Thursday, February 16, 2017

W : Waiting - LEAN Management System (7 wastes Introduction)

Waiting Waste က တော့ process တခုမှာ အရင် process က မပြီးသေးလို့  စောင့်နေရတာမျိုးကို ဆိုလိုတာပါ။ ဥပမာ material delivery ကိုစောင့်တာ machine က သတ်မှတ်ထားတဲ့ အချိန်အထိ run နေလို့  စောင့်တာ (မုန့် ဖုတ်တဲ့ လုပ်ငန်းဆို ပေါင်မုန့် ကို စက်ထဲထည့် ဖုတ်တာကို ထိုင်စောင့်ရတာမျိုး) machine run ပေးဘို့  လူမရှိ လို့  စောင့်ရတာ၊ work instruction အဆင်သင့် မဖြစ်လို့  စောင့်ရတာမျိုး inspection လုပ်နေလို့  အချိန်ကြာနေတာ ဒါမှမဟုတ် information တခုခု သိချင်လို့  စောင့်နေရတာ စသည်ဖြင့်။
operation ထဲမှာ operator တွေဟာ တခုခုကို ရပ်စောင့်နေရတာမျိုး ခဏခဏ မြင်ရပြီဆိုရင် ပြန်သုံးသပ်ဘို့  လိုနေပါပြီ။ နောက်ဆက်တွဲ ပြသနာအနေနဲ့  operating cost တွေ overtime cost တွေ ပိုကုန်ကျမယ်။ တခါတလေ စောင့်နေရတာနဲ့  အချိန်မလောက်မင ဖြစ်ချိန်မှာ customer က တခုခု ပြောင်းလဲချင်တာမျိုး ရှိတဲ့အခါ ပြောင်းလဲပေးနိုင်တဲ့ Flexibility လျော့ပါးနိုင်ပါတယ်။over production ကလဲ Waiting waste ကို ဖြစ်စေတတ်ပါတယ်။ ဥပမာ - ပီဇာထဲ ထည့်ဘို့  အသား 1kg ပဲ တမနက်အသုံး လိုအပ်တဲ့နေရာမှာ 10kg ပြင်ဆင် ချက်ပြုတ်ခြင်းအားဖြင့် အချိန်ပိုကြာပြီး သူ့ ရဲ့ နောက် process ဖြစ်တဲ့ piza delivery မှာ အချိန်မှန် မပို့ နိုင်တာမျိုး။
Waiting waste ကို ဖြတ်ထုတ်နည်းများစွာထဲကProcess flow redesign လုပ်ပြီး cycle time လျှော့ချတာမျိုးက လုပ်လေ့လုပ်ထရှိတဲ့နည်းပါ။Mechanical ပစ္စည်းတခု လုပ်တယ်ဆိုပါစို့  သူ့ flow က သံပြားဖြတ် (မိနစ်၂၀) >> weld (မိနစ်၂၀) >> drill ဖောက် (မိနစ်၂၀) >> screw တပ် assembly လုပ် (မိနစ်၂၀) >> ဆေးသုတ် (မိနစ်၂၀) = ၁နာရီ ၄၀ မိနစ်
အဲဒီ flow ကို ပြန်လေ့လာပြီး rebalnce လုပ်လိုက်တော့ သံပြားဖြတ်+weld >> drill ဖောက် (မိနစ်၁၅) + weld >> drill (မိနစ်၁၅) + assembly (မိနစ်၁၅) >> assembly + paint (မိနစ်၁၅) = ၁နာရီ စသည်ဖြင့် ချုံ့ လိုက်တာမျိုးပါ။
One piece flow လို့ ခေါ်တဲ့ conveyor တလျှောက်မှာ operator တယောက်လျှင် process တခု လုပ်ပြီး control လုပ်တာမျိုး။
တိကျတဲ့ work instruction တွေ Visual management practice ပေါင်းပြီး ဘာလုပ်ရမယ် ... အခြားဘယ်နေရာမှာ သွားကူညီရမယ် စသည်တို့ နဲ့  waiting waste ကို လျှော့ချတာမျိုးလဲ ရှိပါတယ်။
ဥပမာ များစွာထဲက မြင်သာထင်သာရှိတဲ့တခုက ကားပြိုင်ပွဲတွေမှာ ကားဘီးလဲတဲ့ အချိန် နဲ့  design ကို အလွယ်ကူဆုံး အမြန်ဆန်ဆုံး ဖြစ်အောင် waiting waste ဖြတ်ထုတ်ထားတာ မြင်ဘူးကြမယ်ထင်ပါတယ်။

No comments: