အဲဒီတော့ အလုပ်ရဲ့ capacity ကို ထိခိုက်ပြီး ကိုယ့်ရဲ့ အင်အားတွေ အချိန်တွေကို ပစ္စည်းတွေ မ လိုက် နေရာချလိုက် ရှာလိုက်နဲ့  ပြုန်းတီးရတော့တာပါပဲ။ မုန့် ဖုတ်တဲ့ ဥပမာ ပြန်သွားရရင် ဂျုံမုန့် ထဲ ညှပ်ဘို့  အသားဗန်းကို ရေခဲသေတ္တာထဲက ချ ၊ လိုသလောက် ယူ၊ ပြန်ထည့်၊ အသီးအရွက် လှည့်ယူလိုက်၊ ဆားဗူး ငရုတ်ကောင်းဘူး ပျောက်လို့ လိုက်ရှာလိုက် ကိုယ်လုပ်နေတဲ့ အလုပ်ကို ကောင်းကောင်း အာရုံမစိုက်နိုင်ပဲ ဗာရီယတွေများနေပြီး နောက်ဆုံးမှာ final product ဖြစ်တဲ့ အရသာရှိတဲ့ အသားညှပ် မုန့် တလုံး ရမဲ့အစား အရည်အသွေးညံ့တဲ့ product တခုသာ ဖြစ်လာတာမျိုး။
Motion waste ကို ဖျက်ထုတ်တဲ့ နေရာမှာ အသုံးများ နာမည်ကြီးတဲ့ tool ကတော့ 5S လို့ ခေါ်တဲ့ housekeeping standard ဖြစ်ပါတယ်။
5S ဆိုတာဘာလဲ။ 5S ဆိုတာ ကိုယ်နေတဲ့ နေရာ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အလုပ်ခွင်မှာ ပိုပြီး အဆင်ပြေအောင် ချောမွေ့ အောင် ထိန်းချုပ်ပြီး waste တွေကို control လုပ်တဲ့ စနစ်ဆိုပါတော့။ သူ့ ဇာတိကလဲ ဂျပန်ပြည်ကလာတာဆိုတော့ နာမည်တွေကလဲ ဂျပန်အခေါ်အဝေါ်တွေနဲ့ ပါ။
5S Seiri; Sort, Clearing, Classify
5S Seiton; Straighten, Simplify, Set in order, Configure
5S Seiso; Sweep, shine, Scrub, Clean and Check
5S Seiketsu; Standardize, stabilize, Conformity
5S Shitsuke; Sustain, self discipline, custom and practice
တချို့  ကုန်ပနီတွေမှာတော့ 6S ဆိုပြီး safety ကို S တခု အနေနဲ့  ယူကြပါတယ်။ 5S ကို အကျယ်ချဲ့ ပြောရရင် အများကြီးမလို့  အလျှင်းသင့်တဲ့အခါ ခေါင်းစဉ် တခု အနေနဲ့  ရေးပါမယ်။ ကျမရဲ့ ရည်ရွယ်ချက်က waste တွေကို category ခွဲခြမ်းပြီး analysis and problem solving tool တချို့ ကို share လိုတဲ့အတွက်ပါ။
Dec 12-2016 Posted at Pyay GTI facebook group

No comments:
Post a Comment