လူထူထပ်ရာ ရပ်ရင်း
ငါတစ်ယောက်ထဲ အထီးကျန်မိခဲ့
အချစ် တခုရဘို့  ဘာနဲ့ ဘယ်လို ချိန်ဆက်
ဝယ်ရမလဲ။
လူတွေက အစမ်းသပ်မခံနိုင်ကြတာလဲ ခက်တယ်။
ချစ်တယ်ဆိုတဲ့သူတွေ
အတ္တပိုကြီးတတ်ကြတယ်။
ငွေ နဲ့  ရမ္မက်
မေတ္တာတရားထက် အထားပိုခံတယ်။
အပြုံးစစ်စစ်လို မျက်နှာဖုံးတွေကလဲ
တခါသုံး ပစ္စည်းတွေလို ဖောဖောသီသီ။
ရယ်သံတွေမှာ ပဲ့တင်ထပ်နေတဲ့ အက်သံ
မိုးရေစက်တို့ အောက်က မျက်ရည်
ဟန်မဆောင်နိုင်တဲ့ ငါ့အတွက်
အကာအကွယ် တခုတော့လိုမယ်...
သြော် ဒီမှာ
ငါယူလာခဲ့တာ အစစ်အမှန်
နင်နာကြင်ထိခိုက်မိမှာစိုးတာနဲ့ 
ငါပြန်သိမ်းထားခဲ့တယ်....
တခါတရံ အမှန်စစ်စစ်တွေက
ခါးသီးရက်စက်တတ်တယ်....
အချစ်ဟာ ကစားပွဲသာဆိုရင်
နှစ်ဘက်လုံးရှုံး
နှစ်ဘက်လုံးနိုင်တတ်တဲ့ပွဲ....
ငါတို့ မအောင်မြင်ခဲ့တာတော့ သေချာတယ်။
ဘဝကို အရိုင်းပန်းပွင့်လေးလို ဖြတ်သန်းကြည့်စေလို။ လွတ်လပ်စွာ လှပစွာ ရိုးစင်းစွာ ... 'နေ့ ရက်တခုချင်းစီတိုင်း ပျော်ရွှင်စွာ'
Wednesday, June 15, 2011
Monday, April 11, 2011
ရွက်ကြွေတော အလွမ်းပြေ
နွေရောက်တော့မည်...
မျက်လုံးတွေခဏ မှိတ်ရင်း ၁၀ နှစ်တာမျှဝေးကွာခဲ့သော ရွက်ကြွေတောရာသီတွေကို စဉ်းစားမိသည်။ အဝါရောင် အနုအဖျော့ လိမ္မော်ရောင် အနီရောင် အစိမ်းရောင် တစတပျောက် အပြာရောင် အညိုရောင် ခရမ်းရောင် တချို့ လဲပါမည်။
ရွက်ကြွေတော ပန်းချီကားများစွာ ကြည့်ဘူးသည်။
ကြည့်မိတိုင်းလဲ အနည်းဆုံး ၁၀ မိနစ်မျှ ခြေစုံရပ် ငေးမောရသည်ချည်း။
အဝါရောင်သည် ပျော်ရွှင်ခြင်း တောက်ပလန်းဆန်းခြင်း ကြည်လင်သန့် ရှင်းခြင်းကိုသာမက အတိတ်ကို မှတ်မိလွယ်အောင်ပါ ဖမ်းစားနိုင်သည်။ ရွက်ကြွေရာသီသည် ရွှေရောင် ဝတ်စုံနှင့် လှည့်စားတတ်သူ နတ်သမီး ဖြစ်သည်။ သူမ ဝင်ရောက်လာသည်နှင့် တိတ်ဆိတ်လေးလံမှုကို နေရောင်အောက်မှာပင် ပြောင်ပြောင်တင်းတင်း သယ်ဆောင်လာသည်။ လွမ်းမောမှု အထီးကျန်မှု တွေဝေမှု ပျင်းရိမှုတို့ ကိုပါ လက်ဆောင် အဖြစ်ဝေငှတတ်သည်။ ပြီးလျှင်တော့ သူမက ပူလောင်ဆူပြင်းသော လောကကြီးကို ဘာသိဘာသာပင် ကျောခိုင်းကာ တိတ်ဆိတ်အေးခဲပစ်တတ်သေးသည်။ ရွက်ဝါတို့  လျှပ်တိုက်ပြေးစေကာ လေရူး တမွေ့ တရမ်းနှင့် နွေသံစဉ်နှင့် ပမာမခန့် ရှိတတ်သေးသည်။
ရွက်ကြွေအဝါရောင် အမိုးအအုပ်များအောက် ပုရစ်ငယ်လေးတို့  တရေးတမောအိပ်စက်ကြမည်။ ပုစဉ်းရင်ကွဲလေးများနှင့် ဥသြတို့ ကငေးငေးမောမော သီချင်းဆိုမည်။ ငှက်ကလေးများကလဲ ရွက်ကြွေတောရင်ခွင်သို့  ပြေးဝင်ကာ နေရောင်ရှောင်မည်။ ပန်းပွင့်လေးများလဲ ခဏတဖြုတ် ခေါင်းစိုက်ကာ အိပ်ငိုက်မည်။ စမ်းချောင်းငယ်လေးသာ ခြေသံတိုးဖွဖွနဲ့  သူတို့ ကြားမှ တိတ်တဆိတ် ဖြေးဖြေးလေးလေး လှမ်းနေမည်ဖြစ်သည်။ ရေပြင်ပေါ်က အဝါရောင်အရိပ်သည် မြေပြင်ပေါ်မှ အဝါရောင်နှင့် ပေါင်းစပ်ရင်း အဝါရောင်များစွာ ပျံ့ ကျဲသွားပေလိမ့်မည်။
တိတ်ဆိတ်ပူနွေးသော နေ့ လည်တချို့ သည် ရွက်ကြွေတောကို စိတ်နှင့်ဖမ်းဆုပ်ဘို့  အကောင်းဆုံးဖြစ်သည်။ နေ့ အလင်းရောင်ကြောင့် မျက်ခွံများကို ဖြတ်သန်းလာသော အရောင်သည် အဝါရောင် ... ထို့ နောက် တိတ်ဆိတ်မှုထဲမှ ရွက်ကြွေသံကို စိတ်နှင့်မျှားခေါ်။ ပူနွေးသော ဝင်သက် ထွက်သက်က ရွက်ကြွေတောမှ နေ့ လည်ခင်း လေသွေးသလို ....
ရွက်ဝါတွေသည်သာ အိုမင်းရင့်ရော်ခြင်းနဲ့  မမြဲခြင်းသဘောဆိုလျှင်တောင် သူတို့ သည် နောက်ဆုံး အချိန်အထိ ပကတိအလှနဲ့  ဘဝကို တန်ဆာဆင် အလှလက်ဆောင်ပေးတတ်တာ အားကျရင်း...
Notes: Pictures from Iphone-WallpapersHD

Sunday, April 10, 2011
ခရီးသစ်
ထွက်ခွါဘို့ ချိန်တန်ပြီ
ပြင်ဘို့ ဆင်စို့ ရဲ့
အတုအယောင် တရားက
ရုတ်တရက် ကိုယ်ထင်ပြ ရိုက်ချလိုက်ချက်က
တိတ်တဆိတ်ပြိုလဲ
အနက်ရှိုင်းဆုံး နာကြင်တယ်။
လူသူမသိ
အခန်းထောင့်ထဲ တိတ်တိတ်ကြိတ်ငို
ဆွံ့ အ....
ကျိုးကြောင်းဆက်စပ်ရင်းလဲ
မပီမသ ပြုံးမိသေးခဲ့
သံသရာဆိုတာ ဝင်္ကပါလို....
အမှားထဲမှာ နေသမျှတော့
အမှန်မမြင်နိုင်တဲ့နောက်
ဒီအမှားတွေပြန်ဆည်ဘို့ လဲ
အချိန်ဆိုတဲ့ ခဲဖျက်ကလေးလိုမယ်..
အဲဒီနောက်မှာ
ချစ်ခြင်း မုန်းခြင်း ကင်း
ဒီတိတ်ဆိတ်မှုဟာ ဘယ်လောက်များ လှပလိုက်လေမလဲ...
ပေါ့ပါးမျောလွင့်သွားအောင်ကို လှပမှာသေချာတယ်...
ထွက်ခွါချိန်နီးပြီ..
ပြင်ဆင်စို့ ရဲ့...

Tuesday, February 8, 2011
နင်နဲ့ လမ်းခွဲပြီးနောက်
နင်နဲ့ လမ်းခွဲပြီးနောက် အံ့သြစရာကောင်းလောက်အောင်ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့  ဘဝကိုဖြတ်သန်းနေတယ်။ ငါထင်ခဲ့တာက ငါ့ဘဝတစ်ခုလုံး မှောင်အတိကျပြီး မျက်ရည်တွေနဲ့  နစ်မြောသွားပြီ ထင်ခဲ့မိတာ.. အခုတော့ ငါပိုပြီးကြံ့ခိုင်လာတယ်။ အရင်ကလို အရာရာကိုကြောက်တတ် တွေဝေတတ် ရှေ့ မတိုး နောက်မဆုတ်ရဲတဲ့ ကောင်မလေးမဟုတ်တော့ဘူး။ ဆုံးဖြတ်ချက်တွေ ပြတ်သားရဲတင်းပြီး (ကံကောင်း ထောက်မမှု တချို့ နဲ့ အတူ) အလုပ်ထဲမှာ ငါရာထူးတွေ တက်လာခဲ့တယ်။ ငါ့ရဲရင့်မှုအတွက်နဲ့ ပဲ ငါ့မှာ ခမ်းနားတဲ့ အလှတမျိုးရှိတယ်လို့  လူတွေက ထင်လာကြပြန်တယ်။ တောက်ပရဲရင့်တဲ့ အလှတရားရှေ့ မှာ အရည်ပျော် အရှုံးပေးကြတဲ့ နှလုံးသားအသစ် တချို့ အကြောင်းနင်ကြားရင် ယုံပါ့မလားပဲ။ သိပ်မကြာသေးတဲ့ အတိတ်တခုတုန်းက နင့်ရှေ့ မှာ ထူထူပေပေ ပုံတုံးတုံး နဲ့  မျက်ရည်စက်လက် တောင်းပန်နေတဲ့ မိန်းကလေးကို နင်ပဲ စိတ်လက်မရှည် ပုခုံးခြင်းတိုက် ထွက်သွားခဲ့သေးတာ နင်လတ်လတ် ဆတ်ဆတ်မှတ်မိနေသေးတာကိုး..
ဟုတ်ပါတယ်။ အရှုံး ကနေ အမြတ်တော်တော်များများ ငါရလိုက်တယ်။
နင်အနားရှိတုန်းက နင့်ကို မယုံရဲပေမဲ့ နင့်ကို ကိုးကွယ်မှုနဲ့  လုံခြုံခဲ့တယ်။ နင်မရှိပြန်တော့ ငါ့ကိုယ်ငါ ကိုးကွယ်ရင်း ရဲရင့် လုံခြုံခဲ့ပြန်တယ်။
အသဲကွဲခြင်းက ရလိုက်တဲ့ တခြားအဘိုးထိုက်တန်မှုတွေမှာ မှော်ဝင်တဲ့ ကဗျာတွေရှိမယ်။ အိပ်ပျက်ညတွေမှာ ကြယ်စုံတဲ့ ကတ္တီပါ နက်ပြာ ကောင်းကင်ကို မြင်ခွင့်ရမယ်။
ညိုးနွမ်းတဲ့ ပန်းကလေးတွေ ၊ အထီးကျန်တဲ့ ငှက်ကလေးတွေ ၊ လမ်းပျောက်နေတဲ့ လိပ်ပြာလေးတွေ၊ မှိန်ဖျော့တဲ့ ကြယ်ကလေးတွေက ငါ့သူငယ်ချင်းတွေ ဖြစ်လာတယ်။
အလုပ်ထဲမှာနစ်မြုပ်ရင်း အလုပ်ရဲ့ ပျော်ရွှင်မှု အရသာကို ရရှိခဲ့တယ်။ တကယ့်ကိုသီးသန့် ခမ်းနားတဲ့ ကမ္ဘာ တစ်ခုပါ။
နောက်ထပ် ငါ့ ကိုယ်အလေးချိန် တော်တော်ကျသွားတယ်။ ငါစိတ်မကူးရဲခဲ့တဲ့ အရောင်းကောင်တာ အရုပ်ပေါ်က အဝတ်အစားတချို့  ငါ့ကိုယ်ပေါ်နေရာယူနိုင်လာတယ်။ အရင်က မသုံးရဲခဲ့တဲ့ အရောင်တချို့  ငါ့မျက်နှာပေါ်မှာ ပန်းချီဆွဲရင်း ပြောင်းလဲဆန်းသစ်မှုကို ခံစားခဲ့တယ်။
ငါ့ရဲ့ကျရှုံးမှုမှာ ငါတကယ်ကို ပျော်ရွှင်မိတယ်။
ဆုံးရှုံးမှုရဲ့နောက်ကွယ်က လျှို့ ဝှက်ထားတဲ့ မှော်ဆန်ဆန် ကမ္ဘာတစ်ခုကို ငါရှာဖွေတွေ့ ရှိခဲ့တဲ့အတွက် ဒီဆုံးရှုံးမှုကို တသက်တာ ပျော်ရွှင်စွာ ကျေးဇူးတင် မှတ်မိထားပါမယ်....
မပီဝိုးဝါးအလွမ်း
သတိရနေမှာ မသေချာလဲ ကွယ်ရာတစ်ထောင့်က
လွမ်းနေမယ်
နင့်အပြုံးနဲ့ 
ဖူးပွင့်ခဲ့မနက်ခင်းတွေ
နေရောင်အောက်မှာ
တောက်ပခဲ့ဘူးတာ
အလွမ်းလက်ဆောင် တစ်ခု
နင်ရယ်မောသံနဲ့ 
သက်ဝင်ခဲ့တဲ့
ငါ့အိပ်မက်တွေ
အခုတော့ အိပ်ပျက်ညရှည်
အသွင်ပြောင်းပြီ
ငါတဆောင်းဝင်ရာမှာ
နင်တနွေပြောင်း
နင်နေထွက်ရာမှာ
ငါနေဝင်
ဖြတ်ခနဲတွေ့ 
ရိပ်ကနဲ ဆုံဆည်း
ဆုံမှတ်စီ ပျံသန်းခဲ့ကြတဲ့
ငါတို့ မျက်နှာချင်းဆိုင် အစက်ကလေးတစ်စုံ
အခုတော့
ပို၍ ပို၍ဝေးရာ....
PS: ဘယ်သူနဲ့ ဝေးမှန်းလဲ မသိ.. ဘာကို လွမ်းတာလဲ မသေချာတာနဲ့ 

Sunday, February 6, 2011
အချစ်ကြောင့်....
ငါ့ပုခုံးစွန်းက သူ့ လက်ဟာ
ငါလဲမကျဘို့ ထိန်းမ,ကူသလို
သူ့ လက်ဖဝါးအောက်က ငါ့ပုခုံးတွေဟာ
သူလဲမကျစေဘို့  ဖေးကူခဲ့ပါတယ်
တစ်ယောက်မျက်ဝန်းကို တစ်ယောက်စူးစိုက်ကြည့်တိုင်း
ကိုယ့်မျက်ဝန်းကို ကိုယ်ပြန်စိုက်ကြည့်တိုင်း
အချစ်ဆိုတဲ့အကြောင်းဟာ
ပိုခိုင်မာသေချာလာခဲ့ကြောင်း ပိုပြီးသိလာတယ်။
အချစ်နဲ့ ပဲ ဘဝခါးခါးကို
တကြိုက်စီမြိုချရင်း
ဘဝကိုပိုခုံမင်လာခဲ့တယ်။
မမျှော်လင့်တာတွေကို
စောင့်ကြို အသင့်ရှိခဲ့တယ်။
အချစ်နှစ်ပါတ်လည်နေ့ 
အမှတ်တရများစွာဟာ
ဒီနေ့ လဲဟုတ်တယ်
မနက်ဖြန်လဲဟုတ်တယ်
မနေ့ ကလဲဆင်နွှဲခဲ့တယ်။
အချစ်ကြောင့်
အနာဂတ်ကို အထက်စီးနဲ့ 
ငုံ့ ကြည့်နိုင်ခဲ့တယ်။
အချစ်ကြောင့်
ငိုခြင်း ရယ်ခြင်း ပူလောင်ခြင်း ငြိမ်းအေးခြင်း
လောက အနုပညာကို
တတ်မြောက်ခဲ့ရတယ်။

Sunday, November 28, 2010
ခဏတာ အိမ်များ
လက်ဆွဲအိတ်ကို အခန်းထောင့်ချ
ပြတင်းတံခါး လိုက်ကာအမမှာ
ငှက်ကလေးက နှုတ်ဆက်တယ်။
ဒီနေရာ နင်သဘောကျရဲ့လားတဲ့လေ။
အထီးကျန်မှုနဲ့  နေသားကျစ
ငါ့အတွက်
ဒီနေရာဟာ တကယ်ကို
အကျွမ်းတဝင် ရှိလွန်းပါတယ်။
အလုပ်ထဲမှာနစ်မြုပ်
မိုးချုပ်တာနေထွက်တာ
ငါမမှတ်မိ
သူငယ်ချင်းများကမေးတယ်
ဒီမှာပျော်သလားတဲ့။
အမေ့အိမ်ကိုလွမ်းတာ ၁၆ နှစ်ကျော်ကြာတဲ့
ငါ့အတွက်
ဒီနေရာဟာလည်း နေသာပါတယ်။
နှစ်ဦးဆုံတွေ့ ချိန်
ကြင်ကြင်နာနာပျော်ရွှင်ရယ်မော
ချစ်သူကမေးတယ်
သူနဲ့ အတူရှိတာပျော်ရွှင်ပါရဲ့လားတဲ့။
မျက်နှာကြောမာမာတွေနဲ့ 
အနိုင့်အထက် တရားတွေထဲ
ခြေစုံကန် မျက်နှာချင်းဆိုင်နေတဲ့
ငါ့အတွက်
တကယ်ပျော်ရွှင်ပါတယ်။
ပြတင်းတံခါး လိုက်ကာအမမှာ
ငှက်ကလေးက နှုတ်ဆက်တယ်။
ဒီနေရာ နင်သဘောကျရဲ့လားတဲ့လေ။
အထီးကျန်မှုနဲ့  နေသားကျစ
ငါ့အတွက်
ဒီနေရာဟာ တကယ်ကို
အကျွမ်းတဝင် ရှိလွန်းပါတယ်။
အလုပ်ထဲမှာနစ်မြုပ်
မိုးချုပ်တာနေထွက်တာ
ငါမမှတ်မိ
သူငယ်ချင်းများကမေးတယ်
ဒီမှာပျော်သလားတဲ့။
အမေ့အိမ်ကိုလွမ်းတာ ၁၆ နှစ်ကျော်ကြာတဲ့
ငါ့အတွက်
ဒီနေရာဟာလည်း နေသာပါတယ်။
နှစ်ဦးဆုံတွေ့ ချိန်
ကြင်ကြင်နာနာပျော်ရွှင်ရယ်မော
ချစ်သူကမေးတယ်
သူနဲ့ အတူရှိတာပျော်ရွှင်ပါရဲ့လားတဲ့။
မျက်နှာကြောမာမာတွေနဲ့ 
အနိုင့်အထက် တရားတွေထဲ
ခြေစုံကန် မျက်နှာချင်းဆိုင်နေတဲ့
ငါ့အတွက်
တကယ်ပျော်ရွှင်ပါတယ်။
Subscribe to:
Posts (Atom)