငွေ့ မှုကို ကိုယ့်ဘာသာ သိမ်းထားခဲ့တာ။ တိတ်တဆိတ် တစ်ယောက်တည်း နေတတ်ဘို့  ကိုယ်ရွေးချယ်ခဲ့တာ။
တကယ်တော့ ဒီဇင်ဘာဟာ ကိုယ့်အတွက် သိပ်အဓိပ္ပါယ်ရှိခဲ့ နက်ရှိုင်းခဲ့ဘူးပါတယ်။ နှစ်သစ်ညတွေကို ရင်ခုန်ခဲ့ဘူးတယ်။ ခရစ်စမတ်ည ရဲ့ မီးရောင်တွေအောက်မှာ အချိန်ဆိုတာ မသိမရှိ ပျော်ရွှင်ခဲ့ဘူးရဲ့။
အလယ်တန်းကျောင်းသူ ဘဝ ခရစ်စမတ်တညက အမှတ်တရ ညစာ သေးသေးလေးတစ်ခု။ ကိုယ်တို့ မောင်နှမ သုံးယောက် နဲ့  တစ်အိမ်ကျော်က ညီအမ နှစ်ယောက်တို့  အတူရှိခဲ့တဲ့ပွဲလေး။ သူတို့ ခြံထဲက ပန်းနုရောင် ချယ်ရီပင်အောက်... အဖြူရောင် စားပွဲခင်း ခုံပုလေး နဲ့  ဖယောင်းတိုင် မီးအိမ်လေးတွေ နဲ့  ငယ်ဘဝ အိပ်မက်ထဲက အတိုင်း။ အခုထိတိုင်အောင်လဲ အိပ်မက်ဆန်ခဲ့တဲ့ ညစာ စားပွဲလေးပါ။ လူကြီးတွေ မပါဝင် မစွက်ဖက်။ ကိုယ်တို့  ငါးယောက်သာ တိတ်တဆိတ် ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ရှိခဲ့တဲ့ ညစာစားပွဲလေး။ ...
ကျောင်းသူဘဝ ညတွေ.... အပူအပင် ကင်းခဲ့။ ပျော်ခဲ့။ ဆောင်းည နှင်းမှုံငွေ့ ငွေ့ အောက်က ဓမ္မသီချင်းသံ သဲ့သဲ့။ ပြီးတော့ နှစ်ကူးညတွေမှာ ကြားရတတ်တဲ့ ဂစ်တာသံ ခပ်ပါးပါးနဲ့  ရယ်သံတွေ ။ကိုယ်နဲ့  တိုက်ရိုက်မပတ်သတ်ပေမဲ့ ချိုမြတဲ့ သံစဉ်တွေ အောက်မှာ ရင်ခုန် ယစ်မူးခဲ့။
နောက်တော့ ဆယ်စုနှစ် တခုနီးပါးလောက်ကြာအောင် ဒီဇင်ဘာညတွေ ဘယ်လိုကုန်ဆုံးသွားခဲ့လဲ ကိုယ်မမှတ်မိတော့ဘူး။ ကိုယ်မေ့ပစ်လိုက်ချင်တာတွေ အတွက် မေ့ဘို့ ကြိုးစားရင်း အဲဒီ အချိန်ကာလ တခု ကိုယ့်ဘဝထဲမှာ မှတ်ဥာဏ်ထဲမှာ မှိန်ဖျော့သွားခဲ့တယ်။ နှစ်ဟောင်းမှာပဲလား။ တရာသီ အသစ်လား။ ကိုယ်ဟာ အချိန် ယန္တယားရဲ့ အပြင်ဘက်မှာ။
ဒီနှစ် ချမ်းသလား အအေးပေါ့သလား။ နှင်းစက်တွေ နဲ့  လေးလံတဲ့ တိမ်တိုက်ထုဟာ လက်နက်စက်ရုံက ထွက်လာတဲ့ sulfur dioxide ကိုဖိချလိုက်ရင်း ဒီဇင်ဘာ မနက်ခင်းတချို့ ဟာ ဖြူညစ်ညစ် မှုံရီနေတတ်သေးလား။ နှင်းရည် နဲ့  ကြယ်ကလေးတွေ ငိုနေသယောင် ရှိတတ်လေမလား။ တပင်လုံး ဖွေးနေအောင် ပွင့်တတ်တဲ့ ယုဇနပင်ကရော ဒီတနှစ် အချိန်မှန်မှန် ပွင့်ရဲ့လား။......
ဘယ်အရာကိုမှ ကိုယ်အမှတ်တသားမရှိတော့။ battery ရှိနေသေးပေမဲ့ memory ထုတ်ထားခံရတဲ့ စက်ရုပ်လို။
မေးခွန်းလေးတွေဖြေစို့ ။ အမေး - နတ်သမီး ( ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် ) ။ အဖြေ - ဝင်းမင်း.... ဟိ
♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ကိုယ်.... ခရစ်စမတ် ကို ရင်ခုန်ဘို့ မေ့လျော့သူ။
♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
ခရစ်စမတ် နဲ့  နှစ်သစ်မှာ ကိုယ့်အခန်း ကိုယ့်နေရာဟာ ဗလာသက်သက်
♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နေရောင်ခြည်နွေးတဲ့ ခရစ်စမတ် မနက်ခင်းကို ကြုံဘူးချင်သလို နှင်းပွင့်တွေစုံတဲ့ ဆောင်းရာသီကိုလဲ ကိုယ်ဖြတ်သန်းချင်မိ။
♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
အခြေအနေပေါ်မူတည်မယ် ထင်ပါတယ်။
♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ချစ်ခင်တဲ့သူတွေကို ပေးချင်မိတဲ့ လက်ဆောင်က စိတ်ထဲ ရင်ထဲက ပွင့်အာကျလာစေမဲ့ အပြုံးတခုစီ သူတို့ မျက်နှာ မျက်လုံးမှာ မြင်ချင်ရှိစေချင်တာ။ ဒါ့ကြောင့် ကိုယ်နဲ့  ဆုံတဲ့ တခဏ ပြုံးလာနိုင်အောင် ကြိုးစားဘူး အပြုံးလက်ဆောင် ဖလှယ်ဘူးရဲ့။
♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ပြောပြီးပြီနော်။
♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ကိုယ့်အကြောင်းနားလည်သူ တစ်ယောက်ယောက်နဲ့ ။
♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
နှစ်သစ်မှာ count down ရှိခဲ့ဘူးတယ်။ တစ်ယောက်ထဲလဲ ရှိသလို အဖွဲ့ လိုက်လဲ ရှိခဲ့တယ်။ fire work သွားခဲ့ကြတာ အမှတ်တရပါ။
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
နှစ်သစ်ဆိုရင် အလုပ်များတတ်လို့ ....
♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
တစ်နှစ်စာ အနေနဲ့ တော့ လုပ်လေ့ လုပ်ထ မရှိတတ်ဘူး။
♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
ဟင့်အင်း
♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ဟုတ်။
အားလုံးပဲ HAPPY HOLIDAY ပါ။
Saturday, December 3, 2011
ဒီဇင်ဘာက တရာသီစာအတွက် အနားကွပ်လို့ 
ခရစ်စမတ် အထိအတွေ့ ကလေထုထဲမှာ အပြည့်
ဒီအီကွေတာ ဒေသလေးထဲထိ။
အခန်းတွင်း အပူချိန် ဆယ့်ကိုး - စီ (19 C)
အပြင်က မိုးရေချိန် သုံး-လေး လက်မနဲ့ 
ဝေ့ဝဲတဲ့ ဆောင်းရနံ့ အောက်
သက်တန့် ဖြာလိုက် နေသာလိုက်။
မေရှင်သီချင်းလေး ခပ်တိုးတိုးညည်းမိ
ကတိစကားလဲ မထားသာ
သူ သတိရနေမလားလဲ မသေချာ။

Sunday, November 27, 2011
ပြူတင်းတံခါး အစစ် နဲ့  အတု
ဒီနေ့  အလုပ်များတဲ့ ကြာသပတေးနေ့ ။ ဟုတ်တယ်။ အညိုရောင် ပြူတင်းတံခါး အပြင်ဘက်မှာ လင်းနေတဲ့ နေရောင်က စက်ရုံ အလုပ်ရုံနဲ့  လူနေအိမ် အမိုးတွေပေါ် အရိပ်တချို့ ကျပြီး လှနေတာ မှတ်မှတ်ရရ တွေ့ လိုက်မိရဲ့။ ပြင်ပ အမြင်လွှာတွေ ရုတ်ချိုး ခေါက်သိမ်းလိုက်.....
မနက်၉နာရီ အတိအကျမှာ ကျွန်မအလုပ်စားပွဲပေါ်က ၂၂ လက်မ အနက်ရောင် ပြူတင်းတံခါးက ပွင့်ကျလာတယ်။ ကျွန်မရဲ့ ခွေးခြောက်ကောင် အနက် အညိုရောင်လဲ့လဲ့ ကျွန်မ အသဲတုန် အူတုန်ရဆုံး တစ်ကောင်က နှစ်နှစ် ခြိုက်ခြိုက်အိပ်နေတယ်။ " အိပ်မက်လှလှ မက်နေလား အချစ်"။ သူ့ ကို အပြုံးနဲ့  နှုတ်ဆက်ရင်း စာတိုက်ပုံးကို ဖွင့်ကြည့်လိုက်တယ်။ အဝါရောင် စာတိုက်ပုံးက အလုပ်အတွက်။ ကိုယ်ပိုင်စာတိုက်ပုံးလေးကတော့ အခွံက အဖြူရောင် အတွင်းနံရံတွေက စိတ်ကြိုက် အစိမ်းရောင် စိုစို သုတ်ထားတယ်။ အလုပ်စာပုံးထဲမှာ စာတချို့ ။ ကမ္ဘာတခြမ်းက ကျွန်မတို့ ရဲ့ လုပ်ဘော်ကိုင်ဖတ်တချို့ ဆီက နဲ့  မနက် ၁နာရီ ၂နာရီထိ အလုပ်လုပ်ထားသော မန်နေဂျာ တချို့ စီက စာတွေ။ အရေးကြီးမယ်ထင်တဲ့ စာတွေကို သေသေချာချာဖတ်ရင်း ကျွန်မ ပြန်ရေးဘို့ လိုတဲ့ စာပြန်နဲ့  မနက်ခင်းလေးက တိတ်တဆိတ် သက်ဝင်နေပါတယ်။ ကျွန်မ ကိုယ်ပိုင် စာတိုက်ပုံးလေးထဲမှာတော့ သူငယ်ချင်းတွေဆီက ရယ်စရာ မောစရာ မှတ်စရာတွေ ဝေမျှထားတဲ့ စာတွေက ခပ်များများ။ သတိတရ ရှိမှုအတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ ရေ။

ကော်ဖီပူပူတခွက် အနားယူထားပြီး ကျွန်မရဲ့ တခြားအလုပ်တွေ မစ ခင် အမှိုက်ပုံးစီ အကြည့် ရောက်သွားတယ်။ အား... အမှိုက်သွန်ဦးမှ။ အမှိုက် မပစ်ခင် တကယ်စွန့် ပစ်သင့်ရဲ့လားလို့  နောက်တခေါက် အမှိုက်ပုံးထဲ ပြန်စစ်ပါတယ်။ အရင်တပါတ်က စာရင်း အဟောင်းတွေ။ စာတိုပေစ တဝက်တပျက်တွေ ။..... ပြီးတော့ ပြီးတော့ စိတ်နာနာနဲ့  ပစ်လိုက်မိတဲ့ သူ့ ဓါတ်ပုံ။ အမှိုက်ပုံးထဲက ပြန်ကောက်ပြီး သူ့ နေရာသူ ပြန်သိမ်းရမလား။ ဒါမှမဟုတ် စိတ်ပြေတဲ့ထိ စောင့်ဘို့  အမှိုက်ပုံးထဲမှာပဲထားရင်း ကိုယ့်ဘာသာ လှည့်စားရမလား။ အို.. ပစ်လိုက်တော့မယ်။ သံယောဇဉ်ကြိုး မရှည်မိစေနဲ့ ။ ထွက်သက်တဝက်ကို ခဏရပ်ထားရင်း ကဲ...ပစ်တယ်ကွာ။ ရှင်းသွားရော။ ဘာကြာလဲနော်။ ၁စက္ကန့် တောင် မရှိဘူး။ နောက်ထပ် ဘာရှင်းစရာ ရှိသေးလဲ။ ကျွန်မက အလုပ်မစ ခင် စီရီ ရှင်းလင်းနေမှ ကြိုက်တာမျိုးလေ။
ဒါနဲ့  ဒီတပါတ် ဘယ်သီချင်းက အပေါက်ဆုံးလဲ။ Google.... ကန့် လန့် ကာတချပ်ကို မ ရင်း ကြည့်လိုက်မိတယ်။ ဟုတ်ပြီ။ တဆက်တည်း You Tube ကနေ ယူလိုက်တယ်။ သိပ်မိုက်တာပဲ။
မနက် ၁၀ နာရီခွဲမှာ ရှိတဲ့ meeting တခုအတွက် ကြိုတင် သတိပေးမှုကို ခုန်ပေါက် ဆူညံလာပြီ။ ပြူတင်းတခါးကို လိုက်ကာအချမှာ နောက်ထပ် ခွေးပေါက်လေး တစ်ကောင်က မှုန်ကုပ်ကုပ် ကြည့်လို့ ။ သူ့ ခေါင်းပေါ်မှာတော့ ရေနွေးအိတ်တခု ကပ်ချည်ပေးထားတယ်။ သူက အမြဲခေါင်းကိုက်တတ်လို့ လေ ။ "ဘေဘီ နင်ခေါင်းကိုက်တော့မှာပေါ့။ ညက သောက်တာများသွားတယ်..ဟုတ်"။
အစည်းအဝေးပြီးတော့ နဲနဲ ငြီးစီစီဖြစ်နေတယ်။ စားပွဲစီ အပြေးလျှောက်လာရင်း တခုခုကို သတိရလိုက်တယ် ... ဝိုး ဝိုး...ငါ့ပန်းပင်လေးတွေတော့ သွားပြီထင်တယ်။ တစ်ယောက်ယောက်က ကိုက်ထားပုံရတဲ့ ပန်းသီးပုံစံ တံဆိပ်ပါတဲ့ ပြူတင်းတံခါးအဖြူကို ဖွင့်ရင်း ကြည့်လိုက် မိတယ်။ ငြိုးလုငြိုးခင် ပန်းခင်းကလေးကို ရေမြန်မြန်လောင်း။ မြေသြဇာ နဲနဲထပ်တည့်။ ကျွန်မက တော်သေးတယ်။ တခြားသူငယ်ချင်းတွေဆို အထည်ဆိုင်အပြင်းပြေ ဖွင့်တာနဲ့ ။ မြို့ တည်ဆောက်ရတာနဲ့ ။ စစ်တိုက်ရတာနဲ့ ။ ဟင်းချက်ပြီး စားသောက်ဆိုင်ဖွင့်ရတာနဲ့ ။ ရတနာတူးရတာနဲ့ ။ တခါတလေ မားဖီးယားတွေနဲ့  ဆက်သွယ်ပြီး သူခိုး ဓါးပြတောင် လုပ်ကြသေးတာ။ ကျွန်မမှာလဲ အရင်က မြို့ တမြို့ ။ စိုက်ခင်းတခင်း။ စားသောက်ဆိုင် နဲ့  ဖက်ရှင်ဆိုင် တစ်ဆိုင် ရှိခဲ့ဘူးပါရဲ့။ အခုတော့ အားလုံး စွန့် လွှတ်လိုက်ပြီ။ အေးအေး ဆေးဆေး ပန်းအိုးလေး သုံးလေး အိုးနဲ့  အပင်လေးတွေပဲ စိုက်နေတော့တယ်။ မိတ်ဆွေ သူငယ်ချင်းတွေ သတိတရရှိရင်လဲ ပန်းစည်းလေးတွေ ပို့ လို့ ရတာကိုး နော်။
တနေ့ တနေ့  ကျွန်မ သိပ်အလုပ်ရှုပ်တယ်။ ကိုယ်တခုထဲမှာ life ဘယ်နှခုများရှိနေသလဲ။ Virtual life နဲ့  Real life.. အရောရော အထွေးထွေး။ Virtual life မှာ မြောပါ နစ်ဝင်ရသလို Real life မှာလဲ လှုပ်လှုပ်ရှားရှား ။ ပြူတင်းတခါး အတုတခုကို ဖွင့်ရင် ကမ္ဘာကြီး လောကကြီးရဲ့ အဖြစ်သနစ် မှန်တာ မှားတာ အစစ် အတု ဟုတ်တာ မဟုတ်တာ အကုန်မြင်ရသလို။ တကဲ့ ပြူတင်းတခါးဖွင့်တဲ့အခါမှာလဲ ဝင်လာတဲ့ နေရောင် အလင်းရောင် အသန့် ရှင်း အလတ်ဆတ်ကြီး မဟုတ်တောင် စိတ်ကိုကြည်လင်စေတဲ့ လေသန့် ။ နေရောင်မှာ ဝဲလှည့်ပျံနေတဲ့ အမှုန်ငယ်လေးတွေ။ တခါတရံ သစ်ပင်စိမ်းစိမ်းနဲ့  လိပ်ပြာလေးတွေ ။ တခါတရံ ကလေးငိုသံ။ ကတောက်ကဆ အငြင်းပွါးသံ။ တူထုသံ... သဘာဝကျတဲ့ ပါတ်ဝန်းကျင် အသံတွေ...။ ပြူတင်းတံခါး အားလုံးဟာ နှစ်လိုစရာတွေချည်းပါပဲ။
ကျွန်မရဲ့ ပြူတင်းတံခါးအတုတဘက်မှာ ခွေးလေးခြောက်ကောင် ကြောင်ပေါက်ကလေး နဲ့  ငှက်ကလေးတွေ ရှိသလို တံခါး အစစ်တဘက်မှာလဲ မိသားစု မိတ်ဆွေ သူငယ်ချင်း နဲ့  ကျေနပ်နှစ်သက်စရာ ကောင်းတဲ့ အလုပ်တခု ရရှိထားနေပါတယ်။ ဒါပေမဲ့ အဲဒီတံခါးတွေ အကူးအပြောင်းဟာ စက္ကန့် ပိုင်းမျှသာ ကြာတတ်တာမျိုးပါ။
နေရာအတော်များများမှာလဲ virtual life နဲ့  real life ဟာ အရောရော အလိမ်လိမ်။ virtual ကနေ လူနေမှု ဘဝထဲဆင်းသွားတဲ့ ထုတ်ကုန်ပစ္စည်းတွေ လူ့ အသုံးအဆောင်တွေ နေအိမ်တိုက်တာတွေ။ တခါတလေတော့လဲ virtual life ကနေ real life ကို ခပ်ပါးပါး ပြန်လှီးတဲ့ အညာအဆင်လေးတွေကလဲ အနည်းဆုံးတော့ ပြုံးစရာ။ ကြော်ငြာလောကမှာ အများဆုံးတွေ့ နိုင်တဲ့ "သင် ဒီလို ပိန်သွယ်လှချင်ပါသလား ဒီဒိန်ချဉ်ကို သောက်ပါ " ဒါမှမဟုတ် " ဒီလိုလှပတဲ့ ပစ်မျိုးမှည့်မထင် အသားအရေကို ပိုင်ဆိုင်ချင်ရင် ဒီ cream ကိုသုံးပါ" ဆိုတဲ့ ကြော်ငြာဆိုင်းဘုတ်တွေမျိုးတွေ။ ရုပ်သံ ကြော်ငြာတွေ..။
သူငယ်ချင်းရော ... မင်းရဲ့ real life ထဲမှာ virtual image ရဲ့ ရိုက်ခတ်မှု ဘယ်လောက်များများ ရရှိဘူးပြီလဲ??
Wednesday, November 2, 2011
DSLR များအတွက် Lens သန့် ရှင်းနည်း အထောက်အကူ
အခုတလော သူငယ်ချင်းတွေမှာ DSLR တွေများလာတာ တွေ့ ရတယ်။
ကဒီဘီ ၊ အကိုကြီး ငါးကြော် စသည်ဖြင့်ပေါ့လေ။ အကိုကြီးများ သိပြီးသား
ဖြစ်ကောင်းဖြစ်မယ်။အခုတလော ISO အတွက် work instruction တွေ ရေးရင်းက
ကိုယ့်မိတ်ဆွေ အပေါင်းအသင်းများအတွက် အသုံးဝင်မယ် ထင်မိတာလေးစဉ်းစားမိရင်း
မသိသေးသော သူငယ်ချင်းများ လက်တည့်စမ်း lens man ဝါသနာအိုးများ အတွက် သိထား
မှတ်ထားတာလေး ဝေမျှလိုက်ပါတယ်။ဒီ instruction များဟာ ကျွန်မတို့  အလုပ်ထဲက
အချို့ သော optics များ microscope lens များ camera zoom lens များကို
သန့် ရှင်းရာမှာ အသုံးပြုပါတယ်။
Lens supplier တွေ သုံးလေ့သုံးထ ရှိတဲ့ cleaning solution တခုရှိပါတယ်။ methanol ထက် ပိုပြီး ခြောက်သွေ့ လွယ်တဲ့ solution ပါ။ ကိုယ်ဘာသာ စပ်လို့ ရပါတယ်။ Ether 70% + Denatured Alcohol 30% ကိုအချိုးအတိုင်း စပ်လိုက်ရင် ရပါပြီ။ Lens tissue ကတော့ camera အရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရပါတယ်။ Lens tissue မှာ အချောတဘက် အကြမ်းတဘက်ရှိပါတယ်။ fungus (မှို) ဆေးတာကလွဲလို့  အချော နုတဲ့ဘက်ကို သုံးတာများပါတယ်။

cleaning solution နဲ့  tissue မှာ စွတ်တဲ့အခါ ပုလင်းထဲ တည့်ပြီး ထိပြီး မစွတ်ရပါဘူး။ ပုလင်းကို နဲနဲ မြှင့်ထားရင်း tissue ပေါ် နဲနဲစီ လောင်းချပေးရင်း စွတ်စိုစေရပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်မတို့ လက်မှာ tissue မှာ အလွယ်တကူ မမြင်နိုင်တဲ့ ဖုန်တွေ အမှုန်တွေ ရှိနေတဲ့ အခါ solution ပုလင်းထဲ အမှုန်တွေ ရောက်နိုင်ပြီး ညစ်ပတ်သွားစေနိုင်ပါတယ်။ ဆေးရည်ကို အပေါ်မှ ကျစေခြင်းဖြင့် လက်မှ tissue မှ ဖုန် အမှုန် ဝင်ခြင်းမှ ကာကွယ်စေနိုင်ပါတယ်။
tissue နဲ့  မသုတ်ခင်မှာ blower လေးနဲ့  အမှုန်တွေ အရင် မှုတ်ထုတ်လိုက်ဘို့  မမေ့ပါနဲ့ ဦး။
အဲဒီနောက်
lens ကို သန့် ရှင်းရေးလုပ်တဲ့အခါ tissue နဲ့  နာရီလက်တံအတိုင်း လှည့်ပြီး
သုတ်ချင်ရင်သုတ် ဒါမှမဟုတ် နာရီလက်တံ ပြောင်းပြန်လှည့်ပြီး
သုတ်ချင်လဲသုတ်။ အရေးကြီးတာက clockwise တခါ anticlockwise တခါ အပြန်ပြန်
အလှန်လှန် မသုတ်ဘို့ ပါ။ အကယ်၍သာ ဖုန်မှုန့် လေးတွေ သဲမှုန့် လေးတွေသာ tissue
မှာ ရှိနေမယ်ဆိုရင် အဲဒီလို ပွတ်တိုက်တာနဲ့  coating ကို
ပွတ်ဆွဲသလိုဖြစ်ပြီး အဖြစ်ရာ အစင်းရာတွေ ဖြစ်လာစေနိုင်ပါတယ်။ ကျွန်မတွေ
့ဘူးတဲ့ service သမားတွေကတော့ lens သန့် ရှင်းရေး လုပ်ရာမှာ ခရုပတ် ပုံစံ
သန့် ရှင်းပါတယ်။ lens tissue တွေကလဲ ဈေးကြီးပါတယ်။ tissue တရွက်ကို
နောက်ထပ် တဝက်စီလောက် ညှပ်ပြီး သုံးရင် အနေတော် အခေါက်ကလေးတွေ
ခေါက်နိုင်ပြီး သန့် ရှင်းရေး လုပ်ရာမှာလဲလွယ် အလေအလွင့်လဲ နည်းမှာပါ။
ဈေးကြီးတဲ့ camera lens တွေအတွက် preventive maintenance လေးတခုအဖြစ်
လက်ဆောင်လေးပါ။ အော် .. fungus တွေ ရှိနေခဲ့ရင် လောလောဆယ် ဘာ cleaning
solution မှ လဲ အနားမှာ အလွယ်မရှိရင် ဆပ်ပြာရည်နဲ့  လဲ ဆေးလို့ ရတယ်။
အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ camera ရွှံ့ တောထဲ ကျသွားတာတို့  ဘာတို့ ပေါ့။
XD ... နောက်ပြီး lens ကို အလွယ်တကူ လက်နဲ့ သုတ်ပြီး သန့် ရှင်း
တဲ့အကျင့်၊ ပါးစပ်နဲ့ မှုတ်ပြီး အမှုန်တွေ သန့် ရှင်းတဲ့ အကျင့်တို့ ကိုတော့
တင်းတင်းကျပ်ကျပ်ရှောင်ပါနော်။
ခင်မင်စွာနဲ့ 
grace
ဒါ့ပုံတွေကို တချို့  google မှရှာပြီး တချို့ ကိုယ်ဘာသာ ရိုက်သည်။... :)..
ကျောင်းဆိုဒ်မှာ ရေးမိတဲ့ စာတစ်ပုဒ်။
Lens supplier တွေ သုံးလေ့သုံးထ ရှိတဲ့ cleaning solution တခုရှိပါတယ်။ methanol ထက် ပိုပြီး ခြောက်သွေ့ လွယ်တဲ့ solution ပါ။ ကိုယ်ဘာသာ စပ်လို့ ရပါတယ်။ Ether 70% + Denatured Alcohol 30% ကိုအချိုးအတိုင်း စပ်လိုက်ရင် ရပါပြီ။ Lens tissue ကတော့ camera အရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရပါတယ်။ Lens tissue မှာ အချောတဘက် အကြမ်းတဘက်ရှိပါတယ်။ fungus (မှို) ဆေးတာကလွဲလို့  အချော နုတဲ့ဘက်ကို သုံးတာများပါတယ်။
cleaning solution နဲ့  tissue မှာ စွတ်တဲ့အခါ ပုလင်းထဲ တည့်ပြီး ထိပြီး မစွတ်ရပါဘူး။ ပုလင်းကို နဲနဲ မြှင့်ထားရင်း tissue ပေါ် နဲနဲစီ လောင်းချပေးရင်း စွတ်စိုစေရပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်မတို့ လက်မှာ tissue မှာ အလွယ်တကူ မမြင်နိုင်တဲ့ ဖုန်တွေ အမှုန်တွေ ရှိနေတဲ့ အခါ solution ပုလင်းထဲ အမှုန်တွေ ရောက်နိုင်ပြီး ညစ်ပတ်သွားစေနိုင်ပါတယ်။ ဆေးရည်ကို အပေါ်မှ ကျစေခြင်းဖြင့် လက်မှ tissue မှ ဖုန် အမှုန် ဝင်ခြင်းမှ ကာကွယ်စေနိုင်ပါတယ်။
ခင်မင်စွာနဲ့ 
grace
ဒါ့ပုံတွေကို တချို့  google မှရှာပြီး တချို့ ကိုယ်ဘာသာ ရိုက်သည်။... :)..
ကျောင်းဆိုဒ်မှာ ရေးမိတဲ့ စာတစ်ပုဒ်။
Sunday, October 23, 2011
နှုတ်မဆက်ချင်ခဲ့သူ
Mr. Bean ရဲ့ Johnny English မှာ ဆေးရုံဘယ်နေရာမှာရှိမှန်းမသိတာနဲ့ ကားလမ်းအတိုင်း ရဟတ်ယာဉ် မောင်းလာရင်း ရှာရင်း ကားတွေ အဝိုင်းမှာ ကွေ့ ရင် သူပါ ရဟတ်ယာဉ်လိုက်ကွေ့ မောင်းတဲ့ Bean ကိုရယ်ခဲ့ရတယ်။ အသက် - နင်မှတ်မိဦးမလား။ အဲဒါမျိုး ငါတို့  ဖြစ်ခဲ့ကြတယ်လေ။ ကြာခဲ့ပြီ ၁၁နှစ်တောင်။ ဒုတိယနှစ် စာမေးပွဲ တွေပြီးလို့  အိမ်မပြန်ခင်တရက်။ ငါတို့  အဖွဲ့ ကို နင်ပဲ ဘာကျွေးမလေး ညာကျွေးမလေးနဲ့  စားသောက်ဆိုင် လိုက်ရှာခဲ့ကြတယ်။ ပြည်မြို့ ရဲ့ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းဆိုတာ ခပ်သေးသေးရယ်ပါ။ ဒါပေမဲ့ ရန်ကုန်သွားတဲ့ ရခိုင်ဘက်ဆင်းတဲ့ ရွှေတောင်လိုင်းကားတွေ ဖြတ်တဲ့ နေရာဆိုတော့ နည်းနည်းတော့ ရှုပ်တာပေါ့။ ဒါပေမဲ့ နင် အဲဒီအဝိုင်းကို တစ်ယောက်တည်း သုံးပါတ် ပါတ်ပြီး ကားရှောင်တာတော့ နည်းနည်းတော့ လွန်တာပေါ့။ ငါတို့ တောင် ရောယောင်ပြီး နင့်နောက်က နှစ်ပါတ်လောက် လိုက်ပြီး စက်ဘီးနင်းလိုက်ကြသေး။
Final ရောက်တော့ စာမေးပွဲ အပြီး နင်... ငါတို့ ကို လာနှုတ်ဆက်တယ်။ မျက်ရည်တွေတောင် ယောင်ယောင်ဝဲလို့ ။ ငါတို့ တဖွဲ့ လုံးကလဲ စာမေးပွဲအပြီးမှာ အိမ်ပြန်ဘို့  မစဉ်းစားအားသေးပဲ ပျော်စရာ အမှတ်တရ တခုခုလုပ်ဘို့ သာ စိတ်စောနေတာလေးတွေ ရပ်ပြီး နင့်ကို စိတ်ထဲလဲ မကောင်းစွာ တကယ်လဲ နင့်ခင်မင်မှုကို သတိရမိရင်း နှုတ်ဆက်ကြတယ်။ နာရီဝက်လောက် ငါတို့ အဆောင်ရှေ့ မှာ နင့်နဲ့  တို့ အဖွဲ့  အချိန်ဖြုန်းပြီး နင် စက်ဘီးလေး နင်းရင်းပြန်သွားတယ်။ ငါတို့ လဲ ရုတ်ရုတ်စုစု ကိုယ့်အစီအစဉ် ကိုယ်ပြန် စ ကြတာပေါ့။ ဟင်းတွေချက်ပြီး ထမင်းတူတူစားကြမယ်။ ရုပ်ရှင်ကြည့်ကြမယ်။ ဂစ်တာတီး သီချင်းဆိုကြမယ်။ ဒီတညလုံး မအိပ်ပဲ မှတ်မှတ်ရရ ရှိနေပေးကြမယ်ပေါ့။ သိပ်မကြာသေးဘူး။ တို့ အဆောင်ရှင် ဖွားဖွားက လာပြောပြန်တယ်။ EC ကသူငယ်ချင်းတွေ ခြံဝ မှာ နှုတ်ဆက်မဲ့သူ ရောက်နေတယ်တဲ့။ ဘယ်သူလဲ ။ နင်ပဲ ဖြစ်နေပြန်တယ်။ ငါတို့  နဲနဲလေးတော့ နင့်ကို ဒေါသထွက်ချင်နေပေမဲ့ နင့်ကို စိတ်ရှည်ရှည်ထားပြီး ထပ်နှုတ်ဆက်ကြပြန်တယ်။ နင်တကယ် ဝမ်းနည်းနေပုံ နဲ့  ဆိုတော့လဲ စိတ်မကောင်း ဖြစ်သွားပြန်ရင်းနဲ့ ။ ခန နေတော့ နင်ပြန်သွားတယ်။ ငါတို့  တစ်ယောက်ကို တစ်ယောက် ကြည့် မျက်မှောင်ကျုတ်ရင်း မျက်လုံးတွေ ပုတ်ခတ် ပုတ်ခတ်လုပ် စဉ်းစားရင်း။ ငါတို့ ရေချိုးကြ။ အလှပြင်ကြ။ တစ်ယောက်ကို တစ်ယောက် စ နောက်ရင်း အော်ဟစ်ကြ။ မနက်ဖြန်မှာ ငါတို့ မခွဲရသေးတဲ့အတိုင်း။ မြို့ သေးသေးလေးထဲ အနှံ့ သွားကြတယ်။ ညဈေးမှာ ဝယ်တာ မဝယ်တာ ထား။ လမ်းလျှောက်ကြတယ်။ မြစ်ရေနံ့  နဲနဲညှီတဲ့ ကမ်းနားလမ်းမှာ ပုခုံးချင်းထိတားရင်း ငေးမောကြ။ ရွှေဆံတော်ဘုရားရဲ့ ထောင့်တဘက် ဆယ်ထပ်ကြီးဘက်က ပိုက်ဆံလှူတဲ့ ဆုံလည်ဝိုင်းမှာ ကိုယ်ဆုတောင်းထားတဲ့ ဖလားထဲထိ ရောက်အောင် သံဆကာထဲ အတင်းလှမ်း ပိုက်ဆံထည့်ကြ။ ရိုးမဘက်မှာ နေဝင်သွားတဲ့အထိ ဘုရားရင်ပြင်ပေါ်က စောင့်ကြည့်ကြနဲ့  ငါတို့ ပြန်လာတော့ လမ်းမီးတွေတောင် လင်းနေပြီ။အဆောင်ပြန်ရောက်တော့ နှုတ်ဆက်ပွဲအတွက် စားဘို့ သောက်ဘို့ ပြင်ဆင်ရင်း EC အဖွဲ့  ဧည့်သည်တဲ့။ နင်ပဲလေ။ ဒီတခါ ငါတို့ အားလုံး နင့်ကို မနှုတ်ဆက်ချင်တော့ဘူး။ အားလုံး တစ်ယောက်ကို တစ်ယောက် လွှဲချ ရှောင်ဖယ်ရင်း နောက်ဆုံးတော့ လာလာကြီး ကပဲ ခေါင်းငိုက်စိုက် နဲ့ ထွက်သွားပေးရှာတယ်။ ငါပဲ အနစ်နာ ခံလိုက်ပါတော့မယ်တဲ့။
မှောင်လာတာနဲ့ ခြင်ကိုက်တတ်တာ ပြည်က ထုံးစံပဲလေ။ နင့်အတွက်နဲ့  လာလာကြီး ဘယ်လိုတွေ ပေးဆပ်ခဲ့ရလဲ နင်မှတ်မိလား။ သူ့ ခမျာ ခြေထောက်ကို တစ်ဘက်ပြီး တစ်ဘက် မနားတမ်း မြှောက်ရင်း လွှဲရင်း ခုန်ရင်း နင့်နှုတ်ဆက်စကားကို ငါတို့ ကိုယ်စား နားထောင်ပေးခဲ့ရတယ်။ ငါတို့ တွေကလဲ ထမင်းစားမစောင့်နိုင်တော့ အရင်စားနှင့်ကြ ပေါ့လေ။ အခုတော့လဲ တွေးမိတော့ ပြုံးရတယ်။ ဒီနှုတ်ဆက်ပွဲကို ငါ ခပ်ရေးရေးသာဖြစ်နေတာ ကြာပြီ။
အစ ဖော်ပေးတဲ့ စု ။ အားလုံးကိုယ်စား ရှေ့ တန်းက ပါဝင်ပေးခဲ့တဲ့ လာလာ။ ငါတို့ အဖွဲ့ နဲ့  အခုထိ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နင် " သက်ထွန်းအောင်"။ ငါတို့  ဆုံဆည်းမှု အမှတ်တရ။

Saturday, October 22, 2011
စောင့်နေခဲ့တယ်
မနေ့ စီက လာခဲ့ရာလမ်းအတိုင်း
တညနေတောင် စောင်းပြန်ပေါ့
မျက်ရည်တစ မျက်လွှာချလို့ 
တနေ့  အိမ်ပြန်နောက်ကျခဲ့ပြန်သည်။
အလွတ်ရနေတဲ့
နင့် တယ်လီဖုန်း နံပါတ်ကို ငါမခေါ်တော့
ချစ်တယ်ဆိုတဲ့ စာတိုလေးတွေ ငါမပို့ တော့
နင့်ကိုသတိတရ စာရှည်တွေ ....
နင့်အမည်လိပ်စာကို ငါ့အမြင်အာရုံနဲ့ ရှိုက်နမ်းရင်း
သက်ပြင်းတဝက်နဲ့  draft တတ်ပြီ
နင့်ခြေလှမ်းတွေ ထွေပြားမှာ စိုးရိမ်မိသည်........။
အဝေးက နင့်အနမ်း အသံ ဟန်ပန်
အလွမ်းတွေနဲ့ စနစ်တကျ ထုတ်ပိုးလို့ 
အသေအချာသိမ်းထားခဲ့ပြီ။
အထီးတကျန်လက်စ
ငါသာရှိပါစေတော့....။

Sunday, September 4, 2011
ဒီနေ့ 
ငှက်ကလေးကို ကြိုးဖြေပေးခဲ့တယ်
သူက ကောင်းကင်နဲ့  ချည်နှင့်ပြီးသားမလို့ ..
နားချင်ရင်လဲနား
သွားချင်လဲသွား
ငါ နင့်ကိုလွမ်းတဲ့အခါ
နင်ထားခဲ့တဲ့ ခြေရာလေးတွေ
တစစီရှာရင်း...
ငါ့နှလုံးသားမှာ နင်ချန်ခဲ့တဲ့အရာ။
အချစ်ဟာ ကိုယ်ပျောက်ဝိဇ္ဖာလို
ငါ့အနား တိတ်တိတ်ရောက်နေခဲ့
ငါ့စိတ်ကူးထဲက နင့်ရင်ခွင်ဟာ နွေးထွေးခဲ့ဘူး
နင့်လက်တွေ မြဲမြံခဲ့ဘူး
နင့်အချစ်ဟာ ချိုမြခဲ့ဘူးရဲ့
မယုံကြည်ခဲ့တာတွေ ယုံကြည်တယ်
မလေးနက်ခဲ့တာတွေ လေးနက် တည်ကြည်လာတယ်
နင်အနားမရှိတဲ့ ငါ့အချိန်တွေ ကုန်နိုင်ခဲတယ်
အခုတော့
ရှိပါစေ.....
အလွမ်းတွေ နဲ့  နေသားကျနေခဲ့လို့ ...။

Friday, August 26, 2011
ဝေးရမှာသိတယ်
တနေ့ နေ့ အတူဆုံရယောင်
တလှည့်စီ လှည့်စားကြရင်း
ပုံပြင်လှလှလေးတွေ သီတတ်ကြ....
အိပ်မက်က ခမ်းနားသလောက်
လက်တွေ့ ကခြားနားဆဲ
ကြယ်ကလေးတွေ နေရာအနှံ့ 
ပြန့် ကျဲလင်းလက်
ငါ့ရင်ထဲက ကြယ်ကလေးနင်
ကမ္ဘာကုန်သရွေ့ ထွန်းလက်လိမ့်မယ်
ငါ့ကောင်းကင်ထက်က မီးအိမ်ငယ်
မငြိမ်းပါစေနဲ့ ဦး...
ဒီအလင်းဖျော့ဖျော့လေးကပဲ
ငါ့ကိုယ်ငါလဲ ထွန်းလင်းစေရဲ့
ငါ့လမ်းငါလဲ မြင်စေရဲ့
အနွေးဓါတ်နဲ့ လဲ ငါ့အသက်ဆက်စေရဲ့
ဒီလိုပဲ
အဝေးကြီးဝေးရင်း
ထပ်ဝေးရမှာသိလဲ......
တနေ့ နေ့ အတူဆုံရယောင်
တလှည့်စီ လှည့်စားကြရင်း
ပုံပြင်လှလှလေးတွေ သီတတ်ကြ....
အိပ်မက်က ခမ်းနားသလောက်
လက်တွေ့ ကခြားနားဆဲ
ကြယ်ကလေးတွေ နေရာအနှံ့ 
ပြန့် ကျဲလင်းလက်
ငါ့ရင်ထဲက ကြယ်ကလေးနင်
ကမ္ဘာကုန်သရွေ့ ထွန်းလက်လိမ့်မယ်
ငါ့ကောင်းကင်ထက်က မီးအိမ်ငယ်
မငြိမ်းပါစေနဲ့ ဦး...
ဒီအလင်းဖျော့ဖျော့လေးကပဲ
ငါ့ကိုယ်ငါလဲ ထွန်းလင်းစေရဲ့
ငါ့လမ်းငါလဲ မြင်စေရဲ့
အနွေးဓါတ်နဲ့ လဲ ငါ့အသက်ဆက်စေရဲ့
ဒီလိုပဲ
အဝေးကြီးဝေးရင်း
ထပ်ဝေးရမှာသိလဲ......
Wednesday, June 15, 2011
Game
လူထူထပ်ရာ ရပ်ရင်း
ငါတစ်ယောက်ထဲ အထီးကျန်မိခဲ့
အချစ် တခုရဘို့  ဘာနဲ့ ဘယ်လို ချိန်ဆက်
ဝယ်ရမလဲ။
လူတွေက အစမ်းသပ်မခံနိုင်ကြတာလဲ ခက်တယ်။
ချစ်တယ်ဆိုတဲ့သူတွေ
အတ္တပိုကြီးတတ်ကြတယ်။
ငွေ နဲ့  ရမ္မက်
မေတ္တာတရားထက် အထားပိုခံတယ်။
အပြုံးစစ်စစ်လို မျက်နှာဖုံးတွေကလဲ
တခါသုံး ပစ္စည်းတွေလို ဖောဖောသီသီ။
ရယ်သံတွေမှာ ပဲ့တင်ထပ်နေတဲ့ အက်သံ
မိုးရေစက်တို့ အောက်က မျက်ရည်
ဟန်မဆောင်နိုင်တဲ့ ငါ့အတွက်
အကာအကွယ် တခုတော့လိုမယ်...
သြော် ဒီမှာ
ငါယူလာခဲ့တာ အစစ်အမှန်
နင်နာကြင်ထိခိုက်မိမှာစိုးတာနဲ့ 
ငါပြန်သိမ်းထားခဲ့တယ်....
တခါတရံ အမှန်စစ်စစ်တွေက
ခါးသီးရက်စက်တတ်တယ်....
အချစ်ဟာ ကစားပွဲသာဆိုရင်
နှစ်ဘက်လုံးရှုံး
နှစ်ဘက်လုံးနိုင်တတ်တဲ့ပွဲ....
ငါတို့ မအောင်မြင်ခဲ့တာတော့ သေချာတယ်။
ငါတစ်ယောက်ထဲ အထီးကျန်မိခဲ့
အချစ် တခုရဘို့  ဘာနဲ့ ဘယ်လို ချိန်ဆက်
ဝယ်ရမလဲ။
လူတွေက အစမ်းသပ်မခံနိုင်ကြတာလဲ ခက်တယ်။
ချစ်တယ်ဆိုတဲ့သူတွေ
အတ္တပိုကြီးတတ်ကြတယ်။
ငွေ နဲ့  ရမ္မက်
မေတ္တာတရားထက် အထားပိုခံတယ်။
အပြုံးစစ်စစ်လို မျက်နှာဖုံးတွေကလဲ
တခါသုံး ပစ္စည်းတွေလို ဖောဖောသီသီ။
ရယ်သံတွေမှာ ပဲ့တင်ထပ်နေတဲ့ အက်သံ
မိုးရေစက်တို့ အောက်က မျက်ရည်
ဟန်မဆောင်နိုင်တဲ့ ငါ့အတွက်
အကာအကွယ် တခုတော့လိုမယ်...
သြော် ဒီမှာ
ငါယူလာခဲ့တာ အစစ်အမှန်
နင်နာကြင်ထိခိုက်မိမှာစိုးတာနဲ့ 
ငါပြန်သိမ်းထားခဲ့တယ်....
တခါတရံ အမှန်စစ်စစ်တွေက
ခါးသီးရက်စက်တတ်တယ်....
အချစ်ဟာ ကစားပွဲသာဆိုရင်
နှစ်ဘက်လုံးရှုံး
နှစ်ဘက်လုံးနိုင်တတ်တဲ့ပွဲ....
ငါတို့ မအောင်မြင်ခဲ့တာတော့ သေချာတယ်။
Monday, April 11, 2011
ရွက်ကြွေတော အလွမ်းပြေ
နွေရောက်တော့မည်...
မျက်လုံးတွေခဏ မှိတ်ရင်း ၁၀ နှစ်တာမျှဝေးကွာခဲ့သော ရွက်ကြွေတောရာသီတွေကို စဉ်းစားမိသည်။ အဝါရောင် အနုအဖျော့ လိမ္မော်ရောင် အနီရောင် အစိမ်းရောင် တစတပျောက် အပြာရောင် အညိုရောင် ခရမ်းရောင် တချို့ လဲပါမည်။
ရွက်ကြွေတော ပန်းချီကားများစွာ ကြည့်ဘူးသည်။
ကြည့်မိတိုင်းလဲ အနည်းဆုံး ၁၀ မိနစ်မျှ ခြေစုံရပ် ငေးမောရသည်ချည်း။
အဝါရောင်သည် ပျော်ရွှင်ခြင်း တောက်ပလန်းဆန်းခြင်း ကြည်လင်သန့် ရှင်းခြင်းကိုသာမက အတိတ်ကို မှတ်မိလွယ်အောင်ပါ ဖမ်းစားနိုင်သည်။ ရွက်ကြွေရာသီသည် ရွှေရောင် ဝတ်စုံနှင့် လှည့်စားတတ်သူ နတ်သမီး ဖြစ်သည်။ သူမ ဝင်ရောက်လာသည်နှင့် တိတ်ဆိတ်လေးလံမှုကို နေရောင်အောက်မှာပင် ပြောင်ပြောင်တင်းတင်း သယ်ဆောင်လာသည်။ လွမ်းမောမှု အထီးကျန်မှု တွေဝေမှု ပျင်းရိမှုတို့ ကိုပါ လက်ဆောင် အဖြစ်ဝေငှတတ်သည်။ ပြီးလျှင်တော့ သူမက ပူလောင်ဆူပြင်းသော လောကကြီးကို ဘာသိဘာသာပင် ကျောခိုင်းကာ တိတ်ဆိတ်အေးခဲပစ်တတ်သေးသည်။ ရွက်ဝါတို့  လျှပ်တိုက်ပြေးစေကာ လေရူး တမွေ့ တရမ်းနှင့် နွေသံစဉ်နှင့် ပမာမခန့် ရှိတတ်သေးသည်။
ရွက်ကြွေအဝါရောင် အမိုးအအုပ်များအောက် ပုရစ်ငယ်လေးတို့  တရေးတမောအိပ်စက်ကြမည်။ ပုစဉ်းရင်ကွဲလေးများနှင့် ဥသြတို့ ကငေးငေးမောမော သီချင်းဆိုမည်။ ငှက်ကလေးများကလဲ ရွက်ကြွေတောရင်ခွင်သို့  ပြေးဝင်ကာ နေရောင်ရှောင်မည်။ ပန်းပွင့်လေးများလဲ ခဏတဖြုတ် ခေါင်းစိုက်ကာ အိပ်ငိုက်မည်။ စမ်းချောင်းငယ်လေးသာ ခြေသံတိုးဖွဖွနဲ့  သူတို့ ကြားမှ တိတ်တဆိတ် ဖြေးဖြေးလေးလေး လှမ်းနေမည်ဖြစ်သည်။ ရေပြင်ပေါ်က အဝါရောင်အရိပ်သည် မြေပြင်ပေါ်မှ အဝါရောင်နှင့် ပေါင်းစပ်ရင်း အဝါရောင်များစွာ ပျံ့ ကျဲသွားပေလိမ့်မည်။
တိတ်ဆိတ်ပူနွေးသော နေ့ လည်တချို့ သည် ရွက်ကြွေတောကို စိတ်နှင့်ဖမ်းဆုပ်ဘို့  အကောင်းဆုံးဖြစ်သည်။ နေ့ အလင်းရောင်ကြောင့် မျက်ခွံများကို ဖြတ်သန်းလာသော အရောင်သည် အဝါရောင် ... ထို့ နောက် တိတ်ဆိတ်မှုထဲမှ ရွက်ကြွေသံကို စိတ်နှင့်မျှားခေါ်။ ပူနွေးသော ဝင်သက် ထွက်သက်က ရွက်ကြွေတောမှ နေ့ လည်ခင်း လေသွေးသလို ....
ရွက်ဝါတွေသည်သာ အိုမင်းရင့်ရော်ခြင်းနဲ့  မမြဲခြင်းသဘောဆိုလျှင်တောင် သူတို့ သည် နောက်ဆုံး အချိန်အထိ ပကတိအလှနဲ့  ဘဝကို တန်ဆာဆင် အလှလက်ဆောင်ပေးတတ်တာ အားကျရင်း...
Notes: Pictures from Iphone-WallpapersHD

Sunday, April 10, 2011
ခရီးသစ်
ထွက်ခွါဘို့ ချိန်တန်ပြီ
ပြင်ဘို့ ဆင်စို့ ရဲ့
အတုအယောင် တရားက
ရုတ်တရက် ကိုယ်ထင်ပြ ရိုက်ချလိုက်ချက်က
တိတ်တဆိတ်ပြိုလဲ
အနက်ရှိုင်းဆုံး နာကြင်တယ်။
လူသူမသိ
အခန်းထောင့်ထဲ တိတ်တိတ်ကြိတ်ငို
ဆွံ့ အ....
ကျိုးကြောင်းဆက်စပ်ရင်းလဲ
မပီမသ ပြုံးမိသေးခဲ့
သံသရာဆိုတာ ဝင်္ကပါလို....
အမှားထဲမှာ နေသမျှတော့
အမှန်မမြင်နိုင်တဲ့နောက်
ဒီအမှားတွေပြန်ဆည်ဘို့ လဲ
အချိန်ဆိုတဲ့ ခဲဖျက်ကလေးလိုမယ်..
အဲဒီနောက်မှာ
ချစ်ခြင်း မုန်းခြင်း ကင်း
ဒီတိတ်ဆိတ်မှုဟာ ဘယ်လောက်များ လှပလိုက်လေမလဲ...
ပေါ့ပါးမျောလွင့်သွားအောင်ကို လှပမှာသေချာတယ်...
ထွက်ခွါချိန်နီးပြီ..
ပြင်ဆင်စို့ ရဲ့...

Tuesday, February 8, 2011
နင်နဲ့ လမ်းခွဲပြီးနောက်
နင်နဲ့ လမ်းခွဲပြီးနောက် အံ့သြစရာကောင်းလောက်အောင်ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့  ဘဝကိုဖြတ်သန်းနေတယ်။ ငါထင်ခဲ့တာက ငါ့ဘဝတစ်ခုလုံး မှောင်အတိကျပြီး မျက်ရည်တွေနဲ့  နစ်မြောသွားပြီ ထင်ခဲ့မိတာ.. အခုတော့ ငါပိုပြီးကြံ့ခိုင်လာတယ်။ အရင်ကလို အရာရာကိုကြောက်တတ် တွေဝေတတ် ရှေ့ မတိုး နောက်မဆုတ်ရဲတဲ့ ကောင်မလေးမဟုတ်တော့ဘူး။ ဆုံးဖြတ်ချက်တွေ ပြတ်သားရဲတင်းပြီး (ကံကောင်း ထောက်မမှု တချို့ နဲ့ အတူ) အလုပ်ထဲမှာ ငါရာထူးတွေ တက်လာခဲ့တယ်။ ငါ့ရဲရင့်မှုအတွက်နဲ့ ပဲ ငါ့မှာ ခမ်းနားတဲ့ အလှတမျိုးရှိတယ်လို့  လူတွေက ထင်လာကြပြန်တယ်။ တောက်ပရဲရင့်တဲ့ အလှတရားရှေ့ မှာ အရည်ပျော် အရှုံးပေးကြတဲ့ နှလုံးသားအသစ် တချို့ အကြောင်းနင်ကြားရင် ယုံပါ့မလားပဲ။ သိပ်မကြာသေးတဲ့ အတိတ်တခုတုန်းက နင့်ရှေ့ မှာ ထူထူပေပေ ပုံတုံးတုံး နဲ့  မျက်ရည်စက်လက် တောင်းပန်နေတဲ့ မိန်းကလေးကို နင်ပဲ စိတ်လက်မရှည် ပုခုံးခြင်းတိုက် ထွက်သွားခဲ့သေးတာ နင်လတ်လတ် ဆတ်ဆတ်မှတ်မိနေသေးတာကိုး..
ဟုတ်ပါတယ်။ အရှုံး ကနေ အမြတ်တော်တော်များများ ငါရလိုက်တယ်။
နင်အနားရှိတုန်းက နင့်ကို မယုံရဲပေမဲ့ နင့်ကို ကိုးကွယ်မှုနဲ့  လုံခြုံခဲ့တယ်။ နင်မရှိပြန်တော့ ငါ့ကိုယ်ငါ ကိုးကွယ်ရင်း ရဲရင့် လုံခြုံခဲ့ပြန်တယ်။
အသဲကွဲခြင်းက ရလိုက်တဲ့ တခြားအဘိုးထိုက်တန်မှုတွေမှာ မှော်ဝင်တဲ့ ကဗျာတွေရှိမယ်။ အိပ်ပျက်ညတွေမှာ ကြယ်စုံတဲ့ ကတ္တီပါ နက်ပြာ ကောင်းကင်ကို မြင်ခွင့်ရမယ်။
ညိုးနွမ်းတဲ့ ပန်းကလေးတွေ ၊ အထီးကျန်တဲ့ ငှက်ကလေးတွေ ၊ လမ်းပျောက်နေတဲ့ လိပ်ပြာလေးတွေ၊ မှိန်ဖျော့တဲ့ ကြယ်ကလေးတွေက ငါ့သူငယ်ချင်းတွေ ဖြစ်လာတယ်။
အလုပ်ထဲမှာနစ်မြုပ်ရင်း အလုပ်ရဲ့ ပျော်ရွှင်မှု အရသာကို ရရှိခဲ့တယ်။ တကယ့်ကိုသီးသန့် ခမ်းနားတဲ့ ကမ္ဘာ တစ်ခုပါ။
နောက်ထပ် ငါ့ ကိုယ်အလေးချိန် တော်တော်ကျသွားတယ်။ ငါစိတ်မကူးရဲခဲ့တဲ့ အရောင်းကောင်တာ အရုပ်ပေါ်က အဝတ်အစားတချို့  ငါ့ကိုယ်ပေါ်နေရာယူနိုင်လာတယ်။ အရင်က မသုံးရဲခဲ့တဲ့ အရောင်တချို့  ငါ့မျက်နှာပေါ်မှာ ပန်းချီဆွဲရင်း ပြောင်းလဲဆန်းသစ်မှုကို ခံစားခဲ့တယ်။
ငါ့ရဲ့ကျရှုံးမှုမှာ ငါတကယ်ကို ပျော်ရွှင်မိတယ်။
ဆုံးရှုံးမှုရဲ့နောက်ကွယ်က လျှို့ ဝှက်ထားတဲ့ မှော်ဆန်ဆန် ကမ္ဘာတစ်ခုကို ငါရှာဖွေတွေ့ ရှိခဲ့တဲ့အတွက် ဒီဆုံးရှုံးမှုကို တသက်တာ ပျော်ရွှင်စွာ ကျေးဇူးတင် မှတ်မိထားပါမယ်....
မပီဝိုးဝါးအလွမ်း
သတိရနေမှာ မသေချာလဲ ကွယ်ရာတစ်ထောင့်က
လွမ်းနေမယ်
နင့်အပြုံးနဲ့ 
ဖူးပွင့်ခဲ့မနက်ခင်းတွေ
နေရောင်အောက်မှာ
တောက်ပခဲ့ဘူးတာ
အလွမ်းလက်ဆောင် တစ်ခု
နင်ရယ်မောသံနဲ့ 
သက်ဝင်ခဲ့တဲ့
ငါ့အိပ်မက်တွေ
အခုတော့ အိပ်ပျက်ညရှည်
အသွင်ပြောင်းပြီ
ငါတဆောင်းဝင်ရာမှာ
နင်တနွေပြောင်း
နင်နေထွက်ရာမှာ
ငါနေဝင်
ဖြတ်ခနဲတွေ့ 
ရိပ်ကနဲ ဆုံဆည်း
ဆုံမှတ်စီ ပျံသန်းခဲ့ကြတဲ့
ငါတို့ မျက်နှာချင်းဆိုင် အစက်ကလေးတစ်စုံ
အခုတော့
ပို၍ ပို၍ဝေးရာ....
PS: ဘယ်သူနဲ့ ဝေးမှန်းလဲ မသိ.. ဘာကို လွမ်းတာလဲ မသေချာတာနဲ့ 

Sunday, February 6, 2011
အချစ်ကြောင့်....
ငါ့ပုခုံးစွန်းက သူ့ လက်ဟာ
ငါလဲမကျဘို့ ထိန်းမ,ကူသလို
သူ့ လက်ဖဝါးအောက်က ငါ့ပုခုံးတွေဟာ
သူလဲမကျစေဘို့  ဖေးကူခဲ့ပါတယ်
တစ်ယောက်မျက်ဝန်းကို တစ်ယောက်စူးစိုက်ကြည့်တိုင်း
ကိုယ့်မျက်ဝန်းကို ကိုယ်ပြန်စိုက်ကြည့်တိုင်း
အချစ်ဆိုတဲ့အကြောင်းဟာ
ပိုခိုင်မာသေချာလာခဲ့ကြောင်း ပိုပြီးသိလာတယ်။
အချစ်နဲ့ ပဲ ဘဝခါးခါးကို
တကြိုက်စီမြိုချရင်း
ဘဝကိုပိုခုံမင်လာခဲ့တယ်။
မမျှော်လင့်တာတွေကို
စောင့်ကြို အသင့်ရှိခဲ့တယ်။
အချစ်နှစ်ပါတ်လည်နေ့ 
အမှတ်တရများစွာဟာ
ဒီနေ့ လဲဟုတ်တယ်
မနက်ဖြန်လဲဟုတ်တယ်
မနေ့ ကလဲဆင်နွှဲခဲ့တယ်။
အချစ်ကြောင့်
အနာဂတ်ကို အထက်စီးနဲ့ 
ငုံ့ ကြည့်နိုင်ခဲ့တယ်။
အချစ်ကြောင့်
ငိုခြင်း ရယ်ခြင်း ပူလောင်ခြင်း ငြိမ်းအေးခြင်း
လောက အနုပညာကို
တတ်မြောက်ခဲ့ရတယ်။

Subscribe to:
Comments (Atom)