နောက်ဆုံးပိတ် waste လဲ ဖြစ် ကိုယ်တွေနဲ့ လဲ ရင်းနှီးတဲ့ waste တခုကတော့
Defect ပါ၊ Defect ဆိုတာ ပုံမှန်အားဖြင့် ကာစတန်မာ တောင်းဆိုတာထက်
လျော့နည်းရမဲ့ အရာတခုပေါ့။ မျက်စိလည်သွားလား။
ကိုယ်က ပီဇာရောင်းမယ်။
ပီဇာတခု ရောင်းဘို့  ကိုယ့်ဝန်ထမ်းကြောင့် ပီဇာပျက်သွားတယ် သုံးတဲ့
ဂျုံအမျိုးအစားမကောင်းလို့  ပီဇာ မှိုနံ့  နံသွားတယ် မီးဖို အပူချိန်
ချိန်လို့ မရလို့  ပီဇာကျွမ်းသွားတယ် စသည်အမျိုးမျိုးသော
အကြောင်းတွေကြောင့် defect ဖြစ်လာတဲ့အခါ ကိုယ့်အရင်းထဲက
ပဲ့ပဲ့ပါသွားတာပေါ့။
အဲဒီတော့ defect ကြောင့် အရည်အသွေးညံ့ဖျင်းတာ၊
ဝရန်တီ အချိန်ကြာကြာပေးပြီး ပျက်သမျှ ပြင်ပေးရတာ၊ ပြန်ပြီး ပြုပြင်ပေးရတာ
(Rework) ၊ service cost တွေ နှိမ့် ယူရတာကနေ... နောက်ဆုံး ကာစတမ်မာ
တခြားသူဆီရောက်သွားတော့တာပါပဲ။
ဘာကြောင့် defect ဖြစ်ရသလဲ...
အဖြစ်နိုင်ဆုံးအချက်က Process Check လစ်ဟာတာကြောင့်ပါ။ ကိုယ်လုပ်နေတဲ့
လုပ်လက်စ အလုပ် မှန်လား မှားလား ဝေဖန် ဆန်းစစ်မှု အားနည်းတာမျိုး။
ပြသနာဆိုတာမျိုးက စောစောဖြေရှင်းလေ အကုန်အကျ သက်သာလေပါပဲ။ နောက်ပြီး
လိုအပ်တဲ့ သင်တန်းတွေ မရှိတာမျိုး၊ တိကျရှင်းလင်းတဲ့ work instruction
မရှိတာတွေဟာလဲ defect ကို ဖြစ်ပေါ်စေပါတယ်။
ပြသနာကို ချဉ်းကပ်
အဖြေရှာတဲ့ နည်းမျိုးစုံရှိပါတယ်။ ဥပမာ - ပစ္စည်းတွေ ထောင်နဲ့ သောင်းနဲ့ 
ချီ ထုတ်လုပ်တဲ့ စက်ရုံတွေမှာဆို ပစ္စည်းတခုမှာ ပြသနာတွေ့ တာနဲ့  တွေ့ တွေ
့ချင်း operate လုပ်နေတဲ့ line ကို ရပ်ပြီး ပြသနာကို
ချက်ချင်းအဖြေရှာခြင်းဖြင့် အခြားထောင်ပေါင်း သောင်းပေါင်းများစွာသော
ပစ္စည်းတွေရဲ့ ပြသနာကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။
Pokayoke လို
့ခေါ်တဲ့ mistake proofing tools ကိုလဲ သုံးကြပါတယ်။ အမှားထဲက
အဖြေရှာနည်းလို့  ဆိုပါစို့ ။ mistake proofing ကို လွယ်လွယ်ကူကူတွေ
့ရမဲ့နေရာက အများပြည်သူသုံးအိမ်သာ လက်ဆေး စင်တွေက ရေပိုက်ခေါင်း တွေမှာ
အလိုအလျောက် ရေကျစေတဲ့ sensor တပ်ထားတာကို ဥပမာ ပေးရပါလိမ့်မယ်။
သဘောက
အိမ်သာကထွက်လာတဲ့သူဟာ သာမာန်ရေပိုက်ခေါင်းကို လှည့်ဖွင့်ပြီး လက်ဆေးတယ်။
ရေပိုက်ခေါင်း ပြန်ပိတ်တဲ့အခါမှာ ခုန လက်မဆေးရသေးတဲ့ အချိန် ကိုင်ထားတဲ့
နေရာကိုပဲ ပြန်ကိုင်ပြီး ပိတ်လိုက်တော့ သဘောအားဖြင့် ဆေးပြီးသား လက်
ပြန်ညစ်ပတ်ပြီး အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။ လက်ဆေးကန်ထဲ လက်ရောက်တာနဲ့ 
အလိုအလျောက်ရေကျခြင်းဖြင့် ခုနက ပြသနာကို ဖြေရှင်းလိုက်ပါတယ်။ ဒါ့အပြင်
ရေပိုက်ခေါင်းကို ဖွင့်လိုက် လှည့်လိုက်နဲ့  အချိန်ကြာတဲ့အခါ ရေပိုက်ခေါင်း
ချောင်ပြီး လဲ ရစေခြင်းမှလဲ အချိန်ကာလ တခု အထိ သက်သာစေပါတယ်။
5 Why လို့ ခေါ်တဲ့ ပြသနာကို ချဉ်းကပ်နည်းတခုကလဲ အလွန်အသုံးဝင်ပါတယ်။
အလွန် လူကြိုက်များ အသုံးဝင်တဲ့ tools တခုကတော့ Fish bone diagram လို
့ခေါ်တဲ့ ငါးရိုးပုံနဲ့  ပြသနာ အဖြေရှာနည်းပါ။ ငါးရဲ့ ဦးခေါင်းဟာ အမြဲတမ်း
ပြသနာအဖြစ် ဦးတည်ထားပြီး အခြေခံအားဖြင့် အရိုး ၅ ချောင်းနဲ့  ဖွဲ
့စည်းပြီး အဖြေရှာပါတယ်။ အရိုးတွေရဲ့ အမည်တွေက Man, Machine, Material,
Method, Enviroment (4M+1E) လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ Man
လူကြောင့်ဖြစ်သလား Machine စက်ကြောင့်ဖြစ်သလား Material
အသုံးပြုတဲ့ပစ္စည်းတွေကြောင့်လား Method အသုံးပြုပုံ တည်ဆောက်ပုံတွေ
လွဲချော်နေသလား မရှင်းလင်းသလား Enviorment ပတ်ဝန်းကျင်ရဲ့
သက်ရောက်မှုကြောင့်လား စသည်ဖြင့် anlysis လုပ်တာမျိုးပါ။Fish Bone Diagram
အတွက်လဲ လေ့လာထားသမျှ သတ်သတ်ရေးပါမယ်။
နောက်ထပ် defect မှာ ကျမ
သုံးလေ့ရှိတဲ့ tool တခုက 80-20 rule ပါ။ ပြသနာပေါင်း သောင်းခြောက်ထောင်
ပစ္စည်းပေါင်း အမျိုးအမည်ပေါင်းများစွာအတွက် တခါတည်း မဖြေရှင်းနိုင်ပါဘူး။
အဲဒါကြောင့် ရလာတဲ့ data ပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတဲ့ နှစ်ကာလ
အပိုင်းအခြားအတွင်း ပြသနာ အပေးဆုံး ဆုံးရှုံးမှု အများဆုံး ပစ္စည်း /
ပြသနာအမျိုးအမည် (defect description) ၂၀% ကို မင်နီဝိုင်းလိုက်ပါတယ်။
ဒီ၂၀% ကို ဖြေရှင်းလိုက်ခြင်းအားဖြင့် defect cost 80% ကို အလိုအလျှောက်
ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။
မေးခွန်းများ feedbackများ ဖြည့်စွက်မှုများ ဆွေးနွေးမှုများ ကြိုဆိုပါတယ်ရှင့်
Jan 17 - 2017 Posted at Pyay GTI facebook group
No comments:
Post a Comment