ငါ့မျက်ဝန်းတွေကတဆင့်
နာကျင်မှုတွေကို နင်သတိရမြင်ယောင်တဲ့တနေ့ နေ့ 
နင့်အနား ငါမရှိနိုင်ပဲ
တနေရာရာမှာ ငါပျော်နေလောက်တဲ့အချိန်
ငါဒီလို မရည်ရွယ်ခဲ့လဲ......
ငါဆိုချင်တာတွေ နင်တကယ်မမြင်ခဲ့ပါဘူး
နင့်ကိုယ်နင် ကမ္ဘာပေါ်က နောက်ဆုံးကျန်တဲ့ ယောက်ျားတစ်ယောက်လို့ 
နင်ထင်ခဲ့လဲ
မှန်ပါတယ်။ နင့်အတွက် သတင်းကောင်းလေးပေးချင်တယ်။
ငါဟာ ရှုံးနိမ့်လွယ်သူပါ။
အချိန်တွေတော့ သိပ်ကြာမယ် မဟုတ်ပါ။
တနေ့ နေ့ တော့
တစ်ယောက်ယောက် ငါ့ကိုချစ်လာဦးမှာပါ။
ငါ နင့်ကို ချစ်ခဲ့သလိုမျိုး
တနေ့ နေ့ တော့
နင့်နေရာကို တစ်ယောက်ယောက် ဝင်လာဦးမှာပါ။
အဲဒီနေ့  ငါနင့်ကို မေ့ပစ်နိုင်မှာပါ။
နင့်ကို ငါ မလွမ်းနေရင်တောင်မှ
ငါ့ဒဏ်ရာကို နင်ခံစားတတ်လာခဲ့မှာပါ။
တနေ့ နေ့ ပေါ့လေ။ ။ ။
အခုချိန်ထိတော့ နင်နိုင်နေတုန်းပဲ
ငါလဲကျနေဆဲ
ငါရှုံးနိမ့်နေဆဲရယ်။
တနေ့ နေ့ တော့
ငါ့မျက်ရည်တွေ ချောက်ခမ်းလို့ 
ငါထပ်ငိုတော့မှာ မဟုတ်ဘူး။
"Sweet Goodbye"
ဘာဖြစ်လို့ လဲဆိုတော့ တနေ့ နေ့ မှာ
တစ်ယောက်ယောက် ငါ့ကိုချစ်လာမယ်။
ငါ နင့်ကိုချစ်ခဲ့သလိုမျိုး
ငါနင့်ကို လိုအပ်ခဲ့သလိုမျိုး
တစ်ယောက်ယောက် နင့်နေရာကို
အစားဝင်လာမယ်။
အဲဒီတနေ့ မှာ ငါနင့်ကို မေ့ပစ်နိုင်မယ်။
နင့်ကို ငါ မလွမ်းနေရင်တောင်မှ
နင်ကိုယ်ချင်းစာလာနိုင်မယ်။
တနေ့ နေ့ ပေါ့ကွယ်။
Nina ရဲ့ Someday ကို ခံစားပါသည်။
http://www.youtube.com/watch?v=Q3TjGF17_nk
ဘဝကို အရိုင်းပန်းပွင့်လေးလို ဖြတ်သန်းကြည့်စေလို။ လွတ်လပ်စွာ လှပစွာ ရိုးစင်းစွာ ... 'နေ့ ရက်တခုချင်းစီတိုင်း ပျော်ရွှင်စွာ'
Monday, December 7, 2009
Saturday, November 14, 2009
အလုပ်ခွင်ထဲက သူငယ်ချင်းများ
ကျွန်မနှင့် တွေ့ ကြုံသိကျွမ်းခွင့်ရခဲ့သော ချစ်ခင် လေးစား ရသော သူငယ်ချင်း ရဲဘော်ရဲဘက်များသို့ 
Engineering လောကထဲက ယောက်ျားတွေက ဘာများထူးဆန်းနေလို့ လဲ။
ရှင်တို့ အမြင်မှာတော့ မပြောတတ်ဘူးရှင့်။ ကျွန်မကတော့ သူတို့ ကို အလွယ်ဆုံး ကောက်နှုတ်ချက်လေး တစ်ခုနဲ့  ရယ်ပွဲဖွဲ့ လေ့ရှိပါတယ်။ မိန်းကလေးတွေနဲ့ ပတ်သတ်ပြီးတော့ပါ။
သူတို့ နဲ့ ဝေးဝေးနေရင် ဝေဖန်ပြစ်တင် ရှုံ့ ချခံရမယ်။ မနီးမဝေးရောက်လာရင် သူတို့ အန္တရာယ်က လွတ်အောင် မြန်မြန်ရှောင်ပြေးတော့။ (ပြေးချင်ရင်ပေါ့) ။ သူတို့ နဲ့ အနီးဆုံးကိုရောက်ခဲ့ရင်တော့ သူတို့ ရဲ့ ဘက်တော်သား ရဲဘော်ရဲဘက် အဖြစ် စိတ်ဒုံးဒုံးချ သတ်မှတ်လိုက်တတ်ကြတတ်ပုံများပါ။
၂၀၀၂ အလုပ်စဝင်တော့ Maintenance Dept ကို ရောက်ခဲ့ပါတယ်။ အနေအထိုင်ကလဲ ကြမ်း လူပုံကလဲမိုက်ကမ်းကမ်း ကျွန်မ အလုပ်ခွင် သူငယ်ချင်းများကို မကြောက်ချင်ယောင် ဆောင်ပြီး အလုပ်စဝင်ခဲ့ပါတယ်။ ပေါင်းသင်းပြောဆိုရလဲခက် ဘုကလန့် တိုက်ပြီး ကျွန်မကို တမင်သက်သက်ရှောင်နေတဲ့ သူတို့ ဆီက လုပ်ငန်းနဲ့ ပတ်သတ်တာတွေ ကျွန်မဘယ်လို မေးရပါ့မလဲ။ အလုပ်ထဲကို မနက်ဝင်လာရင် ညဆိုင်းဆင်းထားတဲ့ သူတို့ တွေ Maintenance section ထဲက ဘေစင်မှာ မျက်နှာသစ် အလုပ်ရှုပ်ကြတုန်း။ အဝတ်အစားလဲကြတုန်း။ ကျွန်မက ကိုယ်နေရမဲ့စားပွဲကို အရောက်မသွားနိုင်သေးပဲ သူတို့ ကိစ္စအပြီးအထိ ရပ်စောင့်ပေးရတတ်ပါတယ်။ နောက်တမျိုး ကျွန်မ ရင်ဆိုင်ရတဲ့ ပြဿနာ တစ်ခုက အဝတ်တွေကို ပုံးတစ်ခုထဲမှာ မေ့မေ့လျော့လျော့စိမ်ထားပြီး သုံး လေးရက် ကြာနေတတ်တာမျိုးပါ။ စားပြီးသား ပန်းကန်တွေကို ဘေစင်မှာ ပုံထားတတ်တားပါသေးတယ်။ အလုပ်များတဲ့ရက်တွေမှာ ပေပေတူးတူး ပင်ပင်ပန်းပန်းလုပ် ပြီးရင် ကတ်ထူစက္ကူလေးတွေနဲ့  တစ်နာရီလောက် ချောင်တစ်ချောင်မှာ ကွေးအိပ်တတ်ကြတဲ့ သူတို့ ။ ကျောင်းတုန်းက ကျော့လျော့ လှပ ရှိုးပြခဲ့ကြတဲ့ အမှတ်တရ album တွေ ပြန်ကြည့်တဲ့ အခါ သူတို့ မှ ဟုတ်ပါလေရဲ့လား။
နောက်တော့ ကျွန်မ manager က ကျွန်မကို maintenance အတွက် လိုအပ်တာ သုံးဘို့  fund လေးတစ်ခု မ,တည်ပေးလာပါတယ်။ အဲဒီ ပိုက်ဆံနဲ့  အဲဒီလမှာ ကျရောက်တဲ့ အဖွဲ့ ဝင်တစ်ယောက်ရဲ့ မွေးနေ့ ကို လက်ဆောင်ပေးဖြစ်ခဲ့ပါတယ်။ လက်တွေပေရေနေလို့  မုန့် စားတုန်းက tissue နဲ့ ကိုင်ပြီး စားကြတဲ့ သူတို့ ကို သတိရမိပါတယ်။ သူတို့ ရဲ့ အဝတ်တွေ မလျှော်ပဲ နေ့ တစ်ဝက်ထက်ကျော်လာတဲ့အခါ ကျွန်မက အော်ဟစ် သတိပေးရတဲ့သူ ၊ စားပြီးသား ပန်းကန်တွေ မဆေးရင် ပြတ်ပြတ်သားသား အမှိုက်ပုံးထဲ ပစ်တဲ့သူ၊ ထမင်းစားနားချိန် တစ်နာရီပြည့်တဲ့ အခါ အိပ်ပျော်နေတဲ့ သူတို့ ကို တံခါးခေါက် နှိုးရတဲ့သူ၊ လစာ ထွက်လာရင် လစာရဲ့ ၃% မှ ၅% အတွင်း ဖြတ်တောက်ပြီး maintenance fund ထဲ ထည့်တတ်သူ ဖြစ်လာပါတယ်။
သူတို့ တွေဟာ စိတ်သဘောထား ဖြောင့်စင်း လုပ်ငန်းခွင်မှာ တော်ကြ ထက်မြက်ကြပါသော်လည်း တခါတရံ အူတတ်ထူတတ်လွန်းလို့  ဘေးနားက လူတွေ အသဲအူယားကြရတာလဲ မပြောပါနဲ့ ။ အတည့်အတိုင်း စဉ်းစားနေသော်လည်း နှုတ်ထွက်က တခြားသူ ရိုက်ချင်စရာကောင်းအောင် ကပေါက်တိ ကပေါက်ချာ လဲဖြစ်တတ်ကြပါသေးတယ်။ အလုပ်ထဲမှာ စိတ်ဝင်တစား နစ်မြုပ်နေတဲ့ သူတို့ မျက်နှာတွေမှာ တည်ငြိမ်ခြင်း နဲ့  ရဲရင့်ခြင်းပေါင်းလို့  အလွန်မှ နှစ်လိုဖွယ်ရှိသော်လည်း ထူးခြားသော ဆိုးဆိုးဝါးဝါး ကိုယ်ရည်ကိုယ်သွေး တချို့ ကိုလဲ အံသြစရာကောင်းအောင် တကူးတက ထိန်းသိမ်းထားတတ်ပါသေးတယ်။
ဥပမာဆိုရသော် လပေါင်းများစွာ မဖွတ်မလျှော်ပဲ အပူပိုင်းဒေသတွင် အမြဲလိုလို စီးသော အဝတ်ဖိနပ်ကို အိတ်အထပ်ထပ်နှင့် သိမ်းဆည်းကာ မှတ်မှတ်ရရ သိမ်းထားခြင်း။
စဉ်းစားကြည့်ပါဦး။ သူ ခွင့်ရှည်ပြန်သွားတဲ့ တစ်ခါက ကျွန်မတို့  electronic component တစ်ခုရှာရင်း အဲဒီအိတ်ကို မှားဖွင့်လိုက်မိတာ အဲဒီနေ့ တစ်ရက်စာ တော်တော်ဖူလုံသွားသည်။ နောက်တော့ ကျွန်မက သူ့ ကိုတွေ့ ဖို့ ဆိုရင် ကိုယ့်အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့  အသက်ကိုအရင်တဝ ရှူ ၊ ပြီးရင် အသက်အောင့် မျှဉ်းထားတတ်ပြီး သတိအနေအထားနဲ့  အနားကို ကပ်တတ်ပါတယ်။ စိတ်ချရတဲ့အခြေအနေလို့  လက်ခံလို့ ရမှ သူ့ ကိုစိတ်ပါလက်ပါပြုံးပြနိုင်ပြီး ကိုယ်လိုချင်တာ အပူကပ်ပါတယ်။ သူသာမသိပေမဲ့ ကျွန်မ အထိနာထားတာသိတဲ့ သူငယ်ချင်းတွေက ရယ်ချင်တဲ့ နှုတ်ခမ်းတွေ ထိန်းချုပ်ပြီး တစေ့တစောင်း ကြည့်နေတတ်ကြပါတယ်။
ကျွန်မတို့  Department မှာ တစ်လတစ်ခါ ဆိုသလို Entertainment အဖြစ် Dinner တို့ ဘာတို့ လုပ်တဲ့အခါ စားသောက်ဆိုင်မှာ စ ထိုင်တဲ့ ရှေ့ တစ်နာရီစာ က ကျွန်မကို ငဲ့ညှာသော အားဖြင့် အရက် ဘီယာ မသောက်စားဘဲ စောင့်ဆိုင်းပေးတတ်ပါတယ်။ စားပြီး သောက်ပြီး စကားစမြည် အနည်းငယ် ပြောပြီးရင်တော့ ကျွန်မအိမ်ပြန်ဘို့  ကားဂိတ်ကို တစ်ယောက်ယောက်က လိုက်ပို့ ပေးတတ်ပါတယ်။ နောက်မှ သူတို့ အလှည့် သောက်ကြ စားကြ ပျော်ကြတာပေါ့လေ။
အချိန်လေး နဲနဲကြာတဲ့အခါ ဘယ်တုန်းက ဘယ်သူ ဘယ်လိုမူးပြီး ဘယ်လို ရစ်တယ်ဆိုတာ စစ်မမေး ရိုက်မမေးရဘဲနဲ့  အချင်းချင်း အတင်းတုတ်တတ်ကြပါတယ်။ ကျွန်မက သူတို့ ပြောသမျှ ဒိုင်ခံနားထောင် ပြီး ရယ်ပေါ့။
"သူ့ ကိုငါက ဆေးလိပ်မီးနဲ့ ထိုးမိမှာစိုးလို့  သတိပေးတာကို နားကြားလွဲပြီး ဆေးလိပ်မီးနဲ့  ထိုးတယ် တော်တော်ရက်စက်တဲ့ကောင်ကွာ ဆိုပြီး တညလုံး ရစ်တာတို့ ။ ဆက်ပြီး လမ်းမလျှောက်နိုင်တော့ဘူး ဒီမြောင်းလေးဘေးမှာပဲ အိပ်တော့မယ်။ အကြီးဆုံး အကိုက ခေါင်းရင်းမှာအိပ် ညီက ခြေရင်းမှာ အိပ်မယ်ဆို ပြီး နေရာချထား ခဏနားတတ်တာမျိုးတို့ " သူတို့ နဲ့ မှ ကြားဖူးပါတယ်။
Company နှစ်ပတ်လည်လိုမျိုးကျရင် stage show တို့ ဘာတို့ ကလဲပါတတ်တော့ ကျွန်မတို့ အဖွဲ့ က တက်ညီ လက်ညီ ပါဝင်တတ်ကြပါတယ်။ အဲဒီလို ညမျိုးဆိုရင် ကျွန်မက ကိုယ့်အဖွဲ့ ကိုယ် ခပ်လှမ်းလှမ်းက စောင့်ကြည့်ရင်း ပါးစပ်မစေ့နိုင်အောင်ကို ရယ်နေရပါတယ်။
ဘောလုံးပွဲ ရှုံးလာလို့  နောက်နှစ်အတွက် စိန်ခေါ်တဲ့သူနဲ့ ။ လက်တစ်ဘက်ကို ရင်ဘတ်နားကပ် လက်တစ်ဘက်ကို ပန်ကာလို မွှေ့ ယမ်းရင်း cowboy dance လို့ သူဘာသူ အမည်ပေးထားတဲ့ ဘယ်သူမှ မြင်ဘူးမှ မဟုတ်တဲ့ အကနဲ့  စက်ရုံဝင်း ဟိုဘက်ဒီဘက်ပြေးရင်း စိတ်ပါလက်ပါ က နေသောသူနဲ့ ။ နောက်နှစ်ယောက်က ဆူပုတ်နေလို့  ဘာဖြစ်လို့ လဲလို့  စပ်စုလိုက်တော့ ငါက ဒီကောင်နဲ့ တွဲက ချင်တာကို ဒီကောင်က မကနိုင်သေးဘူး ရှက်တယ်တဲ့လေ။ ဟိုတစ်ယောက်က ဘာလို့ တွဲမက ချင်ရတာလဲဆိုတော့ ငါ့ဘာသာ က နေတာ အရှိန်ပျက်တယ်။ ဒီကောင်လာနှောင့်ယှက်တာတဲ့။
အင်း မောတယ်။ ရယ်ရလို့ ။
နောက်တစ်ယောက်က ဘာဖြစ်ရပြန်ပြီလဲ stage ပေါ်မှာ သီချင်း notes တက်ဖြုတ်နေပါလား။
ဖြုတ်မှာပေါ့။နင်စဉ်းစားကြည့် ငါတို့ အဖွဲ့ ထဲက သီချင်းဆိုမဲ့ အလှည့်ကို ကျော်ပစ်တယ်လေ။ ဟေ့ကောင် မင်းဆိုမနေနဲ့ တဲ့လေ။
အလှည့်ကျော်ခံရတဲ့တစ်ယောက်ကလဲ မဆိုပဲ နေမယ်ထင်လား။ စာရွက်တက်ဖြုတ်တဲ့ တစ်ယောက် တခွက်သွားမော့နေတုန်းအလစ်မှာ သူက စင်ပေါ်ရောက်နေပြီ။ ပြီးရင် သူက maintenance တဖွဲ့ လုံး စင်ပေါ်ခေါ်တင်ပြီး ပျော်ပျော်ပါးပါး ဆိုကြ ကကြနဲ့ ။
အားလပ်ရက်တွေမှာ အပြင်ထွက်ဖြစ်တဲ့အခါ သူတို့ က ကျွန်မကိုပါ သတိတရ ခေါ်တတ်လေ့ရှိပါတယ်။
လည်တာ ပတ်တာ စားသောက်တာ ပြဿနာမရှိပေမဲ့ ရုပ်ရှင်ကြည့်ကြမယ်ဟေ့ဆိုရင်တော့ သူတို့ စိတ်ညစ်တတ်ကြပါတယ်။ကျွန်မက ရုပ်ရှင်ကြည့်ရင် ငိုတတ်သူဆိုတော့ ကျွန်မငိုတာကို လူတွေကြည့်ရင် သူတို့ က ရှက်တယ်တဲ့။ ကျွန်မကတော့ သူတို့ အဖွဲ့ နဲ့  ရုပ်ရှင်အမြဲ လိုက်ကြည့်တတ်ပြီး အမြဲလဲငိုပါတယ်။ ကဲ ဘာတတ်နိုင်သေးလဲ။
တခါတလေနေ့ လည်အားလပ်ချိန်များမှာ ကျွန်မတို့  အကြောင်းအရာ တခုခုကို Topic တစ်ခုသတ်မှတ်ပြီး ဆွေးနွေးလေ့ရှိပါတယ်။ နိုင်ငံရေး လဲဖြစ်မယ်။ စီးပွါးရေး ၊ ကုန်ဈေးနှုံး ၊ နိုင်ငံခြားသွားပြီး အလုပ်လုပ်ဘို့ ၊ အချစ်၊ မိန်းမ (ဒီ topic မှာတော့ သူတို့ က ကျွန်မကို နင်အခုချိန် ယောကျာ်းလေးလို့  ပြောဆိုသတ်မှတ်ပြီး သူတို့  အမျိုးသမီးတွေ ချစ်သူတွေကို မကျေနပ်သမျှ ကြည့်မရသမျှ အစာမကြေသမျှ အမျိုးသမီးထုကြီးနဲ့  ချီပြီး ထုတ်ဖော် ရှုံ့ ချပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မက ပြုံးပြုံးလေးနဲ့  တခါတလေလဲ အလုပ်များနေ သယောင်နဲ့  ငြင်းလဲမငြင်း ဝန်လဲ မဝန်ခံပဲ ကြားနေမူဝါဒ နဲ့ နေပေးရပါတယ်။) နဲ့  တခါတလေ English essay အချင်းချင်းရေးပြီး တတ်သလောက် မှတ်သလောက် ဝေဖန် လေကန်ကြပါတယ်။
Department ပိုင်စာကြည့်တိုက်လေး တစ်ခုလုပ်ထားပြီး တခါလေလဲ စာထဲပါတာကို ငြင်းကြ ခုံကြပေါ့လေ။
ကျွန်မအတွက် သူတို့ ဟာ အုပ်ထိန်းသူ ၊ သူနာပြု ၊ သူငယ်ချင်း ၊ တိုင်ပင်ဖော် တိုင်ပင်ဖက် ၊ အဝယ်တော် ခြေမြန်တော် ၊ Designer စသဖြင့် ၇ နှစ်ကြာ အနီးကပ်ရှိခဲ့သော အမြဲအမှတ်ရနေတဲ့ မိတ်ဆွေတွေပါ။
ကျွန်မကို အဲဒီအလုပ်က သူငယ်ချင်းတွေက maintenance ကွင်း လို့ ခေါ်ကြပါတယ်။ လှလို့ ပလို့ ခေါ်တယ် တော့မထင်ပါနဲ့ ။ ကျွန်မကို စိတ်ဝင်စားသော တချို့ သော အမျိုးသားတွေ အနားမကပ်နိုင်ပဲ ကွင်းရှောင်ရလို့ ပါ။ ကျွန်မ ရဲဘော်တွေနဲ့ ကျွန်မနဲ့ က ရုံးမှာတင် ခင်တာမင်တာ မဟုတ်ပဲ အားလပ်ရက် အပြင်ထွက်လည်လဲ သူတို့ တအုပ်တမ နဲ့ ဆိုတော့ အနားကပ်ဘို့ စဉ်းစားနေသူများ အသံလေးသာ ကြားလိုက်ရတယ်။ သတ္တိရှိရှိ ရှေ့ တက်မလာရဲပါဘူး။ ကျွန်မအဖွဲ့  ထုံးစံအတိုင်း မျက်နှာဆိုး မျက်နှာတည်နဲ့  တစ်ယောက် တစ်ချက် ဝင့်ကြည့်လိုက်တတ်တဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲကြလို့ ပါ။
ဒါပေမဲ့ အချစ်ဆိုတာ သိမ်းထားလို့ ရတဲ့ အရာမျိုးမှ မဟုတ်တာ။ကျွန်မက Engineering Field ကမဟုတ်တဲ့ ရှေ့ နေပေါက်စ တစ်ယောက်ကို သဘောကျခဲ့ပါတယ်။ ပုံမကျ ပန်းမကျ အလှတွေပြင်လာတာ၊ တခါတလေ ကိုယ့်စိတ်ကူးနဲ့ ကိုယ်တိတ်နေတတ်တာ၊ တစ်ယောက်ထဲ ပြုံးနေတတ်တာ သူတို့ မေးလာတာများတော့ ကိုယ်လဲ ဝန်ခံရတာပေါ့။ သူတို့ က အဲဒီတစ်ယောက်ကို လိုက်ကြည့်မယ်တဲ့။ ဒါနဲ့ ကျွန်မက သူငယ်ချင်းတွေ အကူအညီနဲ့  ရှေ့ နေပေါက်စကို လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ချိန်းထားရပါတယ်။ ကျွန်မခြေတုန် လက်တုန် ရင်တုန်နဲ့ အိနြေ္ဒမရ ဖြစ်နေခဲ့တာ မှတ်မိပါတယ်။ သူတို့ ဘာမှတ်ချက်ပေးမှာလဲပေါ့။ နောက်တော့ ကျွန်မက ရှေ့ နေနဲ့  စကားဝိုင်းထဲ မြောပါသွားရင်း သူတို့ ကို မေ့သွားပါတယ်။ အဲဒီည အိမ်ပြန်ရောက်ရောက်မှ ရင်ခုန်တာတွေ ဘာတွေရပ်ပြီး ကျွန်မသူငယ်ချင်းတွေ ည ၉ နာရီ ၁၀ နာရီ မြို့ စွန် စက်မှုဇုံကို လိုင်းကားအမြန်ယာဉ်နဲ့ ပြန်ရမှာ စဉ်းစားမိရင်း စိတ်မကောင်း ဖြစ်ရပါသေးတယ်။ နောက်နေ့ မနက်မှာ ရှက်ရှက်နဲ့  အလုပ်ထဲကို ကမူးရှူးထိုးလာတဲ့ ကျွန်မကို ဝိုင်းသြဘာပေးရင်း တစ်ယောက်တစ်ပေါက် ဝေဖန်ကြပါတယ်။
သူတို့ ဝေဖန်မှုမှာ ကျွန်မအတွက် ရှေ့ ဆက်မတိုးဘို့ ပါ။ ကျွန်မလား။ ဟင့်အင်း တိုးခဲ့တာပေါ့။
နောင်တော့ ကျွန်မငိုတဲ့အခါ စိတ်မသက်မသာနဲ့  သက်ပြင်းချရင်း ကျွန်မကို မကြည့်ပဲ မျက်နှာတဘက်လွှဲ မျက်မှောင်ကြုံ့ ထားတဲ့သူတို့ ၊ ကျွန်မကို မချင့်မရဲ စိတ်ဆိုးကြတဲ့ သူတို့ ၊ ကျွန်မ ကို သူတို့ နဲ့  ရှိနေတဲ့ အလုပ်ချိန် ၈ နာရီ ၉ နာရီအတွင်း တစ်ယောက် တစ်ပေါက် မရိုးရအောင် နေ့ တိုင်း စ နောက်တဲ့တတ်သူတို့ ။
သူတို့ အတွက်လဲ ကျွန်မက ကျွန်မအစွမ်းရှိသမျှရပ်တည်ခဲ့ပါတယ်။
စက်ရုံဘောလုံးပွဲမှာ Department ပေါင်းစုံ အပြိုင်နွှဲကြတော့ ကျွန်မက သူတို့ ရဲ့ တစ်ဦးတည်းသော တစ်ကွင်းလုံးနဲ့  တစ်ယောက်ရန်ဖြစ်သော ပရိတ်သတ်၊ သူတို့ ရဲ့ တစ်ဦးတည်းသော Medical Cover ၊ သူတို့ ရဲ့ အမောပြေသောက်စရာ ဖျော်ရည်နဲ့  သံပုရာသီးချဉ် အထုပ်ဆွဲပြီး ကွင်းဟိုဘက် ဒီဘက် အစွမ်းရှိသလောက် ပြေးလွှား အားပေးတဲ့ သူပါ။ သူတို့ ရဲ့ မင်္ဂလာပွဲတွေ၊ သူတို့ ရဲ့ သားငယ် သမီးငယ် မွေးဖွားမှုတွေ၊ သူတို့ အလှူအတန်းတွေ ၊ သူတို့ မိန်းကလေးတွေရဲ့ ကိုယ်ရံတော်၊ သူတို့ အချစ်ခရီး အတွက် အကြံပေး အရာရှိ နောက်ဆုံး သူတို့ ဆွဲတဲ့ ကာတွန်းရုပ်လေးတွေအတွက်ပါ ကိုယ်ဟန်ပြပေးခဲ့ရပါတယ်။
သူတို့ ဂစ်တာတီးရင် ကျွန်မ သီချင်းဆိုမယ် ၊ ကျွန်မ သီချင်းဆိုချင်တဲ့အခါ သူတို့ ကို ဂစ်တာတီးဘို့  ပူဆာမယ်။
တိုးတက်နေတဲ့ technical ပိုင်းမှာ နောက်မကျန်စေဘို့ ကြိုးစားနေတဲ့ သူတို့ ၊ မိသားစုကို တွယ်တာ သံယောဇဉ်ကြီးတဲ့ သူတို့ ၊ သူငယ်ချင်းကောင်း ပီသတဲ့ သူတို့ ၊ ဘဝကို ဟန်ချက်ညီစေဘို့  ရှိသမျှအားနဲ့  ထမ်းပိုး ထိန်းညှိနေတဲ့သူတို့ ။ အလုပ်ထဲမှာ ပျော်ဝင်နစ်မြုပ်နေတဲ့အခါ ခန့် ညားချောမောကြတဲ့ သူတို့ ။
အသဲကွဲတဲ့အခါ လူနဲ့ မလိုက်အောင် ချည့်နှဲ့ ခံနိုင်ရည်မရှိတတ်ကြသောသူတို့ ။
အခုသူတို့ နဲ့  ဝေးနေခဲ့တာ ကြာပါပြီ။
Sweet Sad
ဒီနေ့ ရုံးအားရက်ဆိုတော့ Net ပေါ်မှာ ဟိုရှာဒီရှာ မွှေနှောက်ဖြစ်တယ်။ ဒါနဲ့ Flickr web page ပေါ်ရောက် အိမ်လွမ်းနေတဲ့ သူဆိုတော့လဲ ကိုယ့်ပြည် ကိုယ့်ရွာနဲ့ ပါတ်သတ်တာလေး အလွမ်းပြေကြည့်ရင်း ဒီပုံလေး တစ်ပုံတွေ့ လာခဲ့တယ်။ ရိုးစင်းပေမဲ့ လှပသော အင်အားအပြည့်ရှိသော ချိုမြိန်သော ဝမ်းနည်းစရာကောင်းသော Correction Pen နဲ့ ရေးထားတဲ့ စာသားလေးမျှသာပါ။ ကျောင်းသား တစ်ယောက်ဖြစ်ပုံရပါတယ်။ ဒီပုံအောက်က comment တွေကိုဖတ်ရသမျှ ခံစားချက်တွေ သူတို့ ဆီကိုပါ ကူးစက်သွားပုံရပါတယ်။ ဓါတ်ပုံဆရာက Sara Heinrichs (awfulsara) ဖြစ်ပြီး ကမ္ဘာပတ်တဲ့ အလွမ်းကို ဖန်တီးခဲ့သူကတော့ ညောင်ဦးမှ သူရမြင့် ဖြစ်ပါတယ်။
http://www.flickr.com/photos/awfulsara/7329640/in/set-96872/ မှာကြည့်ရှုနိုင်ပါကြောင်း။
http://www.flickr.com/photos/awfulsara/7329640/in/set-96872/ မှာကြည့်ရှုနိုင်ပါကြောင်း။
အလွမ်းများနှင့် ချိုမြိန်လှပပါစေ။
Sunday, November 8, 2009
Saturday, October 3, 2009
cry to river
အချစ်ဆိုတာ ငါ့အတွက်
မျက်ရည်တွေသာ
သယ်ဆောင်လာတဲ့အရာ။
ငိုပါ။
ငိုပါ။
တဘဝလုံးစာ ငိုပါ။
တစ်ယောက်တည်းငိုပါ။
တိတ်ဆိတ်တဲ့ ရှိုက်သံနဲ့ 
ဘယ်တော့မှ မဖွင့်ဟတော့မဲ့ နှုတ်ခမ်းနဲ့ 
တလောကလုံး ကြားနိုင်အောင် ပြောနိုင်တဲ့ မျက်လုံးတွေနဲ့ 
ခန်းချောက်တဲ့ မျက်ရည်တွေနဲ့ 
ငိုပါ။
အပြုံးတွေရဲ့ နောက်တစ်မျက်နှာ
အချစ်ရဲ့ နောက်စာမျက်နှာ
နားလည်ကြင်နာမှုရဲ့ နောက်တစ်မျက်နှာ
အဲဒီ နောက်တစ်မျက်နှာမှာ
ခါးသီး နာကျင်စွာ ငိုပါ။
မျက်ရည်တွေသာ
သယ်ဆောင်လာတဲ့အရာ။
ငိုပါ။
ငိုပါ။
တဘဝလုံးစာ ငိုပါ။
တစ်ယောက်တည်းငိုပါ။
တိတ်ဆိတ်တဲ့ ရှိုက်သံနဲ့ 
ဘယ်တော့မှ မဖွင့်ဟတော့မဲ့ နှုတ်ခမ်းနဲ့ 
တလောကလုံး ကြားနိုင်အောင် ပြောနိုင်တဲ့ မျက်လုံးတွေနဲ့ 
ခန်းချောက်တဲ့ မျက်ရည်တွေနဲ့ 
ငိုပါ။
အပြုံးတွေရဲ့ နောက်တစ်မျက်နှာ
အချစ်ရဲ့ နောက်စာမျက်နှာ
နားလည်ကြင်နာမှုရဲ့ နောက်တစ်မျက်နှာ
အဲဒီ နောက်တစ်မျက်နှာမှာ
ခါးသီး နာကျင်စွာ ငိုပါ။
Tuesday, September 29, 2009
ကျွန်မပြောချင်တဲ့ သူငယ်ချင်းတွေ အကြောင်း၊ သူငယ်ချင်းတွေ ပြောတဲ့ ကျွန်မအကြောင်း
တစ်ရက်က အမေရိကား ရောက်နေတဲ့ သူငယ်ချင်း လာလာ နဲ့  online မှာတွေ့ ရင်း အချိန်တော်တော်ကြာ စကားပြောဖြစ်ပါတယ်။ ကျွန်မ အိပ်ဘို့  နောက်ကျ ညဥ့်နက်တဲ့ အချိန် သူ အိပ်ရာက ထသေးဘို့  တော်တော်စောသေးတဲ့ အချိန်ပါ။ သူနဲ့ ပါတ်သတ်ရင် ကျွန်မ အရင်ဆုံးသတိရမိတာက သူ့ ရဲ့ ဟာသ ညာဉ်ကွန့် မြူးတတ်ပုံကိုပါ။ ကျောင်းတုန်းက ကင်တီးထိုင်ရင် ကျွန်မတို့  အဖွဲ့ နဲ့  လာပူးပေါင်းတတ်တာက သာယာဝတီ သုံးဆယ် တစ်ဝိုက်က သူငယ်ချင်း တစ်ဖွဲ့ ပါ။ အောင်ဆွေဦး၊ အောင်နိုင်ဦး၊ အောင်ကိုဦး အစရှိသဖြင့်ပေါ့လေ။ ကင်တီးမှာ တစ်ယောက်တစ်ပေါက်ဝိုင်းမှာပြီး အရင်ဆုံးရောက်လာတတ်တဲ့ မုန့် ပွဲက ဝိုင်းပြည့်အောင် ပတ်ပြီး အဆာပြေ တစ်ယောက်တစ်ဇွန်း ဝိုင်းစားတတ်ကြပါတယ်။ အောင်ဆွေဦးက သူ့ လက်ထဲရောက်လာတဲ့ မုန့် ကိုမစားသေးပဲ ကျွန်မတို့ ကို မေးပါတယ်။ သူ့ နှာခေါင်း တော်တော် ကြီးနေသလားတဲ့။ ကျွန်မတို့ က သူ့ နှာခေါင်းကို ခဏတော့ အာရုံရောက်သွားပြီး ဝိုင်းကြည့်ကြပါတယ်။ ပြီးတော့ ဘာပြန်ပြောရမှန်းမသိတော့ ဒီအတိုင်းပဲ ဆက်ကြည့်နေကြပါတယ်။ လာလာက အောင်ဆွေဦး နားထိုင်ခုံမှာ ထိုင်နေပြီး မုန့် ပန်းကန် သူ့ ဆီအလာကို စောင့်နေသူပါ။ နှာခေါင်း အကြောင်းမေးတဲ့သူကလဲ မေးပြီး လက်နဲ့ ကွယ်ကာ ရှက်နေတော့ မုန့် ပန်းကန်က ရှေ့ ဆက်မတက်တော့ပါဘူး။ မုန့် ပန်းကန်ကို တွေတွေလေးငေးနေတဲ့ လာလာက မြန်မြန်ပဲ ဒီဇာတ်လမ်းကို ဖြတ်လိုက်ပါတယ်။ ဟင့်အင်း နင့်နှာခေါင်းက မကြီးပါဘူး။ အောင်ဆွေဦး ကျေနပ်သွားပါတယ်။ လာလာက ဆက်ပြောပါတယ်။ ထွားပဲထွားတာပါတဲ့။ ပြီးရော။ ပွဲမြန်မြန်ပြတ်သွားတယ်လေ။
ကျောင်းတုန်းက ညဘက်အဆောင်မှာ ထူးထူးဆန်းဆန်း အမြဲလိုလို လုပ်ဖြစ်ပါတယ်။ စော်ဘွား ပြဇာတ် လိုမျိုးပေါ့။ တခါက ခွေးပေါက် ကြောင်ပေါက်လေးတွေလို အအော်ပြိုင်ပွဲ လုပ်ဖြစ်တယ်။ ကျွန်မအပါအဝင် သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် ဝိုင်းအော်ကြတာ လိပ်ပြာလမ်းပေါ် နွားခြံက မွေးထားတဲ့ ခွေးတစ်အုပ်ကပါ ဝိုင်းပြီးအားပေးကြတာ ကြုံဘူးပါတယ်။
လာလာက ဂစ်တာတီးတတ်တော့ သူက ဂစ်တာတီး ကျွန်မတို့ က သီချင်းဆိုနဲ့  ပျော်စရာကောင်းပါတယ်။ အဲဒီအချိန်ဆို အရှေ့ က ယောကျာ်းလေးဆောင်က ဝရံတာမှာ မီးပိတ်ရင်း နားထောင်တတ်ကြပါတယ်။ အစကတော့ ကျွန်မတို့ လဲ သတိမထားပါဘူး။ ဒါပေမဲ့ သူတို့ ဘက်က တစ်ယောက်ယောက်က အချင်းချင်း ချောက်ချလိုတဲ့သဘောနဲ့ ဝရံတာမီး ဖွင့်တဲ့အခါ ရှက်ပြီး အော်ကြ ဟစ်ကြနဲ့  ကျွန်မတို့ လဲ ပရိတ်သတ်ရှိကြောင်း သိရပြီး တတပ်တအား ဖြစ်ရတာပေါ့လေ။
ကျောင်းမှာ စာကြည့်တိုက်လေး တစ်ခုလုပ်တော့ ကိုဟန်လင်းဇော် တို့  ကျော်ညီ တို့  မနီလာခင်တို့  မထက်ထက်ခိုင်တို့ နဲ့ အတူ (အခြားသူငယ်ချင်းတွေလဲပါပါသေးတယ်) ပျော်ပျော်ရွှင်ရွှင် လုပ်အားပေးခဲ့ဘူးတာ မှတ်မိတယ်။ ကထိန်မှာ ဘိန်းမုန့် တွေ ကောက်ညှင်းပေါင်းတွေ အဝစားပြီး ကိုဟန်လင်းဇော်တို့ ရဲ့ ရှမ်းဓါးသိုင်းနဲ့  အလှူခံထွက်တာ သတိရမိတယ်။
သူခိုးကြီးညမှာ အပြင်က သူငယ်ချင်းတွေနဲ့ တိုင်ပင်ရင်း အဆောင်က ဘဲခိုးဖမ်းဘို့  ကြိုးစားဘူးကြပါတယ်။ ဘဲခြေထောက်ကို မိလုမိလု နဲ့  ဆူးရိုင်းပင်တွေနဲ့ အုပ်ထားတဲ့ အိမ်သာကျင်းဟောင်းထဲကျခဲ့ဘူးသော သူငယ်ချင်း။ ကြွက်ကြော်နဲ့ ထန်းရည် မြည်းဘို့ လာခေါ်သော သူငယ်ချင်း၊ တရေးနိုး မိုးတွေရွာနေရင် ခြေဆစ်လက်ဆစ် ကိုက်လို့ ဆိုပြီး ငိုတတ်သော သူငယ်ချင်း၊ ထို အငိုအရွဲ သူငယ်ချင်းအား သနားစိတ်နှင့် အနားခေါ်ကာ ညကြီးမင်းကြီး အိပ်ချင်မူးတူး နှိပ်ပေးသော်လည်း အနှိပ်မတော်လို့ ဆိုပြီး ကိုယ့်အိပ်ရာပေါ်မှ ခပ်တည်တည် ပြန်နှင်ချခံရသော နေ့ တွေ။
နှစ်ကူးနဲ့ ကြုံတဲ့ သူငယ်ချင်းရဲ့ မွေးနေ့ တစ်ခုမှာ ကျွန်မတို့  ဘီယာသောက်ကြပါတယ်။ ဘီယာ ၈ပုလင်းလား ၁၀ ပုလင်းလား မမှတ်မိတော့ပါဘူး။ ဝါကတော့ သောက်ပြီးသိပ်မကြာသေးခင် ရေချိုးခန်းမှာ စားသမျှ အကုန်အန်ပါတယ်။ သူအန်ထားတာကို သူကိုယ်တိုင်လဲ မဆေးနိုင်အောင် ခေါင်းမမော့တမ်း အန်ရတာကိုး။ လာလာကတော့ ဆင်မိတ်လို အဖုကြီးကြီးတွေ ထ ပြီး တစ်ကိုယ်လုံး တုန်နေပါတယ်။ သောက်ရင်းခါးလို့ ဆို သိပ်မသောက်တဲ့ ကျန်တဲ့ကောင်တွေကတော့ အမြည်းစားရင်း အော်ကြီးဟစ်ကျယ် ရင်ဖွင့်ကြပါတယ်။ ဒါတောင် အဆောင်က မသိအောင် ခိုးသောက်ကြတာပါ။ ကျွန်မကတော့ တဖြည်းဖြည်းနဲ့ ခေါင်းထဲမှာ လေးပြီး မှောင်လာတာနဲ့  အိပ်ဘို့ ကြိုးစားခဲ့ပါတယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက် လာလာက ကျွန်မကို ဆဲပါတယ်။ ဟေ့ကောင် မင်းတော်တော်ဆိုးတဲ့ကောင်။ မူးလာရင် လက်သီးနဲ့ ထိုးပြီး သိပ်ကွာ လို့ ပြောပြီး ငါက သူ့ ကို လက်ညှိုးလေးနဲ့  ထိုးလိုက်တာနဲ့  ငါကို လက်သီးထိုးဘို့  ပြန်ကြိုးစားတယ်။ ပြီးတော့ ထ လည်း မထနိုင်ဘူးတဲ့။
သူငယ်ချင်းတွေနဲ့  ကျောင်းပြီးလို့  နှုတ်ဆက် အော်တို တွေဘာတွေ ရေးကြတော့ ကျွန်မကို ငှက်ကထ ၊ အေးအေးဆေးဆေးနဲ့ ပျာယာခတ်တတ်သောသူ၊ ခလုတ်ခဏခဏ တိုက်တတ်သောသူ၊ Roll call ၃ ခါခေါ်ရင် ၂ခါမကြားသောသူ (အတန်းထဲမှာ ရှိနေချိန်)၊ ကော်ရစ်တာမှ roll call ကမန်းကတန်းထူးရင်း အတန်းထဲ အပြေးလာရသောသူ အဖြစ် မှတ်တမ်းတင်ထားကြပါတယ်။
ကိုဟန်လင်းဇော် နဲ့  တစ်ယောက်သော မမ တို့ က ကျောင်းပြေးရင် ကျွန်မကိုလဲ ခေါ်ပါတယ်။ သူတို့ နှစ်ယောက်နဲ့ ကျွန်မကလဲ ကန့် လန့် ပါတာပဲ။ ရွှေလက်ရ ဘုရားမှာ နေပူကျဲတဲသွားထိုင် ပြီးရင် ကျောင်းရှေ့ က စိတ်သစ်မှာ မျိုးကြီး သီချင်းနဲ့ လက်ဖက်ရည်သောက်။ ကျောင်းက ပြန်ရင် မြို့ ထဲကို အတူနေတဲ့ ၅ယောက်လုံး တစ်အုပ်တစ်မထွက် ၊ ညဈေးက နန်းပြားသုတ်စား၊ ဒိန်ချဉ်သောက်၊ ဆေးရုံကြီးရှေ့ က ဝက်သားတုတ်ထိုးစား၊ အပြန်ဆိုရင် စက်ဘီး ဘီးပေါက်လဲ နဝင်း ကုန်းတက်ကို အတင်းနင်းတက်၊ ညဘက်ဆို အဆောင်ဘေး အပေါ်ထပ် အပေါက်ဝနားက ရေချိုးခန်းခေါင်မိုးပေါ်မှာ တစ်ယောက်ကို တစ်ယောက် မှီတွယ်ရင်း ကြယ်တွေကြည့်ကြရင်း အိပ်ပျော်သွားတတ်တာလဲရှိ၊ ညလုံးပေါက်စကားပြောရင်း ဥက္ကာပျံက မုန့် စိမ်းပေါင်းမျက်နှာပြင်နဲ့ တူတာက စလို့  အစားအသောက်အကြောင်း ပြောရင်း မိုးမလင်းခင် ဗိုက်ဆာတဲ့ အဖွဲ့ ။ လွမ်းတယ် သူငယ်ချင်းတို့ ရယ်။ ဘဝမှာ ငါတို့  အကောင်းဆုံး အချိန်တစ်ချိန်ကို တကယ်မျှဝေ ခံစားရရှိခဲ့ဘူးတယ်။ မင်းလဲ သတိရနေ လွမ်းနေမယ်ဆိုတာ ငါလောင်းရဲတယ်။
ငါတို့ ကမ္ဘာကြီးရဲ့ တစ်နေရာစီမှာ ရောက်ရှိနေကြပေမဲ့လဲ ငါတို့ နှလုံးသားတွေက တစ်နေရာစီ မဟုတ်ကြပါဘူး။
အမေရိကား ရောက်နေတဲ့ လာလာ
ဂျပန်ရောက်နေတဲ့ ဝါ
မြန်မာပြည်မှာပဲ ကိုယ်ပိုင်စီးပွါးရေးကို ကိုယ်တိုင်ဦးဆောင်နေတဲ့ ယောင်း နဲ့ လတ်
NGO အဖွဲ့ တစ်ခုက ဆရာမကြီး ချစ်စု
နည်းပညာမှာပဲ tutor ပြန်လုပ်နေတဲ့ သီတာ
အခု တမြေတည်းပြန်ဆုံမိတဲ့ သူငယ်ချင်း ကျော်ညီ နဲ့  သက်ထွန်းအောင်
ဘယ်ဆီ ဘယ်ဝယ် မှန်းဆမရ အဆက်အသွယ်ပြတ် သူငယ်ချင်းတွေ။
ပျော်ရွှင်ပါစေနော်။
Saturday, September 26, 2009
ဘဝရဲ့ပေါင်မုန့် ၊ ဘဝရဲ့အရိပ်၊ ဘဝရဲ့ ဗီတာမင်
ဘဝရဲ့ပေါင်မုန့် က အလုပ်။ ဘဝရဲ့ ပျားရည်က အချစ်။ ဘဝရဲ့ ဆားက ..... စသည်ဖြင့် ဖတ်ဘူးမှတ်ဘူးတဲ့ စာသားလေးတစ်ခုပါ။ အလွန်ကြိုက်ပေမဲ့ စာရေးသူကိုတော့ မမှတ်မိတော့ပါဘူး။ ကမ္ဘာ့စာပေနယ်မှာတော့ သြဇာသက်ရောက်မှုရှိတဲ့ စာရေးဆရာမကြီး တစ်ယောက်ဆိုတာလောက်ပဲ မှတ်မိပါတော့တယ်။
ကျွန်မအတွက်တော့ အလုပ်ဟာ အဆာပြေစေတဲ့ ပေါင်မုန့် ဆိုတာထက်ကို ပိုပါတယ်။ အလုပ်က ကျွန်မရဲ့ စိတ်နဲ့ ကိုယ် ကျန်းမာရေးကို ထိန်းညှိပေးပါတယ်။ မရှိမဖြစ်နေ့ တိုင်းစားနေရတဲ့ အစားအစာ တစ်ခုလို အလုပ်လုပ်ဘို့ လိုအပ်နေပါတယ်။ အလုပ်က ကိုယ့်ရဲ့ ego အပြင် image ကိုပါ အရောင်အသွေး တင်ပေးနေသလိုပါပဲ။ လူတစ်ယောက် အနေနဲ့  ကိုယ်ဝါသနာ ပါတာနဲ့  ကိုယ်ရွေးချယ်ရတဲ့ အလုပ် ထပ်တူကျဘို့  အချိန်တွေ အတွေ့ အကြုံတွေ ငွေတွေ နဲ့ ရင်းနှီး စောင့်ဆိုင်းရသလို တခါတလေမှာလဲ စောင့်ဆိုင်းတိုင်း လက်တွေ့ ဖြစ်မလာတတ်တာမျိုးလဲ ကြုံတတ်ပါတယ်။
၁၀ တန်းအောင်,စကတော့ GTI ဆိုတာ အမေ နဲ့  အဒေါ် က တက်ဆိုလို့  ရောက်ခဲ့ရတဲ့ ကျောင်းတစ်ခုပါ။ ဒါပေမဲ့ နောင်တော့ ကျွန်မကို အိပ်မက်တွေ မက်တတ်အောင် အုတ်မြစ်ချပေးခဲ့တဲ့ နေရာ ဖြစ်လာခဲ့ပါတယ်။ လူငယ်ဘဝ ရဲ့ အပျော်ရွှင်ဆုံး အတက်ကြွဆုံး အလွတ်လပ်ဆုံး အချိန်တစ်ခု ရခဲ့တာက အမြတ်ထဲက ထပ်တိုးမြတ် တစ်ခုပေါ့လေ။
GTI Final Year မှာ ကျွန်မတို့  သူငယ်ချင်းတွေ ကျောင်းပြီးရင် ဘာလုပ်ကြမလဲလို့  တစ်ယောက်ကို တစ်ယောက် မေးခွန်းထုတ်ခဲ့တဲ့ ညနေကို သတိရပါတယ်။
ပြည်မြို့ ရဲ့ ဧရာဝတီ မြစ်ကမ်းဘေးက အကြော်ဆိုင်လေးမှာပါ။
ဆယ်ကျော်သက်မျှသာ ရှိသေးတဲ့ ကျွန်မတို့  ကိုယ်တိုင် မဆုံးဖြတ်နိုင် တွေဝေ ငေးမောရင်း နဲ့ ပဲ အဖြေမထုတ်နိုင်ခဲ့ပါဘူး။
နောက်တော့ ကျွန်မတို့  အရပ်နားနီးတဲ့ နိုင်ငံပိုင် စက်ရုံတစ်ခုမှာ Field ဆင်းဖြစ်ခဲ့ပါတယ်။
စက်ရုံရဲ့ အေးဆေးတဲ့ လည်ပတ်မှုက အများကြီး မျှော်လင့်ထားခဲ့မိတဲ့ ကျွန်မကို အံ့အားသင့် အရှိုက်ထိစေပါတယ်။ ဟင့်အင်း ကျွန်မ ဒီမှာ အလုပ်မလုပ်ချင်ဘူး ဆိုတော့ အဖေနဲ့  သဘောထား ကွဲလွဲခဲ့ပါတယ်။ ငိုလိုက် စကားမပြောပဲ နေလိုက်နဲ့  ဘာဆုံးဖြတ်ချက်မှ မပြင်ဆင်ရသေးခင် ဝုန်းကနဲ ရန်ကုန်ရောက်လာခဲ့ပါတယ်။ ကျောင်းသူဘဝရဲ့ အိပ်မက်တွေ ပျက်လု ခမန်း နေဘို့ စားဘို့  ကြိုးစားရပ်တည်ရပါတယ်။ ပန်းဆိုးတန်းက စာအုပ်ဆိုင်မှာ ဖြတ်သွားဖြတ်လာရင်း အလုပ်ကြော်ငြာတွေ့ လို့  ဝင်လျှောက်တာနဲ့  တစ်လ ၃၀၀၀ ရတဲ့ အလုပ်တစ်ခု ရခဲ့ပါတယ်။ ကျွန်မက Language နဲ့  Technical စာအုပ်စင်ကို ကိုင်ရပြီး ကျွန်မ မနှစ်သက်တဲ့ အရောင်းစာရေး အလုပ်ကို စာအုပ် အမြည်းတွေနဲ့  အစားထိုး ကြိတ်မှိတ်နေခဲ့ပါတယ်။ ရန်ကုန်ရောက်လာတဲ့ အမေက ပေပေစုတ်စုတ် ကျွန်မကို တွေ့ တဲ့ အခါ မျက်ရည်ကျပါတယ်။ ကျွန်မကတော့ ဒီအလုပ်က ညနေ ၆ နာရီ အထိပဲဖြစ်လို့  ညနေသင်တန်း တက်ရင် ရတယ်ဆိုပြီး နေပျော်ဘို့ ကြိုးစားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ရပ်တည်မှုအတွက် အလုပ်ဟာ မရှိမဖြစ် အသက်ဆက်ဆေးပါ။ ဘယ်လိုပဲ လစာနဲပြီး ပင်ပန်းဆင်းရဲ ပါစေ ကျွန်မရဲ့ ပထမဆုံး လှေကားထစ်အတွက် အလွန်လိုအပ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့  အမေမုန့် ဘိုးနဲ့  ခြစ်ချုပ်ပြီး ညနေပိုင်း ကွန်ပြူတာ အခြေခံသင်တန်းကို ကြက်ခြေနီ အဆောက်အဦ မှာရှိတဲ့ KMD မှာ တက်ခဲ့ပါတယ်။ KMD က ပေးတဲ့ အောင်လက်မှတ်ရတဲ့နေ့ မှာပဲ ကျွန်မ စာအုပ်ဆိုင် အလုပ်က ပြုတ်ခဲ့ပါတယ်။ ကျွန်မ အပြေးအလွှား အလုပ်ရှာရပြန်ပါတယ်။ အလုပ်ကလဲ တော်တော်နဲ့  မရနိုင်တော့ လက်ဝတ်လက်စား ရောင်းရင်း ဖြေရှင်းရပါတယ်။ ၂ လလောက်နေမှ ဘုရင့်နောင်လမ်းဆုံက လယ်ထွန်စက်တွေ ရောင်းတဲ့ company မှာ အလုပ်ရပါတယ်။ လစာ ၆၀၀၀ နဲ့ ပါ။ အလုပ်ပိုင်ရှင်မမက စီစဉ်ပေးတဲ့ အတွက် များသောအားဖြင့် နေ့ လည်စာကို ရုံးမှာစားရတာ များပါတယ်။ ကျွန်မလိုချင်တဲ့ လမ်းကြောင်းပေါ် ရောက်ဘို့ ရေးရေးပေါ်လာတဲ့ လမ်းစတစ်ခုပါ။ မီးစက်အင်ဂျင်တွေ ရောင်းတဲ့ company ဖြစ်လေတော့ engineering အကြောင်း ပြန်လေ့လာ ဖတ်မှတ်ရပါတယ်။ ဖောက်သည်အများစုက လယ်သမားတွေ ဖြစ်လေတော့ သူတို့ ပြောတဲ့ အရပ်အခေါ်အဝေါ်နဲ့  ကိုယ့်အသုံးအနှုံး စပ်ဟပ် marketing ရပါတယ်။ အဲဒီမှာ ကျွန်မ ပျော်ခဲ့ပါတယ်။ အလုပ်က မိဝေး ဖဝေးကျွန်မကို အရိပ်လိုမိုးပြီး စောင့်ရှောက်ခဲ့ပါတယ်။
အဲဒီမှာလဲ ၃ လလောက်သာ ကြာရှည်ပြီး လှိုင်သာယာက Packaging စက်ရုံတစ်ခုမှာ Maintenance staff အနေနဲ့  အလုပ်ရလို့ ပြောင်းလာခဲ့ပါတယ်။ အဲဒီအလုပ်ကတော့ ကျွန်မ အိပ်မက်တွေကို မြေတောင်မြှောက် သီးပွင့်စေတဲ့ နေရာပါ။ ၇ နှစ်လောက်ကြာအောင် အဲဒီမှာ အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။
အလုပ်က ကျွန်မကို ရင့်ကျက်စေ၊ ပိုပြီးလဲ ယုံကြည်မှုရှိစေပါတယ်။
ဒီလိုနဲ့  ရေခြားမြေခြားမှာ အလုပ်လုပ်ရတော့ ကိုယ့်အလုပ်အပေါ် အရင်က အားကိုးအားထား တွယ်တာခဲ့တာတွေထက် ပိုမက်မော သဘောကျပါတယ်။ ကျွန်မအတွက် နေ့ တိုင်း Learning အနည်းဆုံး တစ်ခု နှစ်ခုက အလုပ်မှာ စောင့်ကြိုနေတတ်ပါတယ်။ အိမ်ကို လွမ်းတဲ့အနာဟာ အလုပ်ထဲမှာ ရှိနေတဲ့ အလုပ်ချိန် ၁၀ နာရီအတွင်း အနားတောင် မသီတတ်ပါဘူး။ အသဲကွဲတာ၊ စိတ်ပူပင်တာ၊ ပင်ပန်း နာကြင်မှုတွေဟာ အလုပ်ချိန်အတွင်း မေ့ပျောက်လို့ နေတတ်ပါတယ်။ အလုပ်က ပြန်လာရင်လဲ တနေကုန် စိတ်ရောလူရော လှုပ်ရှားတတ်ကြွမှုတွေ အတွက် အဝတ်ပုံတစ်ခုလို ပျော့ခွေပြီး အိပ်ပျော်ခြင်းသို့ ရောက်တတ်တာကြောင့် ကျွန်မအတွက်တော့ အလုပ်ဟာ အနာကျက်ဆေး အိပ်ဆေး တစ်ခုပါ။
Wednesday, September 16, 2009
Sunday, September 6, 2009
စာအုပ်တွေ ၂
ကျွန်မ အထက်တန်းကျောင်းသူ ဘဝ တစ်လျှောက် ဖတ်ခဲ့တဲ့ စာအုပ်တွေကတော့ English for all ၊ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တွတ်ပီ၊ သုတဆွယ်စုံ၊ နက္ခတရောင်ခြည် စသဖြင့် လစဉ် အပတ်စဉ် ထုတ်များအပြင် တခါတလေ အမေ့ ဆေးစာအုပ် ဘီရိုထဲက ဟင်းသီးဟင်းရွက် နဲ့ ကျန်းမာရေး လိုမျိုး စာအုပ်တွေလဲ ယူဖတ်ဖြစ်ပါတယ်။ တနှစ်လောက် သိုင်းဝတ္တုတွေ ထဲမှာ မျောပါနေခဲ့သေးပြီး သူရဲကောင်းတွေကို အားကျနေခဲ့ မိပါသေးတယ်။ နောင်တော့ သိုင်းဝတ္တု စုံထောက်ဝတ္တုတွေရဲ့ ဇာတ်လမ်းကျောရိုးက သိပြီးသားဖြစ်နေတတ်တာ နဲ့  ရိုးအီပြီး လုံးဝ မဖတ်ဖြစ်တော့ပါဘူး။ နွေရာသီ ကျောင်းပိတ်ရက်ရှည်တလျှောက်လုံးမှာ အနီးအနားက ရွာတစ်ရွာမှာ အမြဲအလည်ရောက်နေလေ့ရှိပါတယ်။ ရွာဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ ။ 6 ပေ 7ပေ လောက်ရှိတဲ့ ခြင်္သေ့ရုပ် ဖိနပ်နဲ့  စာအုပ်ဘီရိုကြီး တစ်လုံးရှိပါတယ်။ ကျွန်မ ငယ်ငယ်ပိစီကွေးတုန်းက အဲဒီ ဘီရိုနား ရောက်ရင် ပါးစပ်ဟ ထားတဲ့ ခြင်္သေ့ကြီး နှစ်ကောင်ကို ကြောက်လို့  အတင်း တွန်းကန် အော်ငိုတတ်ပေမဲ့ နောက်တော့ ကျွန်မ အမြဲလိုလို အချိန်ပေးတဲ့ နေရာဖြစ်လာပါတယ်။ အချို့ စာအုပ်တွေဆို ဝါပြီး ကြွေလုနီးနီး ကျွပ်ဆတ်နေတတ်ပါသေးတယ်။ သိပ္ပံမောင်ဝ၊ ဆရာ ဇော်ဂျီ စသဖြင့်လဲ ပါတတ်ပါသေးတယ်။ စာအုပ်တွေ အားလုံးလိုလိုက ကျွန်မထက်အသက်ကြီးတဲ့ စာအုပ်တွေပါ။ အဲဒီအိမ်က အကိုတွေ ဦးလေးတွေက စာအုပ်တွေ ရှိခိုးပြီးမှ ဖတ်လို့  စတတ် နောက်တတ်ပါတယ်။ နေ့ လည်ခင်းတွေမှာ ကလေးတွေကို လူကြီးတွေက နေပူလို့ ဆိုပြီး အပြင် ပေးမဆော့တတ်ကြပါဘူး။ နေ့ လည်ခင်းမှာ အိပ်မရအောင် အလွန်ကြွတက် တဲ့ ကျွန်မက စာအုပ်တစ်အုပ် နဲ့  ကောက်ရိုးပုံပေါ် ဒါမှမဟုတ် တလင်းဘေး က ကွပ်ပစ်မှာ စာဖတ်လိုက် ငေးလိုက် သရက်သီး ခူးစားလိုက် နောက်ဖေးက မြေပဲခင်းကို နွား ဝင်လား ကြည့်လိုက်နဲ့  တော်တော်အလုပ်ဖြစ်ပါတယ်။ အဲဒီတုန်းက ထူးဆန်းတဲ့ စာအုပ်တစ်အုပ် ဖတ်မိဘူးပါတယ်။ တိရစ္ဆာန်တွေက လူတွေလို စကားပြောတတ်လာပြီး လူတွေကို ပြန်ပုန်ကန်တဲ့ အကြောင်းပါ။ ရှေးစာလုံး လက်ရေး လက်သားနဲ့ ရေးထားတဲ့ စာအုပ်ဖြစ်ပြီး ဘာအတွက်ရည်ရွယ်လဲတော့  မမှတ်မိတော့ပါဘူး။ ကျွန်မတို့ ရှေးမြန်မာတွေ ခေတ်နောက်မကျဘူး မဟုတ်လားရှင်။ ရှေးကတည်းက အိမ်တွေမှာ စာအုပ်ဘီရိုခန့် ခန့်  ညားညားတွေနဲ့  စာပေရဲ့ တန်ဘိုးကို နားလည်ခဲ့ကြပါတယ်။ အဲဒီတုန်းက ကျွန်မနဲ့ အတူ နေ့ လည်ခင်းတွေမှာ စာဖတ်ဖော်တစ်ယောက်ရှိခဲ့သေးတယ်။ သူကတော့ ကျွန်မတို့  မေမေကြီး လို့ ခေါ်တဲ့ အိမ်ကြီးရှင် ဘွားဘွား ပဲဖြစ်ပါတယ်။ မေမေကြီးက သူကြားရုံ အသံလေးထွက် စာဖတ်ပြီး တခါတခါ ခဏ နားလို့  အော် ဒါက ဒီလို ပါလား။ အင်း စသည်ဖြင့် မှတ်ချက်လေးတွေနဲ့  ဖတ်တတ်ပါတယ်။
ပျော်ရွှင် အပူအပင် ကင်းခဲ့တဲ့ နေ့ ရက်တွေပါ။
ပျော်ရွှင် အပူအပင် ကင်းခဲ့တဲ့ နေ့ ရက်တွေပါ။
စာအုပ်တွေ
ဖတ်မိ မှတ်မိ တဲ့စာအုပ်တွေ အကြောင်း ပြန်တွေးမိတယ်။
ကျွန်မ ပထမ ဆုံးစ ပြီးဖတ်ဖြစ်တဲ့ ဝတ္တုက ဆရာ မြသန်းတင့် ရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုတဲ့ ဝတ္တုပါ။ စန္ဒာ မဂ္ဂဇင်း မှာ စပြီး အခန်းဆက် ဖတ်ဖြစ်ခဲ့တာပါ။ ဇာတ်အိမ်ကကြီး လူတွေက များပေမဲ့ စစ်ဗိုလ်လေး အက်ရှ် ရဲ့ ဘဝ ဇာတ်ကြောင်းမှာ မျောပါခဲ့မိပါတယ်။ အဲဒီ အချိန်က ၁၉၈၉~၁၉၉၀ တစ်ဝိုက်လောက် ဖြစ်မယ်ထင်ပါတယ်။ ကျွန်မက လေးတန်း ကျောင်းသူ ဖြစ်ပြီး ကျောင်းပိတ်ရက်ညနေတွေမှာ စာကြည့်တိုက်ထဲ မွှေနောက်နေတတ်ပါတယ်။ စာကြည့်တိုက်ကလဲ ခပ်သေးသေး သာဖြစ်လေတော့ နှစ်နှစ် သုံးနှစ် စာမျှသာ စာအုပ်တွေက ရှိတတ်ပါတယ်။ ဇာတ်လမ်း မပြီးခင် စာအုပ်ကုန်သွားတော့ နောင်တချိန် ကျရင် ဖတ်ဘို့  အကြွေးစာရင်းထဲ မှာ သူ့ ကို မှတ်ထားလိုက်ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဒီစာအုပ်နဲ့ ရေစက်ပြန်ဆုံပြီး မအိပ်မနေ ရုံးကို unpay leave, urgent leave တွေတင်ပြီး ကြိုးကြိုးစားစား နှစ်လ လောက် ဖတ်ယူလိုက် ရပါတယ်။ ကျောင်းစာ ဆိုရင်တော့ ဒီလောက်ကြိုးစား မိမယ်မထင်ဘူး။
အိန္ဒိယ နိုင်ငံရဲ့ လူမှုရေး နိုင်ငံရေး နဲ့  အခွန်အခ အဖြစ် ဆက်သခြင်း ခံရတဲ့ အပယ်ခံစော်ဘွားသမီးတော် နဲ့  အင်္ဂလိပ် စစ်ဗိုလ်လေးတို့ ရဲ့ အချစ်ဇာတ်လမ်း အကြောင်းပါ။ စာရေးဆရာမကြီး M.M.Kaye ရေးပြီး မူရင်း အမည်က The Far Pavilions ပါတဲ့။
မှတ်မှတ်ရရ အဲဒီစာအုပ်ဖတ်နေတဲ့ 2008 နှစ်ဆန်းပိုင်းမှာ ကျွန်မက company တာဝန် နဲ့  ဇေယျဝတီ သကြားစက် ကိုရောက်နေပါတယ်။ စာအုပ်တွေ ကျောပိုးအိတ်ထဲ ထည့်သွားတဲ့ ကျွန်မက သကြားစက်က ပေးတဲ့ ဧည့်ရိပ်သာ မှာ ညနေပိုင်း အချိန်တွေ ဖတ်ဖြစ်ပါတယ်။ ဇေယျဝတီအဝန်းအဝိုင်း ဆိုတာလဲ သိတဲ့အတိုင်း မြန်မာပြည်ရဲ့ Little India ပါ။ ညနေ နေရောင်က ဇေယျဝတီ သကြားစက်ကြီး ပေါ် စီးမိုးအုပ်ပြီး ကြံခင်း တွေ တလျှောက် အိန္ဒိယ အမျိုးသမီးများက ဆာရီရောင်စုံနဲ့  လမ်းလျှောက်သွားတဲ့ အခါ ဝတ္တုထဲက တိုင်းပြည်ကို တကယ်ရောက်သွားသလိုမျိုး ကျွန်မ ကိုယ်တိုင်တောင် ဇာတ်ရံ တစ်ယောက်လို သူတို့ တွေ ဘေးက ကြည့်နေရသလို ဝေဝေဝါးဝါး နဲ့ လွမ်းစရာလဲ ကောင်းလှပါတယ်။
ကျွန်မ ရင်အနာဆုံး မျက်ရည်ကျရတဲ့ အခန်းက စော်ဘွားတစ်ယောက်သေဆုံးတဲ့အခါ သူ့ ရဲ့ ဇနီး မယားတွေပါ စော်ဘွားရဲ့ ရုပ်ကလပ်လောင်ကျွမ်းရာ မီးပုံထဲ ခုံချစတေး ရတယ်ဆိုတဲ့ နေရာပါ။ လောင်တိုက် ဆီသွားတဲ့ နံရံမှာ ပန်းဆီရောင် ပန်းချီကား တစ်ချပ်လို ရှုပ်ယှက်ခတ်နေတဲ့ ခြစ်ရာ စင်းရာလေးပေါင်း မြောက်များစွာ ရှိပါသတဲ့။ သေသေချာချာ ကရုထားပြီး ကြည့်မယ်ဆိုရင်တော့ ဒါဟာ သေးသွယ် ပျော့ပျောင်းတဲ့ အမျိုးသမီး လက်ချောင်းလေးတွေ ဖြစ်ပြီး လောင်တိုက် စီမှာ ခုန်ချကာနီး ပန်းဆီဆိုး အလှဆင် ထားတဲ့ လက်ချောင်းလေးတွေနဲ့  လောင်တိုက်ရဲ့ နံရံပေါင်(ဘောင်) ကို ကိုင်သွားတဲ့ အရာလေးတွေပါတဲ့။ နောင်တော့ ပန်းဆီရောင် စိတ္တဇ ပန်းချီကား တစ်ချပ်လို ဆွဲထင် ကျန်ရစ်နေတာပါ တဲ့လေ။
ဇေယျဝတီ မှာ အဲဒီဝတ္တုရှည်ကို အဆုံးသတ်ခဲ့ပါတယ်။ ကျွန်မ စိတ်ကို ထင်ယောင်ယိုးမှား ဖြစ်စေတဲ့ ညနေ နေရီတယော ကြံခင်းဘောင်ထက်က ဆာရီဝတ် အမျိုးသမီးတွေ။ ရေတကောင်း တဘက် ကလေး တဘက်နဲ့  ပွင့်လင်း ဖော်ရွေတဲ့ မျက်နှာတွေ ၊ လက်ဆင့်ကမ်းပုံပြင်များနဲ့  သကြားစက်၊ ပန်းဆီဆိုး ဆေးမင်ထိုးထားတဲ့ လက်တွေ ။ ပြီးတော့ မြင်းခွါသံတွေ။ ကျွန်မကို အိပ်မက်တဝက် စိတ်ကူးတဝက် ဆွဲခေါ်သွားနိုင်တဲ့ အဲဒီ စာအုပ် နဲ့  ဒေသ ကို မမေ့နိုင်၊ မပျောက်နိုင် ရှိနေသေး ပါတယ်။ ကျွန်မ အာရုံ မှာ ဆွဲထင်ကျန်ရစ်နေဆဲ ညနေ ပန်းချီကား တချပ်ပါ။
ကျွန်မ ပထမ ဆုံးစ ပြီးဖတ်ဖြစ်တဲ့ ဝတ္တုက ဆရာ မြသန်းတင့် ရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုတဲ့ ဝတ္တုပါ။ စန္ဒာ မဂ္ဂဇင်း မှာ စပြီး အခန်းဆက် ဖတ်ဖြစ်ခဲ့တာပါ။ ဇာတ်အိမ်ကကြီး လူတွေက များပေမဲ့ စစ်ဗိုလ်လေး အက်ရှ် ရဲ့ ဘဝ ဇာတ်ကြောင်းမှာ မျောပါခဲ့မိပါတယ်။ အဲဒီ အချိန်က ၁၉၈၉~၁၉၉၀ တစ်ဝိုက်လောက် ဖြစ်မယ်ထင်ပါတယ်။ ကျွန်မက လေးတန်း ကျောင်းသူ ဖြစ်ပြီး ကျောင်းပိတ်ရက်ညနေတွေမှာ စာကြည့်တိုက်ထဲ မွှေနောက်နေတတ်ပါတယ်။ စာကြည့်တိုက်ကလဲ ခပ်သေးသေး သာဖြစ်လေတော့ နှစ်နှစ် သုံးနှစ် စာမျှသာ စာအုပ်တွေက ရှိတတ်ပါတယ်။ ဇာတ်လမ်း မပြီးခင် စာအုပ်ကုန်သွားတော့ နောင်တချိန် ကျရင် ဖတ်ဘို့  အကြွေးစာရင်းထဲ မှာ သူ့ ကို မှတ်ထားလိုက်ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဒီစာအုပ်နဲ့ ရေစက်ပြန်ဆုံပြီး မအိပ်မနေ ရုံးကို unpay leave, urgent leave တွေတင်ပြီး ကြိုးကြိုးစားစား နှစ်လ လောက် ဖတ်ယူလိုက် ရပါတယ်။ ကျောင်းစာ ဆိုရင်တော့ ဒီလောက်ကြိုးစား မိမယ်မထင်ဘူး။
အိန္ဒိယ နိုင်ငံရဲ့ လူမှုရေး နိုင်ငံရေး နဲ့  အခွန်အခ အဖြစ် ဆက်သခြင်း ခံရတဲ့ အပယ်ခံစော်ဘွားသမီးတော် နဲ့  အင်္ဂလိပ် စစ်ဗိုလ်လေးတို့ ရဲ့ အချစ်ဇာတ်လမ်း အကြောင်းပါ။ စာရေးဆရာမကြီး M.M.Kaye ရေးပြီး မူရင်း အမည်က The Far Pavilions ပါတဲ့။
မှတ်မှတ်ရရ အဲဒီစာအုပ်ဖတ်နေတဲ့ 2008 နှစ်ဆန်းပိုင်းမှာ ကျွန်မက company တာဝန် နဲ့  ဇေယျဝတီ သကြားစက် ကိုရောက်နေပါတယ်။ စာအုပ်တွေ ကျောပိုးအိတ်ထဲ ထည့်သွားတဲ့ ကျွန်မက သကြားစက်က ပေးတဲ့ ဧည့်ရိပ်သာ မှာ ညနေပိုင်း အချိန်တွေ ဖတ်ဖြစ်ပါတယ်။ ဇေယျဝတီအဝန်းအဝိုင်း ဆိုတာလဲ သိတဲ့အတိုင်း မြန်မာပြည်ရဲ့ Little India ပါ။ ညနေ နေရောင်က ဇေယျဝတီ သကြားစက်ကြီး ပေါ် စီးမိုးအုပ်ပြီး ကြံခင်း တွေ တလျှောက် အိန္ဒိယ အမျိုးသမီးများက ဆာရီရောင်စုံနဲ့  လမ်းလျှောက်သွားတဲ့ အခါ ဝတ္တုထဲက တိုင်းပြည်ကို တကယ်ရောက်သွားသလိုမျိုး ကျွန်မ ကိုယ်တိုင်တောင် ဇာတ်ရံ တစ်ယောက်လို သူတို့ တွေ ဘေးက ကြည့်နေရသလို ဝေဝေဝါးဝါး နဲ့ လွမ်းစရာလဲ ကောင်းလှပါတယ်။
ကျွန်မ ရင်အနာဆုံး မျက်ရည်ကျရတဲ့ အခန်းက စော်ဘွားတစ်ယောက်သေဆုံးတဲ့အခါ သူ့ ရဲ့ ဇနီး မယားတွေပါ စော်ဘွားရဲ့ ရုပ်ကလပ်လောင်ကျွမ်းရာ မီးပုံထဲ ခုံချစတေး ရတယ်ဆိုတဲ့ နေရာပါ။ လောင်တိုက် ဆီသွားတဲ့ နံရံမှာ ပန်းဆီရောင် ပန်းချီကား တစ်ချပ်လို ရှုပ်ယှက်ခတ်နေတဲ့ ခြစ်ရာ စင်းရာလေးပေါင်း မြောက်များစွာ ရှိပါသတဲ့။ သေသေချာချာ ကရုထားပြီး ကြည့်မယ်ဆိုရင်တော့ ဒါဟာ သေးသွယ် ပျော့ပျောင်းတဲ့ အမျိုးသမီး လက်ချောင်းလေးတွေ ဖြစ်ပြီး လောင်တိုက် စီမှာ ခုန်ချကာနီး ပန်းဆီဆိုး အလှဆင် ထားတဲ့ လက်ချောင်းလေးတွေနဲ့  လောင်တိုက်ရဲ့ နံရံပေါင်(ဘောင်) ကို ကိုင်သွားတဲ့ အရာလေးတွေပါတဲ့။ နောင်တော့ ပန်းဆီရောင် စိတ္တဇ ပန်းချီကား တစ်ချပ်လို ဆွဲထင် ကျန်ရစ်နေတာပါ တဲ့လေ။
ဇေယျဝတီ မှာ အဲဒီဝတ္တုရှည်ကို အဆုံးသတ်ခဲ့ပါတယ်။ ကျွန်မ စိတ်ကို ထင်ယောင်ယိုးမှား ဖြစ်စေတဲ့ ညနေ နေရီတယော ကြံခင်းဘောင်ထက်က ဆာရီဝတ် အမျိုးသမီးတွေ။ ရေတကောင်း တဘက် ကလေး တဘက်နဲ့  ပွင့်လင်း ဖော်ရွေတဲ့ မျက်နှာတွေ ၊ လက်ဆင့်ကမ်းပုံပြင်များနဲ့  သကြားစက်၊ ပန်းဆီဆိုး ဆေးမင်ထိုးထားတဲ့ လက်တွေ ။ ပြီးတော့ မြင်းခွါသံတွေ။ ကျွန်မကို အိပ်မက်တဝက် စိတ်ကူးတဝက် ဆွဲခေါ်သွားနိုင်တဲ့ အဲဒီ စာအုပ် နဲ့  ဒေသ ကို မမေ့နိုင်၊ မပျောက်နိုင် ရှိနေသေး ပါတယ်။ ကျွန်မ အာရုံ မှာ ဆွဲထင်ကျန်ရစ်နေဆဲ ညနေ ပန်းချီကား တချပ်ပါ။
Wednesday, September 2, 2009
လောကကြီးနဲ့ ရန်ဖြစ်တဲ့ငါ
လူတွေကပြောကြတယ်။
ပျော့နွဲ့ လွန်းတဲ့ မိန်းမတဲ့လေ
ကိုယ့်ဇာတ်လမ်းနဲ့ ကိုယ်
အကြမ်းမင်းသမီး ဖြစ်ခဲ့ဘူးပါ့။
တချို့ ကဆိုတယ်
အသဲနှလုံးမရှိတဲ့ မိန်းမတဲ့
အရာရာ ပျက်ပြုန်းလို့ 
ကြေကွဲရတာရော ဘယ်သူသိနိုင်မှာတဲ့လဲ။
ငါဟာ ပျော်ရွှင်သူတဲ့
အကြိမ်ကြိမ်ပြိုလဲတဲ့
အရှုံးတွေကြားက
မဆန့် ရင်ကာပြုံးမိတာ
ငါသာ အသိဆုံးပါ။
ငါဟာ အတ္တကြီးသူတဲ့
ရှိသမျှ မာန သိက္ခာတွေ
ချုံးချုံးကျ မသွားခင်
အရေးတကြီး ကာကွယ်ခဲ့ရတာပါ။
လောကကြီးရဲ့ အမြင်ဟာ
ဘယ်လောက်တောင်
ရယ်စရာကောင်းလိုက်လေလဲ။
ငါ့ကိုယ်ပေါ်က ငါကို ခွါချရင်တောင်မှ
ငါ့ကို ငါလို့ မြင်နေဦးမဲ့ လောက။
စိတ်ပျက်တယ်။
ပျော့နွဲ့ လွန်းတဲ့ မိန်းမတဲ့လေ
ကိုယ့်ဇာတ်လမ်းနဲ့ ကိုယ်
အကြမ်းမင်းသမီး ဖြစ်ခဲ့ဘူးပါ့။
တချို့ ကဆိုတယ်
အသဲနှလုံးမရှိတဲ့ မိန်းမတဲ့
အရာရာ ပျက်ပြုန်းလို့ 
ကြေကွဲရတာရော ဘယ်သူသိနိုင်မှာတဲ့လဲ။
ငါဟာ ပျော်ရွှင်သူတဲ့
အကြိမ်ကြိမ်ပြိုလဲတဲ့
အရှုံးတွေကြားက
မဆန့် ရင်ကာပြုံးမိတာ
ငါသာ အသိဆုံးပါ။
ငါဟာ အတ္တကြီးသူတဲ့
ရှိသမျှ မာန သိက္ခာတွေ
ချုံးချုံးကျ မသွားခင်
အရေးတကြီး ကာကွယ်ခဲ့ရတာပါ။
လောကကြီးရဲ့ အမြင်ဟာ
ဘယ်လောက်တောင်
ရယ်စရာကောင်းလိုက်လေလဲ။
ငါ့ကိုယ်ပေါ်က ငါကို ခွါချရင်တောင်မှ
ငါ့ကို ငါလို့ မြင်နေဦးမဲ့ လောက။
စိတ်ပျက်တယ်။
Tuesday, September 1, 2009
ငယ်ငယ်တုန်းကလေ
ကျွန်မ ခြောက်နှစ်သမီးလောက်ကတည်းက တခုခုပြောချင်ရင် ငယ်ငယ်တုန်းကလေ လို့ စပြီး ပြောတတ်ကြောင်း အမေပြန်ပြောပြလို့ သိရပါတယ်။
အခုတော့ တကယ်လဲ ငယ်ငယ်တုန်းက အကြောင်း ပြန်တွေးမိ ရယ်ရမိပါတယ်။
ကျွန်မက ငယ်ကတည်းက ဘယ်လို ဗီဇ အထုံ ပါခဲ့တယ်မသိပါဘူး။ ယောက်ျားလေးလို သနပ်ခါး မလိမ်း ၊ ပေပေ တေတေ ကြီးပြင်းလာခဲ့ပါတယ်။ အသန့် ကြိုက် အလှကြိုက်တဲ့ အမေလဲ ကျွန်မကို စောင့်ကြည့်ရုံမျှသာ တတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်က ကျောင်းမှာ ကစားမက်တဲ့ TOP TEN မှာ ကျွန်မ ပါမယ်ထင်တယ်။
လူချစ်လူခင်ကလဲ များပါသေးတယ်။
မူကြို စ,တက်တဲ့နေ့ မှာပဲ ကျွန်မသူငယ်ချင်း ရန်နိုင်ဦး က ကျွန်မကို ကလေးတွေ စီးတဲ့ ကားနဲ့ ဝင်တိုက်လို့  ငိုရပါသေးတယ်။ သူငယ်ချင်းကလဲ အဲဒီနေ့ အကြောင်းမှတ်မှတ်ရရ ရှိနေပြီး ကျွန်မနဲ့ ဆုံတိုင်း စ,နောက်လို့  မဆုံးဖြစ်ရပါတယ်။ ကျွန်မ မူလတန်းရောက်တော့ နေ့ လည် ၁နာရီ မုန့် စားဆင်းချိန်မှာ ဆော့ချင်လွန်း အားကြီးပြီး ၂+၂ ကို အဖြေထွက်အောင် မတွက်နိုင် ဖြစ်ခဲ့တာ သတိရမိပါတယ်။
ဆော့ပုံ ကစားပုံက ကျောင်းပေါ် ကျောင်းအောက် ကျောင်းကြမ်းပြင်အောက်က တောင်ပို့ နားမကျန် ကျောင်းစောင့်အိမ်ပေါ် ကျောင်းစောင့်အိမ်အောက် ဆရာ၊ဆရာမ အခန်း ရုံးခန်း အတန်းတိုင်း အခန်းတိုင်းတော့ မပြောနဲ့ တော့ ကျွန်မမရောက်ဘူးတဲ့ နေရာ တစ်နေရာမရှိအောင် ကစားဘူးပါတယ်။ ကစားဘို့ သူငယ်ချင်းမရှိရင် တစ်ယောက်တည်း ကျောင်းကို ပတ်ပြေးခဲ့ဘူးပါတယ်။
ကျွန်မ လေးတန်း တက်တဲ့နှစ်မှာ ကျောင်းမှာ စာကြည့်တိုက်လေး တစ်ခုရှိလာတာနဲ့ တိုက်ဆိုင်တော့ ဆရာ ဆရာမတွေ တော်တော် အာရုံနောက် သက်သာသွားပါတယ်။
ဒါပေမဲ့ ကျောင်းက လုပ်တဲ့ ကစားပွဲတွေမှာတော့ ဝင်ပါခဲ့ပါသေးတယ်။
အဆော့ကစားသန်ပေမဲ့ ကျွန်မက ဒီလိုပွဲမျိုးမှာတော့ ဘိတ်ချည်း ကပါပဲ။
ထုပ်စည်းတိုး ရင်လဲ ကျွန်မကို ခေါ်မဲ့သူ မရှိပါဘူး။ သားရေကွင်းခုန် ကြိုးခုန်ရင်လဲ ကျွန်မကို သူငယ်ချင်းတွေက အမြဲကူရ ကယ်ရပါတယ်။ အပြေးပြိုင်ပွဲလိုမျိုးဆိုရင် အစမ်းလေ့ကျင့်တာမှာတင် ပြုတ်ခဲ့တာပါ။ ဘောလီဘော ဆိုရင်လဲ ပွဲပြီးသွားပေမဲ့ ကျွန်မ တစ်ချက်ထိလိုက်ရတာ တော်တော်ရှားပါတယ်။ ဟီး။
ဒါပေမဲ့ ထမင်းစားပြီးချိန် ဆော့တဲ့နေရာမှာတော့ အချိန်တော်တော်ကြာအထိ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ ညနေ အိမ်ပြန်ချိန်ရောက်ရင်လဲ အိမ်ကို တည့်တည့်ရှုရှုပြန်ဖြစ်တာ လက်ချိုးရေလို့ ရနိုင်ပါတယ်။ ကျောင်းကနေ အိမ်ကိုပြန်တဲ့ တောလမ်းလေးမှာ တွေ့ ကရာ ပန်းခူး၊ စမ်းချောင်းထဲ ဆင်းပြီး ကျောက်တုံးကောက်။ ဖားလေးတွေ ငါးလေးတွေ ရေကူးနေတာကို တိတ်တိတ်လေး စောင့်ကြည့်တာနဲ့ တင် နေဝင်သွားတတ်ပါတယ်။ ကျောင်းပိတ်ရက်တွေမှာ အိမ်ရှေ့ က မန်ကျည်းပင်ပေါ်မှာ ကင်းစောင့်တမ်း ကစားရင်း အမေ အလုပ်က ပြန်အလာကို စောင့်တတ်ကြပါတယ်။ အိမ်ရှေ့ မှာ ချောက်ကမ်းပါး နိမ့်နိမ့် လေးတစ်ခုရှိပြီး ကြာပန်းရောင်စုံတဲ့ ရေကန်တွေလဲ ရှိပါတယ်။ ရေကန်ပေါ်ကို စစ်ပင်က ကန့် လန့် ဖြတ်လဲကျတဲ့အခါ ဟိုဘက်ဒီဘက် ကူးရင်း ကြာပန်းခူးဘို့ ကြိုးစားမိတာ အမေမြင်သွားပြီး အတီးခံရတာ မှတ်မိနေပါသေးတယ်။ စမ်းချောင်းထဲက ကောက်လာတဲ့ ဖားပုံ ခွေးပုံ ကြောက်တုံးတွေဟာလဲ အလုပ်တဘက်နဲ့  အိမ်မှုတာဝန်ယူရတဲ့ အမေ့အတွက် တော်တော်ခေါင်းစားစေမယ်ဆိုတာ အသက်ကြီးမှ သိရပါတော့တယ်။ နွေရာသီမှာ အသံဝင်အောင် ကစားခဲ့တဲ့ ကျောက်ရုပ် ကျောက်ပျက်၊ ရေသူမ၊ အရူးမကြီး မစာဥ ၊ ရုပ်ရှင်ဝှက်တမ်း ကစားနည်းတို့ ကို လွမ်းပါတယ်။
ဒီလိုနဲ့  ကိုးတန်း ရောက်လာတော့ ဆယ်ကျော်သက်ကလဲ ဖြစ်လာပြန် စာတော်တဲ့ ကျွန်မသူငယ်ချင်းကလဲ အရမ်းငြိမ် အရမ်းအေး ဖြစ်လို့  သူ့ ကို အတုခိုးပြီး သာတောင့်သာယာ နေဘို့ ကြိုးစားခဲ့ပါသေးတယ်။
အဲဒီနေ့ က အကြောင်း ပြန်စဉ်းစားမိတိုင်း ပြုံးမိပါတယ်။
ကိုးတန်းဆောင် နောက်မှာ ကွန်ကရစ် တံတား တစ်ခုရှိနေပါတယ်။ တံတားရဲ့အောက်မှာ ရေပိုက်လိုင်း အကြီးကြီး တစ်ခုရှိပြီး မြောင်းငယ်လေးတစ်ခုလဲရှိပါတယ်။ အဲဒီနေ့ က ဝါဆိုလပြည့်နေ့ မတိုင်ခင် တစ်ရက်။ ကျောင်းအလှူ ရှိတဲ့နေ့ ပါ။ စာလဲမသင်တော့ တစ်ကျောင်းလုံး ဆော့ကစားပြီး အလွန်ပျော်စရာကောင်းတဲ့ တစ်နေ့ လဲဖြစ်ပါတယ်။ ကျွန်မလဲ မူလတန်းကလေးလို ပြေးလွှားမနေတော့ပေမဲ့ ကစားမက်တုန်းပါပဲ။
ကျောင်းနောက် တံတားအောက်က ရေပိုက်ပေါ်မှာ ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက် နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆိတ်သိုးကြီး တစ်ကောင် ရန်မူတော့မလို အမူအရာ နဲ့ ပြေးလာပါတယ်။ ကျွန်မ သူငယ်ချင်း မိစု က ကြောက်ကြောက်နဲ့  အသံကုန်အော် ခဲနဲ့ ပေါက်ပြီး ရှေ့ ကပြေးပါတော့တယ်။ ကျွန်မလဲ ပိုက်လုံးပေါ်က ခုန်ချရင်း ကျောင်းထဲကို အမြန်ဆုံးရောက်တဲ့ ကျောင်းစည်းရိုး သစ်သားပြား နှစ်ချောင်းကြိုးနေရာ ခွေးတွေ ကလေးတွေ တိုးတဲ့အပေါက်ကနေ တိုးပြီးပြေးကြပါတယ်။ ဆိတ်ကလဲ မနေပါဘူး။ နောက်က ထပ်ကြပ်မကွာ လိုက်လာခဲ့ပါတယ်။ ကျွန်မတို့ နှစ်ယောက် နီးစပ်ရာ အတန်းရဲ့ ပြူတင်းပေါက်က ခုန်ကျော်ရင်း ရန်သူကို ချောင်းကြည့်ကြပါတယ်။
ဆိတ်က သူ့ ဒေါသကို ဖြေသာမဲ့သူကို လှည့်လည်ရှာရင်းက ကျွန်မတို့ ကျောင်းအုပ်ကြီးကိုသွားတွေ့ ပါတယ်။
ဆရာကြီးကလဲ အဲဒီနေ့ ကမှ ရွှေဖလားရောင် ပုဆိုးနဲ့  ငွေဖလားကြီး ကိုင်လို့  မောင့်ကြက်သရေ လို့ ခေါ်မလား ခေါင်းပေါင်းပေါက်စန လေးနဲ့ ပဲများတဲ့ နေ့ ပါ။ အရင်ဆုံး ဆိတ်က ဆရာကြီးကို သြဘာပေးရင်း နောက်က ဝင်ဝှေ့ လိုက်ပါတယ်။ အဲဒီနေ့ က ကျောင်းဝါဆိုအလှူ ရေစက်ချတော့ ဆိတ်ဝှေ့ လို့  ခါးနာနေတဲ့ ဆရာကြီးဟာ သံဃာတော်များရှေ့ မှာသိမ်သိမ်မွေ့ မွေ့ မထိုင်နိုင်ပါကြောင်း တောင်းပန်ပြီး ခါးဆန့် တန်းရင်း အလှူပြီးမြောက်ခဲ့ရပါတယ်။ ငယ်ငယ်ကတော့ ကိုယ့်အပြစ်အတွက်ကြောက်ပြီး မတောင်းပန်ခဲ့မိပေမဲ့ ပြီးခဲ့တဲ့ တစ်နှစ်က ဆရာကြီးနဲ့ ပြန်တွေ့ တော့ တောင်းပန်ခဲ့မိပါသေးတယ်။
Sunday, August 30, 2009
ကိုယ်အမူအရာက သိနိုင်တဲ့ လိမ်ညာမှုတွေ
ယောက်ျားတစ်ယောက် တစ်ခုခု ရယူဘို့  ကြိုးစားတဲ့အခါ သူဘယ်လောက်ပဲ မူယာမာယာ များနေနေ သူ့ စီ ကနေ အမှန်တရားကို ရယူသိရှိနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ရိုးသားမှု အပြည့်မရှိတဲ့ အမူအရာတွေကို လေးမျိုး ခွဲခြားစိတ်ဖြာထားပြီး ဒီနေရာမှာရှင်းလင်းထားပါတယ်။
အလိမ်အညာအမူအရာ 1) သူ့ ရဲ့ ခြေကျင်းဝတ်နေရာ တဝိုက်ကို ကုလားထိုင် ခြေထောက်တွေ နောက်မှာ ဝှက်ထားတတ်ခြင်း။
လိမ်ညာမှုဖြစ်မြောက်ဘို့ အတွက် အမှန်တရားကို မျက်နှာဖုံးထပ်တပ်ရတဲ့ စိတ်မှာ တကယ့်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ပိုးထားရသလိုပါ။ ကိုယ့်ရဲ့ပကတိစိတ်ကို တွန်းလှန်လို့  ပြုမူနေထိုင်ရတဲ့အတွက် ခန္တာကိုယ်က မတည်မငြိမ်နဲ့ ဖောက်လွှဲဖောက်ပြန် ဖြစ်တတ်ရတယ်လို့  Body Language expert "Janine Driver" က ဆိုပါတယ်။ ရလဒ်ကတော့ သူဟာ ပိုပြီးခိုင်မာတဲ့ ဆင်ခြေကို ယူထားလိမ့်ဦးမယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အချက်ပြလှုံ့ ဆော်မှုကို ထိမ်းချုပ်ခြင်းလဲဖြစ်ပါတယ်တဲ့။
ဒီလိုအမူအရာမျိုးဟာ ကွယ်ဝှက်ထားတဲ့ နောက်ကြောင်းစီ ဆွဲခေါ်သွားခြင်းကို ကာကွယ်တိုက်ခိုက်တတ်ပုံမျိုး လို ဆိုပါတယ်။
အလိမ်အညာအမူအရာ 2) သူ့ လက်တွေကို အိတ်ကပ်ထဲ ရုတ်တရက်ထည့်ထားတတ်ခြင်း။
လက်အတွင်းပိုင်းတလျှောက်ဆိုတာ သက်တောင့် သက်သာရှိမှုနဲ့  ပွင့်လင်းမှုကို ပြဆိုတာပါ။ အကယ်၍ သူလိမ်ဘို့ ကြိုးစားတာနဲ့  လက်အတွင်းပိုင်းတစ်လျှောက်ကို သဘာဝ အလျှောက် ဖုံးကွယ်ဘို့  လိုအပ်လာတယ် လို့  Success Signals: A Guide to Reading Body language စာအုပ်ရေးသားသူ Patti Wood က ဆိုပါတယ်။ "သူ့ လက်တွေကို နောက်ဘက်မှာ ထားတတ်ပြီးတော့လဲ ဖုံးကွယ် နိုင်သေးတယ်။ ဒါမှမဟုတ် ဒေါသထွက်တဲ့ အမူအယာမျိုးနဲ့  ပစ္စည်းတွေကို (ဥပမာ cell phone လိုမျိုး) ကိုင်ရင်း ထိန်းချုပ်တတ်သေးတယ်" တဲ့။
အလိမ်အညာအမူအရာ 3) ပုခုံး တဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး တွန့် ပြတတ်ခြင်း။
Driver ကဆိုပါတယ်။ လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုကို သူပြောနေတဲ့အခါ သူကိုစောင့်ကြည့်နေလိုက်ပါ။ ညက ငါ သူမ နဲ့ အတူရှိမနေခဲ့ပါဘူး ဆိုတာမျိုးပြောတဲ့ အခါမျိုးမှာပေါ့။ ပုခုံးတွန့် ခြင်းဟာ အမှန်တရားကို ချေဖျက်မှုဖြစ်တတ်ပြီး သူကလဲ သူ့ လက်တွေကို နောက်ကျောမှာ ကြက်ခြေခတ်ယှက်ထားရင် အမှန်တရားကို ဖုံးကွယ်လို့  စိတ်မသက်မသာ ဖြစ်မှုမျိုးလို့  မျှော်လင့်ရပါတယ်တဲ့။ လိမ်ညာမှုအတွက် စဉ်းစားနေစရာတောင် မလိုပဲ အလိုအလျှောက် တုံ့ ပြန်လှုံ့ ဆော် လာတဲ့ အမူအယာမျိုးဖြစ်ပြီး သက်တောင့်သက်သာမရှိတဲ့ စိတ်အခြေအနေကို ဖြေလျှော့ ကာကွယ်နည်းမျိုးလဲ ဖြစ်ပါတယ်တဲ့။
အလိမ်အညာအမူအရာ 4) နှိုင်းဆ ဆင်ချင်ပုံနဲ့  လက်ချောင်းတွေကို နှာခေါင်းအောက်မှာ ထိရုံဖိထားတတ်ခြင်း။
ဒီလက္ခဏာမျိုးဟာ လိမ်ညာမှုအပြင် ယောက်ျားသား အများစု ပုံမှန်သုံးလေ့သုံးထ ရှိတတ်တဲ့ အမူအယာပါ။ သူတို့ စိတ်မှာ မအီမသာဖြစ်တဲ့ အခါမျိုးမှာလဲ ရှိတတ်ပါတယ်လို့  Wood က ဆိုပါတယ်။ တစုံတရာ ပြောလိုက်ပြီးတဲ့နောက် ချက်ချင်းဆိုသလို သူ့ မျက်နှာကို အသာအယာထိကိုင်လိုက်ရင်း သူ့ နှုတ်ခမ်းတွေကို ဖုံးကွယ်လိုက်ပါလိမ့်မယ်။ ဒါဟာ ဒီကိစ္စအပေါ်မှာ သူမယုံကြည်နိုင်ဘူး လို့ ဆိုတဲ့ body language ရယ်လို့  တွေးထင်စရာ ရှိကြောင်း Wood က ရေးသားခဲ့ပါတယ်။
http://lifestyle.msn.com/relationships/staticslideshowcosmo.aspx?cp-documentid=20968527
MSN Website မှ ဖတ်မိတာလေးကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
အလိမ်အညာအမူအရာ 1) သူ့ ရဲ့ ခြေကျင်းဝတ်နေရာ တဝိုက်ကို ကုလားထိုင် ခြေထောက်တွေ နောက်မှာ ဝှက်ထားတတ်ခြင်း။
လိမ်ညာမှုဖြစ်မြောက်ဘို့ အတွက် အမှန်တရားကို မျက်နှာဖုံးထပ်တပ်ရတဲ့ စိတ်မှာ တကယ့်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ပိုးထားရသလိုပါ။ ကိုယ့်ရဲ့ပကတိစိတ်ကို တွန်းလှန်လို့  ပြုမူနေထိုင်ရတဲ့အတွက် ခန္တာကိုယ်က မတည်မငြိမ်နဲ့ ဖောက်လွှဲဖောက်ပြန် ဖြစ်တတ်ရတယ်လို့  Body Language expert "Janine Driver" က ဆိုပါတယ်။ ရလဒ်ကတော့ သူဟာ ပိုပြီးခိုင်မာတဲ့ ဆင်ခြေကို ယူထားလိမ့်ဦးမယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အချက်ပြလှုံ့ ဆော်မှုကို ထိမ်းချုပ်ခြင်းလဲဖြစ်ပါတယ်တဲ့။
ဒီလိုအမူအရာမျိုးဟာ ကွယ်ဝှက်ထားတဲ့ နောက်ကြောင်းစီ ဆွဲခေါ်သွားခြင်းကို ကာကွယ်တိုက်ခိုက်တတ်ပုံမျိုး လို ဆိုပါတယ်။
အလိမ်အညာအမူအရာ 2) သူ့ လက်တွေကို အိတ်ကပ်ထဲ ရုတ်တရက်ထည့်ထားတတ်ခြင်း။
လက်အတွင်းပိုင်းတလျှောက်ဆိုတာ သက်တောင့် သက်သာရှိမှုနဲ့  ပွင့်လင်းမှုကို ပြဆိုတာပါ။ အကယ်၍ သူလိမ်ဘို့ ကြိုးစားတာနဲ့  လက်အတွင်းပိုင်းတစ်လျှောက်ကို သဘာဝ အလျှောက် ဖုံးကွယ်ဘို့  လိုအပ်လာတယ် လို့  Success Signals: A Guide to Reading Body language စာအုပ်ရေးသားသူ Patti Wood က ဆိုပါတယ်။ "သူ့ လက်တွေကို နောက်ဘက်မှာ ထားတတ်ပြီးတော့လဲ ဖုံးကွယ် နိုင်သေးတယ်။ ဒါမှမဟုတ် ဒေါသထွက်တဲ့ အမူအယာမျိုးနဲ့  ပစ္စည်းတွေကို (ဥပမာ cell phone လိုမျိုး) ကိုင်ရင်း ထိန်းချုပ်တတ်သေးတယ်" တဲ့။
အလိမ်အညာအမူအရာ 3) ပုခုံး တဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး တွန့် ပြတတ်ခြင်း။
Driver ကဆိုပါတယ်။ လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုကို သူပြောနေတဲ့အခါ သူကိုစောင့်ကြည့်နေလိုက်ပါ။ ညက ငါ သူမ နဲ့ အတူရှိမနေခဲ့ပါဘူး ဆိုတာမျိုးပြောတဲ့ အခါမျိုးမှာပေါ့။ ပုခုံးတွန့် ခြင်းဟာ အမှန်တရားကို ချေဖျက်မှုဖြစ်တတ်ပြီး သူကလဲ သူ့ လက်တွေကို နောက်ကျောမှာ ကြက်ခြေခတ်ယှက်ထားရင် အမှန်တရားကို ဖုံးကွယ်လို့  စိတ်မသက်မသာ ဖြစ်မှုမျိုးလို့  မျှော်လင့်ရပါတယ်တဲ့။ လိမ်ညာမှုအတွက် စဉ်းစားနေစရာတောင် မလိုပဲ အလိုအလျှောက် တုံ့ ပြန်လှုံ့ ဆော် လာတဲ့ အမူအယာမျိုးဖြစ်ပြီး သက်တောင့်သက်သာမရှိတဲ့ စိတ်အခြေအနေကို ဖြေလျှော့ ကာကွယ်နည်းမျိုးလဲ ဖြစ်ပါတယ်တဲ့။
အလိမ်အညာအမူအရာ 4) နှိုင်းဆ ဆင်ချင်ပုံနဲ့  လက်ချောင်းတွေကို နှာခေါင်းအောက်မှာ ထိရုံဖိထားတတ်ခြင်း။
ဒီလက္ခဏာမျိုးဟာ လိမ်ညာမှုအပြင် ယောက်ျားသား အများစု ပုံမှန်သုံးလေ့သုံးထ ရှိတတ်တဲ့ အမူအယာပါ။ သူတို့ စိတ်မှာ မအီမသာဖြစ်တဲ့ အခါမျိုးမှာလဲ ရှိတတ်ပါတယ်လို့  Wood က ဆိုပါတယ်။ တစုံတရာ ပြောလိုက်ပြီးတဲ့နောက် ချက်ချင်းဆိုသလို သူ့ မျက်နှာကို အသာအယာထိကိုင်လိုက်ရင်း သူ့ နှုတ်ခမ်းတွေကို ဖုံးကွယ်လိုက်ပါလိမ့်မယ်။ ဒါဟာ ဒီကိစ္စအပေါ်မှာ သူမယုံကြည်နိုင်ဘူး လို့ ဆိုတဲ့ body language ရယ်လို့  တွေးထင်စရာ ရှိကြောင်း Wood က ရေးသားခဲ့ပါတယ်။
http://lifestyle.msn.com/relationships/staticslideshowcosmo.aspx?cp-documentid=20968527
MSN Website မှ ဖတ်မိတာလေးကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
Saturday, August 29, 2009
home sweet home

အိမ်ကို လွမ်းတယ်။
အိမ်နဲ့  အဝေးရောက်နေတဲ့ သူတွေကတော့ ဒီစကားလေးကို ခံစားတတ်ကြမှာပါ။ လူတွေက စက်ရုပ်တွေလို
အချိန်ရယ်ငွေရယ်ထိန်းချုပ်မှုအောက်ရောက်ရတဲ့ အခါ လွမ်းစရာ အဝေးက အိမ်လေးကို အခါခါ စိတ်မှာ အရိပ်ထင်မိတယ်။
အချိန်ရယ်ငွေရယ်ထိန်းချုပ်မှုအောက်ရောက်ရတဲ့ အခါ လွမ်းစရာ အဝေးက အိမ်လေးကို အခါခါ စိတ်မှာ အရိပ်ထင်မိတယ်။
မနက်အိပ်ရာထရင် ကုန်းပိုးပြီး ရေချိုးခန်းထဲ ပို့ ပေးတဲ့ အဖေ့ကို လွမ်းတယ်။
အမေ့ရဲ့ တတွတ်တွတ် ဆုံးမသံနဲ့  ထမင်းကြော် ပူပူနွေးနွးကို လွမ်းတယ်။
ညီမလေးရဲ့  လက်ရာကောင်းကောင်းဟင်းတွေ၊ ခဏခဏ စိတ်ကောက်ပြီး
အင်္ကျီမီးပူတိုက်ပေးတတ်တာ လွမ်းတယ်။
အငယ်ဆုံးမောင်လေးရဲ့  လိမ္မာတတ်တာတွေ လွမ်းတယ်။
ရိုးမတောင်ခြေက မှိုင်းမှိုင်းပြပြ အလင်းနဲ့  ဆိတ်ဖလူးပန်းနံ့ က အိပ်မက်မှာတောင် အလည်ရောက်လာတယ်။ တပင်လုံး ဖြူဆွတ်အောင် ပွင့်တတ်တဲ့ ယုဇနပင်က လရောင်အောက်မှာ တဖိတ်ဖိတ်လက်လို့ ။
အနားမှာ "ညို" လို့ ခေါ်တဲ့  အချစ်ဆုံး ခွေးမလေးနဲ့ နှစ်ယောက်ယှဉ်ပြီးအိမ်ရှေ့ က ခုံတန်းလျားလေးမှာ ကြယ်တွေကြည့် ခဲ့ဘူးတယ်။
အနားမှာ "ညို" လို့ ခေါ်တဲ့  အချစ်ဆုံး ခွေးမလေးနဲ့ နှစ်ယောက်ယှဉ်ပြီးအိမ်ရှေ့ က ခုံတန်းလျားလေးမှာ ကြယ်တွေကြည့် ခဲ့ဘူးတယ်။
သီတင်းကျွတ်မှာ တအိမ်သားလုံး ဘုန်းကြီးကျောင်းမှာ အလှူသွားလုပ်နေတော့ အိမ်ပြန်လာပြီး သော့မေ့ခဲ့တဲ့ ကိုယ့်အပြစ်ကြောင့် ခေါစာပစ်ထားတဲ့  မုန့် ဆီကြော်ကို ညို နဲ့  တစ်ယောက်တ၀က် စားခဲ့ရတာ သတိရတယ်။ အဖေ့အသံကြားရင် အသံစာစာနဲ့  ဆူညံနှုတ်ဆက်တတ်တဲ့ ဂီးဂေါ် ဆိုတဲ့  လည်ပင်း ရှည်ရှည် ဘဲစုံတွဲရော နေကောင်းရဲ့ လား။
အိမ်ရှေ့ က ၀ရံတာမှာ မနက်ခြောက်နာရီခွဲတာနဲ့ ရောက်လာတတ်တဲ့  နွေဦးရာသီ မနက်အလင်းရောင်ကို ချစ်တယ်။ မြက်ပင်ရှည်တွေပေါ်မှာ တွဲခိုနေတဲ့  နှင်းရည်တွေကို ချစ်တယ်။ မီးခိုးနဲ့  ဆောင်းငွေ့  တောင်ခိုးတွေ ရောနေတဲ့ လမ်းမီးတိုင်အောက်က မြင်ကွင်းကို ချစ်တယ်။
မိသားစုတွေ ဆုံတဲ့အခါ အဖေ ကြော်ကျွေးတဲ့ ဆီထမင်းကို တမ်းတမိတယ်။ အထက်တန်းကျောင်းသူ ဘ၀က အဖေနဲ့  အတူတူသွားခဲ့တဲ့ တောင်တက်ခရီးကို သတိရတယ်။ ဧရာဝတီမြစ်ကို အဖြူရောင် ဖဲပြားလေးလိုသာ မြင်ရတဲ့ တောင်ထိပ်က ဘုန်းကြီးကျောင်းမှာ တညတည်းရင်း တသက်လုံး အတွက် အသုံးဝင်တဲ့ သင်ခန်းစာ တချို့ ကို ပြောခဲ့တယ်။ တောလမ်းကြမ်းကြမ်းကို ကျောပိုးအိပ် ရေဘူး သယ်ရ၊ ရိုးမနားရောက်ခါနီး မတ်စောက်တဲ့ ကျောက်တောင်ပေါ် ကုတ်ဖဲ့တက်ရနဲ့ ရုပ်ရှင်တွေထဲကလို စိတ်ကူးယဉ်စရာ မကောင်းဘူးလေ။
ဒီတောင်ပေါ်မှာ ဘုရားတည်နေတဲ့ အဖွဲ့ အတွက် နို့ ဆီလို လက်ဘက်ခြောက်လို ရိက္ခာခြောက်တွေ လာလှူတာ။ တောင်ပေါ်ရောက်တာနဲ့  ငြီးညူမိတဲ့ ကိုယ့်ကို အဖေက လေအေးလေးနဲ့ ပြောတယ်။ သမီးကြီး တဖြစ်တောက်တောက်ပြောနေရုံနဲ့  ပိုပြီးနေလို့ ထိုင်လို့ ကောင်းမလာဘူး။ အဲဒီ အကျင့်က ဘာမှ ကောင်းကျိုးမပေးတဲ့အပြင် တဘ၀လုံး ပါသွားနိုင်တဲ့ အကျင့်ဆိုး။ အခုတောင်ပေါ်ကနေ လှမ်းကြည့်စမ်း။ ဟိုမှာ မြင်နေရတာ ဧရာဝတီလေ။ သမီးနောက်ဆို တော်ရုံနဲ့ ရောက်မှာ မဟုတ်ဘူး။ ရောက်ချင်မှလဲ ရောက်မှာ။ ဒီမှာ အေးအေးဆေးဆေးနားပြီး ကုသိုလ်ကောင်းကောင်းယူတဲ့။
ဒီတောင်ပေါ်မှာ ဘုရားတည်နေတဲ့ အဖွဲ့ အတွက် နို့ ဆီလို လက်ဘက်ခြောက်လို ရိက္ခာခြောက်တွေ လာလှူတာ။ တောင်ပေါ်ရောက်တာနဲ့  ငြီးညူမိတဲ့ ကိုယ့်ကို အဖေက လေအေးလေးနဲ့ ပြောတယ်။ သမီးကြီး တဖြစ်တောက်တောက်ပြောနေရုံနဲ့  ပိုပြီးနေလို့ ထိုင်လို့ ကောင်းမလာဘူး။ အဲဒီ အကျင့်က ဘာမှ ကောင်းကျိုးမပေးတဲ့အပြင် တဘ၀လုံး ပါသွားနိုင်တဲ့ အကျင့်ဆိုး။ အခုတောင်ပေါ်ကနေ လှမ်းကြည့်စမ်း။ ဟိုမှာ မြင်နေရတာ ဧရာဝတီလေ။ သမီးနောက်ဆို တော်ရုံနဲ့ ရောက်မှာ မဟုတ်ဘူး။ ရောက်ချင်မှလဲ ရောက်မှာ။ ဒီမှာ အေးအေးဆေးဆေးနားပြီး ကုသိုလ်ကောင်းကောင်းယူတဲ့။
အဲဒီတုန်းကတော့ အဖေ့စကားဆိုရင် ကြောက်လို့ နားထောင်လိုက်တာပါပဲ။ ဒါပေမဲ့ လက်တွေ့ မှာ တကယ်ကို အသုံးဝင်တဲ့ နည်းတစ်ခုဖြစ်ခဲ့တယ်။ တခုခု အတားအဆီးကြောင့် စိတ်ဓါတ်ကျရင် မငြီးညူမိအောင် နေတတ်လာခဲ့တယ်။ တဖြစ်တောက်တောက်ကလဲ အနှုတ်လက္ခဏာမှန်း ပိုသိလာတော့ အဖေ့ကို ကျေးဇူး ခဏ ခဏ တင်မိတယ်။
အဖေ့ရဲ့  မိသားစုကို ချစ်တဲ့ တန်ဘိုးထားတဲ့စေတနာကြောင့် ဘ၀ကနေရတာ အမြဲလုံခြုံတယ်။
တလောကလုံး လက်မခံနိုင်တဲ့ အပြစ်တစ်ခု (ခြေချော်လက်ချော်) မှားခဲ့ရင်တောင် ကိုယ့်နောက်မှာ ကိုယ့်ကို အမြဲချစ် နားလည်တဲ့ အဖေနဲ့  အမေရှိနေတယ်လို့  ခံစားရတယ်။ ဒါ့ကြောင့်လဲ ကိုယ်ဘယ်တော့မှ မဆိုးခဲ့ဘူး။
တလောကလုံး လက်မခံနိုင်တဲ့ အပြစ်တစ်ခု (ခြေချော်လက်ချော်) မှားခဲ့ရင်တောင် ကိုယ့်နောက်မှာ ကိုယ့်ကို အမြဲချစ် နားလည်တဲ့ အဖေနဲ့  အမေရှိနေတယ်လို့  ခံစားရတယ်။ ဒါ့ကြောင့်လဲ ကိုယ်ဘယ်တော့မှ မဆိုးခဲ့ဘူး။
အမေကတော့ အမြဲအားပေးတဲ့သူ။ အမေက ခေတ်မှီတယ်။ ကိုယ်ဆယ်ကျော်သက် ဘ၀မှာ တိုင်ပင်စရာက အမေပဲ။ လမ်းလျှောက်တာ ၊ ကိုယ်နေမတ်မတ် နေတတ်ဘို့ ၊ တကိုယ်ရေ သန့် ရှင်းဘို့ ၊ စိတ်နဲ့  မျက်နှာအမူအရာ နဲ့ တွဲပြီး ပြုံးပြုံး ရွှင်ရွှင်ရှိတတ်ဘို့ ၊ ကိုယ့်အားကိုယ်ကိုးတတ်ဘို့ ၊ ပညာကို တန်ဘိုးထားဘို့ ၊ တစိုက်မတ်မတ် ကြိုးစားဘို့ ။ အမေက ကိုယ့်အတွက် တကယ့်ဆရာရင်းပါပဲ။ ဆယ်ကျော်သက်မှာ ဖြစ်တတ်တဲ့ လှုပ်လှုပ်ခတ်ခတ် စိတ်ကို အမေက ကိုယ်ဝါသနာပါတဲ့ ခရီးထွက်တာ၊ သီချင်း၊ စာအုပ်တွေနဲ့  ထိန်းပေးခဲ့တယ်။ အဖေရော အမေပါ ၀န်ထမ်းတွေဖြစ်တော့ အမြဲတော့ ကိုယ့်တို့ ကို မကြည့်နိုင်ဘူး။ ယုံတယ် ဆိုတဲ့စကားလေးကတော့ အမြဲပါတယ်။ အမေဆို ပင်ပန်းရှာတယ်။ အမေက သူနာပြု တစ်ယောက်ပါ။ ကိုယ်တို့ ဒေသက ရခိုင်ရိုးမတောင်ခြေမှာ ဆိုတော့ ငှက်ဖျားပေါသလောက် ကြောက်စရာကောင်းတယ်။ အရင်ကဆို ဆေးမှူးအမြဲ မထိုင်နိုင်ဘူး။ ကိုယ်မှတ်မိသလောက်ကတော့ အမေက လုံချည်တိုတို ၀တ်ပြီး အမျိုးသားဆောင်၊ ပြင်ပလူနာဌာန နဲ့  အမျိုးသမီးဆောင် တွေကို ခေါက်တုံ့ ခေါက်ပြန် round ပြီး အလုပ်ရှုပ်နေခဲ့တာပါပဲ။ အရေးပေါ် အခြေအနေကြောင့် ပြည်ဆေးရုံ ကို လူနာသွားပို့ တဲ့သူတွေနဲ့  ဆေးရုံမှာ medical cover တွေ မရှိတဲ့ အခါများပေါ့။ အမေက အလုပ်အရမ်းလုပ်တယ်။ အလုပ်နဲ့  လက်ပြတ်တယ်ကို မရှိဘူး။ စေတနာလဲကောင်းတယ်။ အပြောအဆိုကလဲ နူးညံ့တယ်။နှစ်30 လောက်ရှိတဲ့ ဆေးပညာအတွေ့ အကြုံရှိတယ်။ အမေ့ဘေးမှာ နေရရင် အရမ်းပျော်စရာကောင်းတယ်။ အိမ်ပြန်ရောက်သွားရင် အမေက လက်သည်းညှပ်ပေးတုန်း။ ထမင်းခွံ့ တုန်း။ နေမကောင်းရင် အမေ့ကိုပဲ phone ဆက်ပြီးမေးတယ်။ အမေ on ပေးတဲ့ဆေးပဲ သက်သာတယ်လို့ ထင်မိတာကိုး။ အမေဆေးထိုးပေးရင် လုံးဝမနာဘူးလေ။
ဒါပေမဲ့ ကိုယ်က မိသားစုနဲ့ ဝေးနေရတာ 10 နှစ်လောက်ရှိပြီ။ မြန်မာပြည်မှာ ရှိတုန်းကလဲ အလုပ်ထဲ
နစ်နေတာနဲ့ အိမ်ကို တစ်နှစ်မှ တစ်ခေါက် နှစ်ခေါက်သာရောက်တယ်။ အခုတော့ ပိုပြီးဝေးရပြီပေါ့။ ဒါပေမဲ့  စိတ်ထဲမှာတော့ အမြဲနီးပါတယ်။
နစ်နေတာနဲ့ အိမ်ကို တစ်နှစ်မှ တစ်ခေါက် နှစ်ခေါက်သာရောက်တယ်။ အခုတော့ ပိုပြီးဝေးရပြီပေါ့။ ဒါပေမဲ့  စိတ်ထဲမှာတော့ အမြဲနီးပါတယ်။
အိမ်ကိုလွမ်းတဲ့  အလွမ်းနာက ကိုယ့်အတွက် ခွန်အားပါ။
အမေ့အိမ်ကိုလွမ်းတယ်
ဒီအချိန်ဆို အိမ်ရှေ့ က ယုဇန ပင်မှာ တစ်ပင်လုံးဖွေးဖွေးလှုပ်လို့  တလမ်းလုံး မွှေးပျံ့ နေလိမ့်မယ်။
ငါ့မွေးနေ့  တစ်နှစ်ပြည့်က စိုက်ခဲ့တဲ့ အုန်းပင်က အုန်းလက်တွေ လေတိုးသံဟာလည်း သန်းခေါင်ယံမှာ တိုးပျ ငြိမ့်သက် ရှိလိမ့်မယ်။
ရှဥ့်မတက်ပန်း နဲ့  ဝါးရောင်းပန်းတို့ ကလဲ ဝါတွင်းမိုးကြောင့် အိမ်ရှေ့ ခြံစည်းရိုးမှာ တအုံတခဲ နွယ်တန်းနေလိမ့်မယ်။
အမေ့လက်ရာ ပန်းရောင်နှင်းဆီပန်း အဝါရောင် နဲ့  အညိုရောင် ယှက်တဲ့ ပင့်ကူသစ်ခွ အဝါရောင် ရွှေကူ သစ်ခွ အဖြူ အညိုကြား မျက်လုံးပြူးပြူးလေးနဲ့  သစ်ခွ ပန်းရောင် အနီရောင် အဖြူရောင် ယှက်တဲ့ ပိန်းပန်း။
နောက်ပြီး ဆိတ်ဖလူး ပန်း။
ကျွန်မ အကြိုက်ဆုံးက ဆိတ်ဖလူးပန်းပါပဲ။တစ်ပင်လုံး ရှိသမျှ အားပါးတရ ပွင့်ပြီး ကြွေ။
နောက်ပြီး အမေ့အိမ်မှာ ဘာစားစား အလွန် အစပ်တည့်လှပါတယ်။
ငါ့မွေးနေ့  တစ်နှစ်ပြည့်က စိုက်ခဲ့တဲ့ အုန်းပင်က အုန်းလက်တွေ လေတိုးသံဟာလည်း သန်းခေါင်ယံမှာ တိုးပျ ငြိမ့်သက် ရှိလိမ့်မယ်။
ရှဥ့်မတက်ပန်း နဲ့  ဝါးရောင်းပန်းတို့ ကလဲ ဝါတွင်းမိုးကြောင့် အိမ်ရှေ့ ခြံစည်းရိုးမှာ တအုံတခဲ နွယ်တန်းနေလိမ့်မယ်။
အမေ့လက်ရာ ပန်းရောင်နှင်းဆီပန်း အဝါရောင် နဲ့  အညိုရောင် ယှက်တဲ့ ပင့်ကူသစ်ခွ အဝါရောင် ရွှေကူ သစ်ခွ အဖြူ အညိုကြား မျက်လုံးပြူးပြူးလေးနဲ့  သစ်ခွ ပန်းရောင် အနီရောင် အဖြူရောင် ယှက်တဲ့ ပိန်းပန်း။
နောက်ပြီး ဆိတ်ဖလူး ပန်း။
ကျွန်မ အကြိုက်ဆုံးက ဆိတ်ဖလူးပန်းပါပဲ။တစ်ပင်လုံး ရှိသမျှ အားပါးတရ ပွင့်ပြီး ကြွေ။
နောက်ပြီး အမေ့အိမ်မှာ ဘာစားစား အလွန် အစပ်တည့်လှပါတယ်။
လသာတဲ့နေ့ 
ည ၁၁ နာရီကျော်ပါပြီ။
ပြတင်းတံခါးမှန်အတိုင်း ကြမ်းပြင်ပေါ်ဖိတ်လျှံကျနေတဲ့ လရောင်က တခန်းလုံး လင်းချင်းလို့ ။
အေးစက်တဲ့အခန်းရဲ့ အငွေ့ အသက်က မနှစ်မြို့ စရာ။
အနွေးထည် တစ်ထည်ထပ်ဝတ်ရင်း အခန်းပြင်ထွက်လာခဲ့မိတယ်။
စိတ်မှတ်မဲ့စွာ အ၀င် သစ်သားတံခါး တစ်ထပ်၊ သံတခါး တစ်ထပ်ပါ တိတ်တဆိတ် ဖွင့်မိရင်း တိုက်အောက်ထပ်အထိ ဆင်းခဲ့မိပါတယ်။
လရောင်ကျနေတဲ့ ကွန်ကရစ်လမ်းမက နေ့ လည်ခင်းထက် ပိုပြီး လမ်းလျှောက်ရကောင်းပါတယ်။
ရေတံခွန်သေးသေးလေး စီမှ ရေကျသံ ငြင်ငြင်သာသာကလဲ ပိုပြီးသာယာနေပါတယ်။
ရေကန်ထဲက မီးအလင်းရောင်ကြောင့် တဖြည်းဖြည်းကူးခတ်နေတဲ့ ငါးကလေးတွေကိုကြည့်ရတာလဲ အသံတိတ်ရုပ်ရှင် တစ်ခုလို။
ဆက်ပြီး ရေကူးကန် စီ အထိ လျှောက်လာခဲ့ပြီး ခုံတန်းလျား အဖြူလေးပေါ် လှဲချလိုက်ပါတယ်။
ရေကူးကန်ကို စီးမိုးထားတဲ့ အထပ်မြင့်တိုက်တွေကြားက လ,ကို မြင်နေရပါတယ်။
အရာရာတိတ်ဆိတ်ငြိမ်သက်လို့ ။
ပြင်ပက ဆူညံမှုတွေ ငြိမ်ဆိတ်သွားတဲ့ အခိုက် ကိုယ်တွင်းက ဆူညံနေတဲ့ စိတ်အလျှင်ကို သတိထားလိုက်မိပါတယ်။
လွမ်းတယ်။ အဖေ နဲ့  အမေ့ကို လွမ်းတယ်။
ချစ်သော အမိမြေ ကို လွမ်းတယ်။
ညီမငယ် နဲ့ မောင်ငယ် ကိုလွမ်းတယ်။
သူငယ်ချင်းများကို လွမ်းတယ်။
အပူအပင်မရှိ ပျော်ရွှင်ခဲ့တဲ့ နေ့ ရက်တွေကို လွမ်းတယ်။
ငယ်ရည်းစား တစ်ယောက်စ နှစ်ယောက်စ ကိုလွမ်းတယ်။
ရခိုင်ရိုးမ နဲ့  ဧရာဝတီ ကိုလွမ်းတယ်။
ပုဂံမြို့ တော်ကိုလွမ်းတယ်။
အဲဒီနေ့ က စပြီး လသာတဲ့နေ့ တွေမှာ လမ်းထွက်မလျှောက်မိအောင် ကြိုးစားခဲ့ရပါတယ်။
မဟုတ်ရင် လရောင်အောက်မှာ မျက်ရည်လည်ရွဲနဲ့ မိန်းမ တစ်ယောက်ကို တခြားသူတွေ မြင်ရင် တမျိုးတမည် အထင်ခံနေရမှာ စိုးမိလို့ ပါ။
ပြတင်းတံခါးမှန်အတိုင်း ကြမ်းပြင်ပေါ်ဖိတ်လျှံကျနေတဲ့ လရောင်က တခန်းလုံး လင်းချင်းလို့ ။
အေးစက်တဲ့အခန်းရဲ့ အငွေ့ အသက်က မနှစ်မြို့ စရာ။
အနွေးထည် တစ်ထည်ထပ်ဝတ်ရင်း အခန်းပြင်ထွက်လာခဲ့မိတယ်။
စိတ်မှတ်မဲ့စွာ အ၀င် သစ်သားတံခါး တစ်ထပ်၊ သံတခါး တစ်ထပ်ပါ တိတ်တဆိတ် ဖွင့်မိရင်း တိုက်အောက်ထပ်အထိ ဆင်းခဲ့မိပါတယ်။
လရောင်ကျနေတဲ့ ကွန်ကရစ်လမ်းမက နေ့ လည်ခင်းထက် ပိုပြီး လမ်းလျှောက်ရကောင်းပါတယ်။
ရေတံခွန်သေးသေးလေး စီမှ ရေကျသံ ငြင်ငြင်သာသာကလဲ ပိုပြီးသာယာနေပါတယ်။
ရေကန်ထဲက မီးအလင်းရောင်ကြောင့် တဖြည်းဖြည်းကူးခတ်နေတဲ့ ငါးကလေးတွေကိုကြည့်ရတာလဲ အသံတိတ်ရုပ်ရှင် တစ်ခုလို။
ဆက်ပြီး ရေကူးကန် စီ အထိ လျှောက်လာခဲ့ပြီး ခုံတန်းလျား အဖြူလေးပေါ် လှဲချလိုက်ပါတယ်။
ရေကူးကန်ကို စီးမိုးထားတဲ့ အထပ်မြင့်တိုက်တွေကြားက လ,ကို မြင်နေရပါတယ်။
အရာရာတိတ်ဆိတ်ငြိမ်သက်လို့ ။
ပြင်ပက ဆူညံမှုတွေ ငြိမ်ဆိတ်သွားတဲ့ အခိုက် ကိုယ်တွင်းက ဆူညံနေတဲ့ စိတ်အလျှင်ကို သတိထားလိုက်မိပါတယ်။
လွမ်းတယ်။ အဖေ နဲ့  အမေ့ကို လွမ်းတယ်။
ချစ်သော အမိမြေ ကို လွမ်းတယ်။
ညီမငယ် နဲ့ မောင်ငယ် ကိုလွမ်းတယ်။
သူငယ်ချင်းများကို လွမ်းတယ်။
အပူအပင်မရှိ ပျော်ရွှင်ခဲ့တဲ့ နေ့ ရက်တွေကို လွမ်းတယ်။
ငယ်ရည်းစား တစ်ယောက်စ နှစ်ယောက်စ ကိုလွမ်းတယ်။
ရခိုင်ရိုးမ နဲ့  ဧရာဝတီ ကိုလွမ်းတယ်။
ပုဂံမြို့ တော်ကိုလွမ်းတယ်။
အဲဒီနေ့ က စပြီး လသာတဲ့နေ့ တွေမှာ လမ်းထွက်မလျှောက်မိအောင် ကြိုးစားခဲ့ရပါတယ်။
မဟုတ်ရင် လရောင်အောက်မှာ မျက်ရည်လည်ရွဲနဲ့ မိန်းမ တစ်ယောက်ကို တခြားသူတွေ မြင်ရင် တမျိုးတမည် အထင်ခံနေရမှာ စိုးမိလို့ ပါ။
Saturday, August 22, 2009
ဘယ်တော့လဲ
ဒီဝါဆို
မိုးပြိုတဲ့တောင်ညို။
ယူကလစ်ပင်ခြေရင်းက
ခုနှစ်လွှာသက်တန့် 
ရွှေခြည်ဖျန်းယှက်။
ဆိတ်ဖလူးပွင့်တို့ ကြွေမည်
ညလေညှင်းအေးလှသည်။
တစ်လှည့်တစ ပြောလှည့်
မိသားစုဝိုင်းဖွဲ့ ။
လွမ်းလှသည်
ဆီထမင်း ဝါဝင်း
လမင်းနှင့် အပြိုင်။
မျက်ရည်စိုပိုလို့ ကဲ
အခုတော့
တကိုယ်တည်း။
အိမ်လွမ်းတဲ့  အနာ
ဖြေစရာ မရှိ။
မျှော်လင့်ချက် ထားရာ
ကြာလေ ဝေး၏ .........................
မိုးပြိုတဲ့တောင်ညို။
ယူကလစ်ပင်ခြေရင်းက
ခုနှစ်လွှာသက်တန့် 
ရွှေခြည်ဖျန်းယှက်။
ဆိတ်ဖလူးပွင့်တို့ ကြွေမည်
ညလေညှင်းအေးလှသည်။
တစ်လှည့်တစ ပြောလှည့်
မိသားစုဝိုင်းဖွဲ့ ။
လွမ်းလှသည်
ဆီထမင်း ဝါဝင်း
လမင်းနှင့် အပြိုင်။
မျက်ရည်စိုပိုလို့ ကဲ
အခုတော့
တကိုယ်တည်း။
အိမ်လွမ်းတဲ့  အနာ
ဖြေစရာ မရှိ။
မျှော်လင့်ချက် ထားရာ
ကြာလေ ဝေး၏ .........................
Space
Sunday, July 19, 2009
စော်ဘွား ပြဇာတ်
- ဆောင်းညနေ ရဲ့ အလင်းဖျော့ဖျော့က ရွှေရောင် နဲ. ခရမ်းရောင်နုနု အနားကွပ်လို. လိပ်ပြာလမ်း(ရေစက်လမ်း) တစ်လျှောက် နှင်းဆီခင်း ပေါ်မှာ ခိုနားတဲ့ အချိန်။
လိပ်ပြာလမ်း တလျှောက် တဖြည်းဖြည်း လျှောက်ရင် drawing ဆောင် ရဲ့ နောက်ကျောကို နှင်းဆီခင်းရဲ့ ခြံစည်းရိုး တဘက်မှာ မြင်နိုင်ပါတယ်။ မကြာခင်မှာ မှောင်လာတော့မယ်။ ပုစင်းရင်ကွဲ ရဲ့ တနေ.တာ ရင်ကွဲမတတ် တစီစီ အော်သံလဲ တိတ်စ ပြုပြီ။ ခဏနေရင် ပိုးစုန်းကြူးလေးတွေက လိပ်ပြာလမ်းရဲ့ တဘက်တချက် ဘိစပ်ပင်ပေါ် ဇီးခြုံသေးသေးလေးတွေပေါ် တလျှောက် တလက်လက်နဲ့  ။ တကောင်စ နှစ်ကောင် စ မဟုတ်ပဲ အုံလိုက်ကျင်းလိုက် မှိတ်တုတ် မှိတ်တုတ် အလင်းရောင်လေးတွေဟာ ကောင်းကင်က ကြယ်လေးတွေလို။
အဲဒီ လိပ်ပြာလမ်းထဲမှာ အမျိုးသမီး ဆောင် တစ်ခု ရှိနေခဲ့ပါတယ်။ နာမည်ကတော့ GRACE ပါတဲ့။ မှုန်ကုပ်ကုပ် အဆောင်တန်းလျားလေးမှာ အခန်း ၅ ခန်းရှိပါတယ်။ အဲဒီက နံပါတ် ၂ အခန်းမှာ ကျွန်မတို. အတွက် အမြဲအမှတ်တရ ရှိစေ ပျော်ရွှင်စေခဲ့တဲ့ ပြဇာတ် တစ်ပုဒ် က,ခဲ့ကြပါတယ်။ အားလုံးက စော်ဘွားပြဇာတ် ဆိုပြီး တညီတညာတည်းအမည်ပေးခဲ့ပါတယ်။
စော်ဘွားပြဇာတ် ဒါရိုက်တာ - အဆောင်ရှိလူကုန် ပါဝင်သရုပ်ဆောင်သူများ-လာလာ၊ဝါဝါ၊စု၊ယောင်းယောင်း၊ လတ်လတ် နှင့် ဝင်းမင်း။
ပရိတ်သတ်-မအိ၊သီတာ
ဇာတ်လမ်းကျောရိုး-ကြီးကျယ်ခမ်းနားသော စော်ဘွားများ နှင့် ၄င်း၏ မိသားစုများ မိမိ၏ စိတ်ခံစားမှုကို မျက်နှာပေး မျက်လုံး နှင့် မျက်နှာ အမူအရာ နှင့်သာ ပြသ ဆက်သွယ်ရပုံ။
မိတ်ကပ် နှင့် ပြဇာတ်အဆင်အပြင်-ဖြစ်သလိုလေး။ (မှတ်ချက်-သားမွှေးယပ်တောင် အမှတ်ဖြင့် အမှိုက်သိမ်းသော ဂေါ်ပြား။ ဆံပင်ရှည် ဆံထုံးအမှတ်ဖြင့် အညာစောင် ခေါင်းပေါင်းခြင်း။ တည်ခင်းဧည့်ခံသော စားကောင်းသောက်ဖွယ်များ အဖြစ် - ရေ။)
ကျွန်မတို. အဲဒီလို ရူးခဲ့ ပျော်ခဲ့ ရပါတယ်။ တစ်ယောက်ကို တစ်ယောက် စကားတခွန်း မဟပဲ ဒေါသထွက်ပုံ၊ စိတ်ကြည်နူး ကျေနပ်ပုံ၊ ရှက်သွေးဖျန်းပုံ၊ တွန်.တိုနှမြောပုံ စသဖြင့် စိတ်ကူးတည့်ရာ အချိတ်အဆက်လဲညီစွာ သရုပ်ဆောင်ကြပါတယ်။ အခုဆိုရင် ၁၀နှစ်ကျော်ခဲ့ပါပြီ။ ပြန်တွေးမိတိုင်းလွမ်း။ ပြန်တွေးမိတိုင်းပြုံးမိတဲ့ အချိန်ကလေးတစ်ခုပါ။ သူငယ်ချင်းများကိုလဲ ပိုသတိရမိ၊ ပိုချစ်မိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလို ပျော်စရာ အချိန်ကလေးကို share ခဲ့ကြတဲ့ အတွက်ပါ။
Monday, July 13, 2009
ဧရာဝတီ
ကြမ်းတစ်ခါ နွဲ.တလှည်.
ခွန်အားအပြည့်နဲ.စီးဆင်းတဲ.ဧရာဝတီ
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစီ
မပီဝိုးဝါးတဲ့ အိပ်မက်ပန်းချီမှာ
နင်အမြဲပါနေကျပါ ဧရာဝတီ။
မြေလတ်မြို.လေးစီ
စိတ်ကူးနဲ.ငါပျံသန်းတိုင်း
တောခိုးတောင်ငွေ.နဲ.သီတဲ.
ကြယ်ပန်းခင်းအောက်
တဖြတ်လက်လက်
ဂယက်တန်ဆာနဲ. အိနြေ္ဒကြီးတဲ့နင်။
ပြောပြလျှက် ပန်ထွာ နဲ.ဒွဒ္ဒဘောင် ရဲ့ အလွမ်းအကြောင်း။
ပြောပြလျှက် တောင်ဆွယ်ရိုးက မြစိမ်းရဲ. အချစ်အကြောင်း။
ပြောပြလျှက် ဘယ်တော့မှ နေမ၀င်တဲ့ မဟာပုံပြင်တွေ အကြောင်း။
ကြွားဝင့် မာန်ချီတဲ့ ကေသရာဇာ များရှေ.
လှေကားထစ်တွေ ဖြတ်ရင်း ရွှေဆံတော်ကို ဦးခိုက်
ညနေခင်းနေရောင်အောက်က
အကွေ.၀ိုက်တွေနဲ. ရှုမောမဆုံးတဲ့
ဧရာဝတီကို မြင်ဘို.
လာပါကွယ် စနေထောင့်ကို သွားကြစို.။
ညဈေးက ဆန်ပြားခေါက်ဆွဲ
ပြီးရင် ဧရာဝတီကမ်းနားတစ်လျှောက်
စက်ဘီး စီးကြမယ်။
ခွန်အားအပြည့်နဲ.စီးဆင်းတဲ.ဧရာဝတီ
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစီ
မပီဝိုးဝါးတဲ့ အိပ်မက်ပန်းချီမှာ
နင်အမြဲပါနေကျပါ ဧရာဝတီ။
မြေလတ်မြို.လေးစီ
စိတ်ကူးနဲ.ငါပျံသန်းတိုင်း
တောခိုးတောင်ငွေ.နဲ.သီတဲ.
ကြယ်ပန်းခင်းအောက်
တဖြတ်လက်လက်
ဂယက်တန်ဆာနဲ. အိနြေ္ဒကြီးတဲ့နင်။
ပြောပြလျှက် ပန်ထွာ နဲ.ဒွဒ္ဒဘောင် ရဲ့ အလွမ်းအကြောင်း။
ပြောပြလျှက် တောင်ဆွယ်ရိုးက မြစိမ်းရဲ. အချစ်အကြောင်း။
ပြောပြလျှက် ဘယ်တော့မှ နေမ၀င်တဲ့ မဟာပုံပြင်တွေ အကြောင်း။
ကြွားဝင့် မာန်ချီတဲ့ ကေသရာဇာ များရှေ.
လှေကားထစ်တွေ ဖြတ်ရင်း ရွှေဆံတော်ကို ဦးခိုက်
ညနေခင်းနေရောင်အောက်က
အကွေ.၀ိုက်တွေနဲ. ရှုမောမဆုံးတဲ့
ဧရာဝတီကို မြင်ဘို.
လာပါကွယ် စနေထောင့်ကို သွားကြစို.။
ညဈေးက ဆန်ပြားခေါက်ဆွဲ
ပြီးရင် ဧရာဝတီကမ်းနားတစ်လျှောက်
စက်ဘီး စီးကြမယ်။
Friday, April 10, 2009
နင်နဲ့ ငါက တကယ်တော့
အမှောင်တိုက် အကွေ့ အ၀ိုက်တွေနဲ့ 
မျဉ်းနှစ်ကြောင်း။
ဝေးကွာမလို နီးစပ်မလိုနဲ့ 
ဘယ်တော့မှ မပေါင်းစပ်နိုင်။
မာယာများလှတဲ့ နင့်အပြုံး နင့်အနမ်းမှာ
ယုံကြည်ရာတွေ တန်ဘိုးတွေ ပျောက်ရှ
ငါ့မျက်ရည်နဲ့ မာနကို ခ၀ါချရင်း
နှစ်လိုဖွယ်ရာ သိမ်မွေ့ သောနာကြည်းဖွယ်ရာများနှင့်
အပြစ်သားအဖြစ် ကျခံခဲ့ရသူ။
ငါ့နားထဲ သောသောညံတဲ့ စကားသံတွေ
တံခါးတွေကို ပိတ်လိုက်
ဒီမှာ ငါမူးနေလို့ ။
ငါ့ကို ခွန်အားပေးပါ။
နင့်ဖ၀ါးအောက်က သဲတပွင့်လို
ပျောက်ရှတိမ်းပါးလွယ်ချင်လို့ ။
ငါ့ကိုအဲဒီ ခွန်အားပေးပါ။
နင့်ကို ချစ်ခင်တွယ်တာသမျှ အားလုံး
ပြောင်းပြန်ပျက်သုံးစေမဲ့
ခွန်အားတစ်ခုပေးပါ။
ငါ့ရဲ့ နာကြင်ကျေမွမှုအားလုံး
နင့်ကိုမုန်းတီးနိုင်တဲ့ 
ခွန်အားတစ်ခုပေးပါ။
အမှောင်တိုက် အကွေ့ အ၀ိုက်တွေနဲ့ 
မျဉ်းနှစ်ကြောင်း။
ဝေးကွာမလို နီးစပ်မလိုနဲ့ 
ဘယ်တော့မှ မပေါင်းစပ်နိုင်။
မာယာများလှတဲ့ နင့်အပြုံး နင့်အနမ်းမှာ
ယုံကြည်ရာတွေ တန်ဘိုးတွေ ပျောက်ရှ
ငါ့မျက်ရည်နဲ့ မာနကို ခ၀ါချရင်း
နှစ်လိုဖွယ်ရာ သိမ်မွေ့ သောနာကြည်းဖွယ်ရာများနှင့်
အပြစ်သားအဖြစ် ကျခံခဲ့ရသူ။
ငါ့နားထဲ သောသောညံတဲ့ စကားသံတွေ
တံခါးတွေကို ပိတ်လိုက်
ဒီမှာ ငါမူးနေလို့ ။
ငါ့ကို ခွန်အားပေးပါ။
နင့်ဖ၀ါးအောက်က သဲတပွင့်လို
ပျောက်ရှတိမ်းပါးလွယ်ချင်လို့ ။
ငါ့ကိုအဲဒီ ခွန်အားပေးပါ။
နင့်ကို ချစ်ခင်တွယ်တာသမျှ အားလုံး
ပြောင်းပြန်ပျက်သုံးစေမဲ့
ခွန်အားတစ်ခုပေးပါ။
ငါ့ရဲ့ နာကြင်ကျေမွမှုအားလုံး
နင့်ကိုမုန်းတီးနိုင်တဲ့ 
ခွန်အားတစ်ခုပေးပါ။
Sunday, January 18, 2009
အရင်က
ဝေးခဲ့တာ ၁၇၉ မိုင်။
ကျောင်းတံခါးကြီးပိတ်တော့
ငါ့ကိုကျောခိုင်းစေတဲ့
နွေရာသီတိုင်းကို မုန်းတယ်။
နောက်တော့ ဝေးခဲ့ကြ မိုင်ပေါင်းထောင်ချီ
အလွမ်းရာသီကို
ငါဘယ်လိုဖြတ်သန်းရပါ့။
နင်နဲ့ ငါ့ကို ရေမြေခြားစေတဲ့
ဘ၀ပေး ၀န်တာတွေကို မုန်းတယ်။
အခုတော့
တူနှစ်ကိုယ် တမြေတည်း
ဒီတခါဝေးစေတာ
ရထားတစင်းလဲ မဟုတ်
ကံကြမာလည်းမဟုတ်
အရောင်ပြောင်းတတ်တဲ့
လူတွေကိုမုန်းတယ်။
ဝေးခဲ့တာ ၁၇၉ မိုင်။
ကျောင်းတံခါးကြီးပိတ်တော့
ငါ့ကိုကျောခိုင်းစေတဲ့
နွေရာသီတိုင်းကို မုန်းတယ်။
နောက်တော့ ဝေးခဲ့ကြ မိုင်ပေါင်းထောင်ချီ
အလွမ်းရာသီကို
ငါဘယ်လိုဖြတ်သန်းရပါ့။
နင်နဲ့ ငါ့ကို ရေမြေခြားစေတဲ့
ဘ၀ပေး ၀န်တာတွေကို မုန်းတယ်။
အခုတော့
တူနှစ်ကိုယ် တမြေတည်း
ဒီတခါဝေးစေတာ
ရထားတစင်းလဲ မဟုတ်
ကံကြမာလည်းမဟုတ်
အရောင်ပြောင်းတတ်တဲ့
လူတွေကိုမုန်းတယ်။
Subscribe to:
Comments (Atom)

















