waste တွေ အကြောင်း တရွေ့ ရွေ့ နဲ့ 
သွားနေတာ အခု Over Production အကြောင်း ဝေမျှခြင်ပါတယ်။ စကားအဖြစ်နဲ့ 
ပြောရရင် အချိန် ၅ မိနစ်လောက်သာ ကြာမှာဆိုပေမဲ့ စာရေးတာဆိုတော့
စာရိုက်လိုက် စဉ်းစားလိုက် ရေးထားတာ ပြန်ဖတ်လိုက်နဲ့  ရှေ့ မရောက်တာလဲ
ပါတာကြောင့်ပါ။
Over Production ဆိုတာ ဝယ်ယူသူ စားသုံးသူ customer
လိုအပ်နိုင်တာထက် ပိုပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေပေါ့။
ကြုံဆုံတုန်းပြောရမယ်ဆိုရင် customer ဆိုတာ ကိုယ့်ကို အခကြေးငွေ ပေးပြီး
ကိုယ့် product/ service ကို ဝယ်သူသူကို external customer လို
့ ခေါ်ပြီး ကိုယ့်ရုံးတွင်း အဖွဲ့ အစည်းအတွင်းမှာ ကိုယ့်ရဲ့ နောက် process
တခုကို လက်ဆင့်ကမ်း ဆက်လက် လုပ်ဆောင်သူကို internal customer လို့ 
ခေါ်ပါတယ်။
ဥပမာ စက်ရုံတခုမှာ ပစ္စည်းဝယ်ယူတဲ့ ဌာန က ထုတ်လုပ်တဲ့ ဌာန ကို
ဝယ်ထားတဲ့ ပစ္စည်းတွေ ပေးပြီး ကုန်ချောတခု ဖြစ်အောင် ဆောင်ရွက်တယ်ဆိုပါစို့ 
ထုတ်လုပ်ရေး ဌာနသည် အဝယ်ဌာနရဲ့ customer ဖြစ်ပါတယ်။ ထုတ်လုပ်ရေးဌာနရဲ့
လိုအပ်တဲ့ ပစ္စည်းတွေ မှန်မှန်ကန်ကန်နဲ့  သတ်မှတ်ထားတဲ့ အချိန်အတွင်း
လက်ခံရရှိစေဘို့  အဝယ်ဌာနမှာ တာဝန်ရှိပါတယ်။ ဒါကို external နဲ့  internal
customer ရယ်လို့  သတ်မှတ်ထားပါတယ်။ Quality Management System မှာ
customer ဆန္ဒပြည့်ဝစေဘို့  ပျော်ရွှင်စေဘို့  အမြဲ အလေးထားပါတယ်။ ဆိုလိုတာက
အပြင်က စားသုံးသူ ဝယ်ယူသူကိုသာမက internal customer လို့ ခေါ်တဲ့ ကိုယ့်
အဖွဲ့ အစည်းအတွင်းက သူတွေကိုလဲ တန်ဘိုးထားတာပါ။
over production
အကြောင်း ပြန်ဆက်ရမယ်ဆိုရင် လိုအပ်တာထက် အလွန်အကျွံ ထုတ်လုပ်မှုကို mother
of all wastes လို့ တောင် အမည်တပ်ပါတယ်။ ဒီ အလွန်အကျွံ ထုတ်လုပ်မှုက အခြား waste
အမျိုးအစားများကိုပါ ဆင့်ကဲ ဖြစ်ပေါ်စေပါတယ်။ over production က inventory
အများအပြား သိုလှောင်မှုကို ဖြစ်စေလာမယ် အဲဒီအတွက် နေရာတွေ သိုလှောင်တဲ့
ပတ်ဝန်းကျင် ထိန်းညှိမှုတွေ လိုအပ်လာမယ်။ နည်းပညာ စိန်ခေါ်မှုမှာ
ကျရှုံးခဲ့ရင် ချက်ချင်း အမှိုက်ပုံ ဘဝပြောင်းသွားတာမျိုး စသည့် နောက်ဆက်တွဲ
ပြသနာတွေက မနည်းမနောပါပဲ
over production ဖြစ်ရတဲ့
အကြောင်းရင်းတွေမှာ အကယ်၍များ လိုအပ်ခဲ့သည်ရှိသော် ဆိုတဲ့ အတွေးနဲ့ 
ပိုပြီး ထုတ်လုပ်တာ၊ အမှာစာထက် ပိုမိုထုတ်လုပ်ပြီး အလုပ်များဘို့ 
ကြိုးစားတာ၊ အပိုပစ္စည်းအများအပြား အသုံးပြုတာ၊ အသင်းအဖွဲ့ တခုလုံးကိုယ်စား
ခန့်မှန်းစစ်ဆေးရမဲ့အစား လုပ်ငန်းခွင်တနေရာစာလောက်သာ စဉ်းစား
အမြင်မကျယ်တာတွေက အလွန်အကျွံထုတ်လုပ်မှုကို ဦးတည်စေပါတယ်။
over
production ကြောင့် ပေးရတဲ့ အရင်းအနှီးကတော့ တကယ်မလွယ်ပါဘူး။ နည်းပညာ
စိန်ခေါ်မှုကြောင့်သာ ကိုယ်ထုတ်ထားတဲ့ product တွေ လူကြိုက်များမှု
နည်းသွားတာမျိုးဆို ကံကောင်းရင် လျှော့ဈေးတို့  clearance prices တို့ နဲ့ 
ရောင်းရရင် ရောင်း မဟုတ်ရင်တော့ အားလုံး ပစ်ထုတ်ရမဲ့ အဖြစ်ပါ။
အရင်းအနှီးများ အပြိုင်အဆိုင်သိပ်များတဲ့ မိုဘိုင်း တယ်လီဖုန်း လောက တီဗွီ
ကွန်ပြူတာ ကား စတဲ့ ပစ္စည်းတွေမှာ over production ကို ကြတ်မတ်
ဆောင်ရွက်ကြပါတယ်။
ဒီစစ်ပွဲမှာ ဘယ်လို လက်နက်တွေ သုံးပြီး over
production ကို သတ်လေ့ရှိသလဲ ဆိုရင် Kanban လို့ ခေါ်တဲ့ စနစ်ကို
အသုံးပြုပြီး production ဘယ်အချိန်မှာ စရမယ် ဆုံးရမယ်ဆိုတာ
ထိန်းချုပ်ပါတယ်။
Visual management ဟာလဲ အလွယ်တကူ ထိန်းချုပ်လို
့ရတဲ့ tools တခုဖြစ်ပါတယ်။ ဥပမာ ပေါင်မုန့် လုပ်တဲ့ဆိုင်မှာ သတ်မှတ်ထားတဲ့
မုန့် ဗန်း အရေအတွက် ရပြီးရင် ပေါင်မုန့် လုပ်တာ ရပ်ထားတာမျိုး။
ကိုယ့်ပတ်ဝန်းကျင်မှာ over production နဲ့  တူတဲ့ ကိစ္စမျိုး ကြုံတွေ့ ရတယ်ဆိုရင် အခြားသူတွေလဲ သိရအောင် share ပေးပါဦး။
Jan 09- 2017 Posted at Pyay GTI facebook group
No comments:
Post a Comment